ထိုကိစ္စကို ဖေ့ဘုတ်တွင် ရေးနေကြ ပြောနေကြသည်များကို တွေ့ရပြန်သည်။ ဖဘ စကားနှင့် ပြောလျင်
"ဂျင်း" ထည့်ခြင်းမျသာ ဖြစ်သည်။ ဤသည်ကလည်း
ရည်ရွယ်ချက်ရှိရှိ ဖြင့် လုပ်သည်ဟု ထင်မြင်မိပါသည်။
"ဂျင်း" ထည့်ခြင်းမျသာ ဖြစ်သည်။ ဤသည်ကလည်း
ရည်ရွယ်ချက်ရှိရှိ ဖြင့် လုပ်သည်ဟု ထင်မြင်မိပါသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလကလည်း က္ဈန်တော်တခါ
ရေးခဲ့ဖူးပါသည်။
ရေးခဲ့ဖူးပါသည်။
နိုင်ငံခြား တပ်များ မြန်မာပြည်သို့ အချိန်မရွေး ၀င်လာ
နိုင်သည်။ သို့ဖြစ်၍ စစ်ရေး အမြင်ရှိသော ခေါင်းဆောင်
မှသာ ဖြစ်ပေမည်ဟု ထင်မြင်လာစေရန်လည်း ဖြစ်
သည်။
နိုင်သည်။ သို့ဖြစ်၍ စစ်ရေး အမြင်ရှိသော ခေါင်းဆောင်
မှသာ ဖြစ်ပေမည်ဟု ထင်မြင်လာစေရန်လည်း ဖြစ်
သည်။
မြန်မာ အတွက်လည်း အာတူးပီ ဖြင့် အရေးယူရန်
မည်သူမျ တောင်းဆိုခြင်း အလျင်းမရှိသည့်အပြင်
ထည့်သွင်း၍ ပင် ပြောဆိုခြင်း မရှိကြ။
မည်သူမျ တောင်းဆိုခြင်း အလျင်းမရှိသည့်အပြင်
ထည့်သွင်း၍ ပင် ပြောဆိုခြင်း မရှိကြ။
R2P က Responsibility to Protect ဖြစ်ပြီး ၂၀၀၅ ခုနှစ် ကုလ ရှိကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးညီလာခံ တွင် ကမ္ဘာတ၀ှမ်းတွင် လူမျိုးရေး မျိုးတုန်းမှု၊ အစုလိုက် အပြုံလိုက် သတ်မှုများကို အစိုးရဆိုသူများက ကျုးလွန်ကြောင်း အခိုင်အမာ သိရှိရပါက ၀င်ရောက်ကာကွယ်ရန် နိုင်ငံရေးအရ ကတိပြုထားခြင်းမျှသာ ဖြစ်သည်။ အထူးသဖြင့် ထိုအချိန်က ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယာ နှင့် ရ၀မ်ဒါတို့တွင် ဖြစ်ပွားခဲ့ခြင်း ကြောင့် ဖြစ်သည်။
အဆိုပါ ပဋိပက္ခများတွင် ကုလသမဂ္ဂ၏ ၀င်ရောက်ဖြေရှင်းရန် ပျက်ကွက်ခဲ့မှုများကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရသဖြင့် နောက်နောင်ကို ဘယ်လိုကာကွယ်ကြမလဲဟု ထုံးစံအတိုင်း ဆွေးနွေးကြရာမှ ပေါ်ပေါက်လာခဲ့ခြင်းသာ ဖြစ်သည်။
ဤနေရာတွင် အရေးအကြီးဆုံး သိထားသင့်သည်က R2P ဖြင့် အရေးယူရန် ကုလ လုံခြုံရေးကောင်စီ၏ အမိန့်အာဏာဖြင့် သာ ဆုံးဖြတ်ရမည်။ မြန်မာနိုင်ငံအတွက်က အဆိုပြုချက် Resolution ပင် မချမှတ်နိုင်ခဲ့သော လုံခြုံရေး ကောင်စီအဖို့ R2P လုပ်ဖို့က ဝေးလာဝေးပင်။
တရုတ်ကလည်း ၎င်းတို့၏ အိမ်နောက်ဖေးတွင် ကုလ
အမည်ခံ အနောက်နိုင်ငံမှ တပ်များ မည်သို့မျ ခြေ ရူပိ
ခံမည် မဟုတ်သည့်အပြင် ကမ္ဘာ ဘူမိနိုင်ငံရေး အခြေ
အနေ လုံးဝပင် ပြောင်းလဲသွားနိုင်သည့် အနေအထား
ပင် ဖြစ်သည်။
အမည်ခံ အနောက်နိုင်ငံမှ တပ်များ မည်သို့မျ ခြေ ရူပိ
