Skip to main content

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခြေလှမ်းများ သမ္မတအိပ်မက်ဆီဦးတည်နေသလား


၂ဝ၂ဝ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတဖြစ်လာနိုင်သည်။ ၂ဝ၂ဝ ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) သည် ဒေါ်အောင်ဆန်းစုကြည်၏သိက္ခာနှင့်သမာဓိကြောင့် အနိုင်ရမည်။ သို့ရာတွင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ သောင်ပြိုကမ်းပြိုအနိုင်ရမည်မဟုတ်ဘဲ အစိုးရဖွဲ့စည်းရေး အခက်အခဲတွေ့နိုင်သည်ဆိုသော ခန့်မှန်းပြောဆိုမှုများကိုခပ်စိပ်စိပ်ကြားရသည်။ တဘက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးကပါတီအနေနှင့် နိုင်ငံအခြေအနေကို အမြန်ဆုံးထိန်းမတ်ကာ တောက်ပသည့် မြန်မာနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်နိုင်ကြောင်း ကြွေးကြော်နေသည်။
ဤအခြေအနေတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအခြေခံသော လှုပ်ရှားမှုများကို ပိုမိုမြင်တွေ့လာရသည်။
(တြိဂံတိုင်းစစ်ဌာနချုပ်ခရီး)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၈ ရက်နေ့ က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်ရှိ အရာရှိစစ်သည်၊ မိသားစုများနှင့်တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် တပ်မတော်သည် နိုင်ငံကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့်အတွက် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံရမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုရှိနေရမည်ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာတို့နှင့်ပတ် သက်၍ တိုင်းပြည်ချစ်စိတ် အမျိုးကိုစောင့်ထိန်းသည့် စိတ်ဖြင့်မပျောက်ပျက်အောင် မှန်မှန်ကန်ကန်ထိန်း သိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက်၁၅ မိုင်ခန့်အကွာ ပန်ကွဲ ကျေးရွာအနီးရှိ ဗုဒ္ဓဦးယျာဉ်တော်ပရိဝုဏ်အတွင်းတည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုဖူးမြော်ကြည်ညိုသည်။
(တိုင်းရင်းသား ပထမ၊ နိုင်ငံသား ဒုတိယ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အတွက် တိုင်းရင်းသားကသာလျှင် ပထမဦးစားပေးဖြစ်ပြီး နိုင်ငံ သားက ဒုတိယဖြစ်ကြောင်း ပြောကြားသည်။
တိုင်းရင်းသားကသာလျှင် ပထမဦးစားပေးဖြစ်သည်ဟူသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်နှင့်ပတ်သက်၍ လေ့လာစောင့်ကြည့် သူအချို့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအရေး ကိစ္စအပေါ် သတင်းစကားပါးခြင်းဖြစ်ကြောင်း ရှုမြင်ကြသည်။
(အထက(၁)လသာ (စင်ထရယ်) အာစရိယပူဇော်ပွဲ)
၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ (စင်ထရယ်) အထက(၁) လသာကျောင်းသားဟောင်းများ၏ ၂၇ ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ရန်ကုန်မြို့ လသာမြို့နယ်ရှိ အဆိုပါကျောင်းဗဟိုစံပြခန်းမ၌ အောက်တိုဘာ ၂ဝ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဆရာကြီး၊ ဆရာမကြီး ၅ဝ ဦး တက်ရောက်ကန်တော့ခံကြပြီး အလယ်တန်းမှ အထက်တန်းထိ ပညာသင်ကြားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်အတူ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ ကျောင်းသားဟောင်းများတက်ရောက်၍ ဆရာ၊ ဆရာမကြီးများအား ကန်တော့ခဲ့ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က အခမ်းအနားသို့ တက်ရောက် လာကြသော ဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်း နှီးနှီး လိုက်လံဂါရဝပြုနှုတ်ဆက်ကာ ကန်တော့ပစ္စည်း များပေးအပ်၍ လက်ဆယ်ဖြာဦးထိပ်ထားရိုသေစွာ ဂါရဝပြုကန်တော့ကြောင်း ''မြဝတီ''နေ့စဉ်သတင်းစာက ဖော်ပြသည်။
(YMBA တွင် သြဝါဒမြွက်ကြား)
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) သည် တိုင်းပြည်ကိုအကျိုးပြုခဲ့သည့် နိုင်ငံရေးကို အခြေခံခဲ့သော လူမှုရေးအဖွဲ့အစည်းဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို တစိုက် မတ်မတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ကို ဆက်လက်အကျိုးပြုကြရမည်ဖြစ်ကြောင်း၊ အမျိုးဘာသာ၊ သာသနာနှင့်ပတ်သက်ပြီး နိုင်ငံရေးမတည်မငြိမ်မှုများ မဖြစ်စေရေးအတွက် အစွန်းမရောက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၂၂ တွင် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ YMBA အသင်းချုပ်၌ အသင်းဥက္ကဋ္ဌဦးရဲထွန်း အလုပ်အမှုဆောင်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
YMBA အသင်းကြီးသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့နှင့် အသင်းချုပ်၏ရာသက်ပန်ဂုဏ်ထူးဆောင် နာယကဘွဲ့ပေးအပ်ချီးမြှင့် ခဲ့သည်။
အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကိုအားပေးပြီး မိမိတိုင်းပြည်တိုးတက်ရေးအတွက် ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နေကြရသဖြင့် လူတဦးချင်း၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိမှသာလျှင် လုပ်ငန်းအောင်မြင်နိုင် မည်ဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ရွေးချယ်၍မရဘဲ မိတ်ဆွေကိုသာရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတိုင်းပြည်တိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင်သာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
(တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)အဖွဲ့အား လက်ခံတွေ့ဆုံ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဦးသိန်းလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် ဟိန္ဒူလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ်သစ္စာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသားလူမျိုး များ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လုပ်ကိုင်စားသောက်ကြသူများ၊ နိုင်ငံခြားသားများ စသည့် မြန်မာ နိုင်ငံတွင် နေထိုင်သူအားလုံးသည် သဟဇာတရှိစွာနှင့်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိအမျိုးဘာသာ၊ သာသနာကိုထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့်စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်းမ ရောက်စေရန်လိုကြောင်း၊ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကို စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တွင် သမ္မတဖြစ်ရေးနိုင်ငံရေးရည် မှန်းချက်ရှိ၊ မရှိနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမျိုးဘာသာ၊ သာသနာ၊ ပညာအခြေခံလှုပ်ရှားမှုများသည် ယင်းနိုင်ငံရေး ရည်မှန်းချက်အတွက် ဦးတည်နေခြင်းဟုတ်၊ မဟုတ် သုံးသပ်ပေးပါရန် News Watch ဂျာနယ်၏ မေးမြန်းမှုကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ''ပထမတချက်ကတော့ တပ်ရဲ့ပုံရိပ် ကောင်းအောင်လုပ်နေတယ်လို့ မြင်ပါတယ်။ ဒုတိယတချက်အနေနဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ အမြင့်ဆုံးထားရင်တော့ သူသူငါငါ သမ္မတရာထူးမှန်းတာမျိုးတော့ ပြောကြတာပေါ့။ ဒါပေမဲ့ တကယ်ဟုတ်၊ မဟုတ်ကတော့ စောင့်ကြည့်ရဦးမယ်ထင်ပါတယ်။ ဘာပဲပြောပြော ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးရည်မှန်း ချက်တခုရှိတယ်ဆိုတာ ဖော်ပြတယ်လို့ ထင်ပါတယ်''ဟု ဖြေကြားခဲ့သည်။
အယ်ဒီတာအဖွဲ့တဦး
(Zawgyi)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...