ခံမည် မဟုတ်သည့်အပြင် ကမ္ဘာ ဘူမိနိုင်ငံရေး အခြေ
အနေ လုံးဝပင် ပြောင်းလဲသွားနိုင်သည့် အနေအထား
ပင် ဖြစ်သည်။
ယခုအချိန်အထိ R2P ခေါင်းစဉ်အောက်တွင် မည်သူ့မျှ အရေးယူနိုင်ခဲ့ခြင်းမရှိ၊ ဆီရီယားတွင် အာဆတ် အစိုးရက ဓါတုလက်နက်များ သုံးစွဲ၍ အရပ်သား အများအပြား သေကြေအောင် လုပ်ခဲ့ခြင်း၊ ယီမင် ပြည်တွင်းစစ် စသည်တို့ အများ အပြားရှိနေသည်။
၁၉၉၀ ပြည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဆိုမာလီယာ အရေးအခင်းတွင် ကုလ ငြိမ်းချမ်းမှုတပ်များ စေလွှတ်ခဲ့ခြင်း၊ ဘော်လ်ကန်စစ်ပွဲများတွင် တပ်သားအရည်အတွက် ၂၃,၀၀၀ အထိ စေလွှတ်ခဲ့ခြင်း (ယင်းသည် ကုလသမဂ္ဂ သက်တမ်းတလျောက်တွင် အကုန်အကျ အများဆုံး နှင့် အကြီးမားဆုံးသော ငြိမ်းချမ်းမှု ထိမ်းသိမ်းရေး လုပ်ငန်း ဖြစ်သည်၊ သို့သော် မအောင်မြင်ခဲ့ပေ။
ပြောစရာ ဖြစ်လာရသည်က ၁၉၉၄ ခုနှစ်အတွင်း အနောက်နိုင်ငံများက ဆာရာဂျေဗို ၀ိုင်းရံ ပိတ်ဆို့ ခံနေရခြင်း နှင့် ဘော့စနီယား ပြည်သူများ ခံစားနေရသော ဒုက္ခ အ၀၀ အပေါ် အာရုံထားနေကြစဉ်အတွင်း ရ၀မ်ဒါ တွင် ဘက်သုံးဘက် အကြား ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် လူများ မျိုးတုန်းလုနီးပါး သတ်ဖြတ်ခံခဲ့ရပြီး လူ ရှစ်သိန်း မှ တသန်း အကြား သေဆုံးသွားခဲ့ရသည်။ အဆိုပါ သေဆုံးသွားခဲ့ရသည့် အရည်အတွက်က ဘော့စနီယား တွင် သတ်ဖြတ်ခံခဲ့ရသည်ထက် ဆယ်ဆ ခန့် များပြားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ထိုစဉ်က တာဝန် ကျနေသော ကုလသမဂ္ဂ တပ်မှုး ဗိုလ်ချုပ်ကြီး ရိုမီယို ဒဲလာရီးမှ စစ်ပွဲံကို ရပ်တန့်ရေး အကူအညီပေးကြပါရန် နိုင်ငံတကာကို ပန်ကြားခဲ့သော်လည်ူး မည်သို့မျှ မယ်မယ်ရရ ဆောင်ရွက်ခဲ့ကြခြင်း မရှိပေ။
အဆိုပါ လူမျိုးတုန်း သတ်ဖြတ်မှုများ မဖြစ်ပွားမီ United Nations Assistance Mission for Rwanda (UNAMIR) ခေါ် ကုလ ငြိမ်းချမ်းမှု ထိမ်းသိမ်းရေး တပ်များက ရ၀မ်ဒါ တွင် ဖြန့်ကျက်ချထားပြီး ဖြစ်သည်။ သို့သော် ၎င်းတို့မျက်စိအောက်မှာပင်ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။
ကွန်ဂို နှင့် ဆူဒန်တို့တွင်လည်း အလားတူ ပင် ဖြစ်သည်။
ထို လုပ်ငန်းစဉ်များအတွက် အဖွဲ့ဝင်နိုင်ငံများက တပ်များကို ထိထိရောက်ရောက် မထောက်ပံ့နိုင်ခြင်း၊ ကုလ မစ်ရှင် ကိုယ်၌ က ငြိမ်းချမ်းမှု ထိမ်းသိမ်းရန် ဖြစ်သဖြင့် ကိုယ့်ကိုကိုယ်သာ ကာကွယ်ရန် နှင့် စစ်မက်
မဖြစ်ပွားရန် ကြားထဲက ရပ်တည်ပေးရသည့် သဘောသဘာဝတို့ကြောင့် ဖြစ်သည်။
မဖြစ်ပွားရန် ကြားထဲက ရပ်တည်ပေးရသည့် သဘောသဘာဝတို့ကြောင့် ဖြစ်သည်။
ထို့အတွက် R2P ကို စဉ်းစားလာခဲ့ကြခြင်းသာ ဖြစ်ပြီး ယခုအချိန်အထိ စာရွက်ပေါ်မှာသာ ရှိနေပေသေးသည်။
သို့သော် R2P ဖြင့် အရေးယူရန် ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များတွင် ထည့်သွင်းဖေါ်ပြခြိမ်းခြောက်ခံရသော နိုင်ငံများတော့ရှိသည်။
ယင်းသည်ကား ဆူဒန်၊ (၂၀၀၆)၊ လစ်ဗျား (၂၀၁၂)၊ အိုင်ဗရီကိုစ့် (၂၀၁၁)၊ ယီမင် (၂၀၁၄)၊ မာလီ (၂၀၁၂/၂၀၁၃)၊ ဆူဒန် နှင့် တောင်ဆူဒန် (၂၀၁၂/၂၀၁၃) တို့ ဖြစ်သည်။
ယင်းသည်ကား ဆူဒန်၊ (၂၀၀၆)၊ လစ်ဗျား (၂၀၁၂)၊ အိုင်ဗရီကိုစ့် (၂၀၁၁)၊ ယီမင် (၂၀၁၄)၊ မာလီ (၂၀၁၂/၂၀၁၃)၊ ဆူဒန် နှင့် တောင်ဆူဒန် (၂၀၁၂/၂၀၁၃) တို့ ဖြစ်သည်။
ဆီရီယား အရေးတွင် အမေရိကန် ပြည်ထောင်စုမှ R2P ကို သုံးပြီး ၀င်ရောက်စွက်ဖက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တရုတ် နှင့် ရုရှားတို့က ပယ်ချခဲ့၍ မအောင်မြင်ခဲ့ပေ။ ယီမင်အရေးတွင်လည်း ကုလ အနေဖြင့် မည်သို့မျှ ပါဝင်ခွင့် မရရှာသဖြင့် R2P သည်လည်း အလိုလို မြောင်းထဲရောက်သွားရရှာသော မအောင်မြင်သည့် များစွာသော ကုလ ၏ ဆောင်ရွက်မှုများထဲတွင် တခုအပါအ၀င် ဖြစ်သွားရပေသည်။
နိုင်ငံတခုကို စစ်ရေးအရ ၀င်ရောက်စွက်ဖက်ရန် အလွန်လွယ်ကူပြီး တပါတ်အတွင်း ကိစ္စပြတ်နိုင်သော်လည်း နောက်ပိုင်း ပြဿနာများက ဆယ်စုနှစ်မက ကြာအောင် ဖြေရှင်းရမည်၊ ဖြေရှင်းရန်လည်း အရင်းအမြစ်များ ရှိဖို့လည်း လိုသည်ကို ကမ္ဘာနိုင်ငံကြီးများက အီရတ် နှင့် အာဖဂန် နစ္စတန် တို့ကို ကြည့်၍ ကောင်းစွာ သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။
တကယ်တော့ အဆိုပါ သတင်း ဖြစ်ပေါ်လာခဲ့ရခြင်းမှာ R2P သုံးစွဲသင့်မသင့် သုတေသနပြု ထောက်ခံ တင်ပြနေသော နယူးယောက်တွင် အခြေစိုက်သည့် အင်ဂျီအို အဖွဲ့ဖြစ်သော The Global Center for the Responsibility to Protect (GCR2P) အဖွဲ့မှ ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်နေ့စွဲဖြင့် မြန်မာအစိုးရအား လူသားချင်းစာနာသော အကူအညီများ ၀င်ရောက်ခွင့်ရရှိရေးနှင့် ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့ကို ၀င်ခွင့်ပြုရန် ပန်ကြားသော စာတစောင် ထုတ်ပြန်ခဲ့ရာမှ စတင်လာခြင်း ဖြစ်ပုံရသည်။ အနီရောင်ကိုလည်း ၎င်းတို့ကပင် သတ်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။ ပုံတွင် တွေ့နိုင်ပါသည်။
နိဂုံးချုပ် ဆိုရက R2P သည် မည်သို့မျ ဖြစ်လာနိုင်စရာ
အကြောင်းမရှိ ဟူ၍သာ။
အကြောင်းမရှိ ဟူ၍သာ။
Comments
Post a Comment