Pinnyarwansaစောင့်ကြည့်ရန်
ရှင်းရှင်းလေးပါဗျာ…
ကျုပ်ဘာကျုပ် ဒေါ်စုကို ကြည်ညိုလေးစားလို့ ကျုပ်ဘာကျုပ် ဂုဏ်ပြုတာ …ခင်ဗျားတို့ကို ဘာနစ်နာအောင် ကျုပ်ဘာများ လုပ်မိလို့လဲဗျာ …အဲဒီ့တော့ ကျုပ်နဲ့ ခင်ဗျားတို့ကြား ပြောစရာလေး နဲနဲရှိလာပြီ …။
ဒေါ်စုလဲ လူပဲဗျာ အားနည်းချက်တော့ရှိမှာပဲ… ။
ဒါပေမယ့် မကောင်းတာ ကောင်းတာ ခွဲတမ်းချလိုက်ရင် ကောင်းတာ တော်တော်များပါတယ်ဗျာ…။
ဒေါ်စုလဲ လူပဲဗျာ အားနည်းချက်တော့ရှိမှာပဲ… ။
ဒါပေမယ့် မကောင်းတာ ကောင်းတာ ခွဲတမ်းချလိုက်ရင် ကောင်းတာ တော်တော်များပါတယ်ဗျာ…။
ကဲဗျာ မကောင်းတာ ခုလူသိရှင်ကြား ခင်ဗျားတို့ ပြောသလိုပဲ.. ကုလား အားပေး မိန်းမကြီး …ကုလား လင်တော်တဲ့ မိန်းမကြီး အမျိုးဖျက်နေတဲ့ မိန်းမကြီး …ဘာသာသနာဖျက်နေတဲ့ မိန်းမကြီး …OK OK…။
ကုလားအားပေးရအောင် …
သူက ကုလားဆိုင်မှာ ဈေးဝယ်ပါ …
ကုလားတွေက အရမ်းချစ်ဖို့ကောင်းတယ်…
ကုလားတွေက ယဉ်ကျေးတယ်…
ကုလားတွေကို ယူကြဟေ့..
ကုလားအသင်းဆို လက်ခုတ်တီးပါ…
အဲ့လိုစာတွေ အဲ့လို အဟောအပြောတွေ အဲ့လို ဝါဒတွေ ဆွယ်နေလို့လား ?? …။
သူက ကုလားဆိုင်မှာ ဈေးဝယ်ပါ …
ကုလားတွေက အရမ်းချစ်ဖို့ကောင်းတယ်…
ကုလားတွေက ယဉ်ကျေးတယ်…
ကုလားတွေကို ယူကြဟေ့..
ကုလားအသင်းဆို လက်ခုတ်တီးပါ…
အဲ့လိုစာတွေ အဲ့လို အဟောအပြောတွေ အဲ့လို ဝါဒတွေ ဆွယ်နေလို့လား ?? …။
သူပြောတဲ့ စကားတွေထဲမှာ
မြန်မာနိုင်ငံကို တိုးတက်စေချင်တယ်…။
တိုင်းရင်းသားတွေညီညွှတ်စေချင်တယ်…စည်းလုံးစေချင်တယ်။
လူ လူချင်း လေးစားဖို့ ချစ်ခင်ဖို့ပြောတယ်…။
ကုလားဆိုတာတောင် သူဘာမှန်းမသိပါဘူးဆိုမှ…။
ဘယ်လိုဖြစ်လို့ ကုလားအားပေးဖြစ်သွားရတာတုန်း…။
အဲ့တစ်ချက် ကျုပ်ဥာဏ်မမှီပြန်ဘူးဗျာ…။

ကုလားလင်တော်တယ်…။
အင်းပေါ့ …
ကုလားဖြူ ယူခဲ့မိတော့ …ကုလားလင်တော်တယ် …။
ok အမှန်တရားတစ်ခု ကျုပ်မငြင်းဘူး…။
ဒေါ်စု လင်က ကုလားဖြူ …။
ဒါပေမယ့် …ဒေါ်စု ကိုယ်ကျင့်တရားဖေါက်ပြန်ခဲ့လား …။
အမျိုးသားရေး လက္ခဏာပျောက်သွားလား…။
သူ့အိမ်မှာ ဗုဒ္ဓဘာသာဘုရားစင်ရှိတယ်နော်…။
ဒါဟာ နားလည်မှုကြီးမားသူတွေ လုပ်ရပ်…။
လင်မယား ဒါပေမယ့် ယုံကြည့်မှုကို ချမစားဘူး…။ တစ်ဦးအပေါ်တစ်ဦးလေးစားတယ်…။
ဒေါ်စုက ကုလားဖြူမတစ်ယောက်လို ဘယ်တုန်းက ဘိုဆန်ပြီးနေလဲဗျာ…။ မြန်မာလိုပြောနိုင်တဲ့ နေရာမြန်မာလိုပဲ ခပ်ရှင်းရှင်းပြောတယ်…။ နိုင်ငံတကာပွဲတွေမှ နိုင်ငံတကာသုံး အများသမုတ်ထားတဲ့စကားနဲ့ နားလည်နိုင်အောင် အင်္ဂလိပ်လိုပြောတာ။
နေရာတကာ လူအထင်ကြီးအောင် Eလို မမှုတ်ဘူးနော်…။
အဲ့ဒါ အမျိုးသားရေး လက္ခဏာထိန်းသိမ်းတာပဲ ။
ဘာသာစကားကို ထန်းသိမ်းတယ်…။
မြန်မာအမျိုးသမီး လက္ခဏာမပျောက်သွားအောင် သူတတ်နိုင်သမျှဝတ်ဆင်တယ်နော်…။ သူရှေ့ဆောင်လမ်းပြတယ်…ဒါပေမယ့် လူတစ်ယောက်အခွင့်အရေးအရ ဒါဝတ်ပါလို့ သူဥပဒေမထုတ်ဘူး…။

အဲ့တော့ ဒေါ်စုကို ပြောနေတဲ့ ခင်ဗျားတို့ကိုမေးပါရစေ…။
ခင်ဗျားတို့ သမီးတွေကိုရော အမျိုးသားရေး လက္ခဏာ မပျောက်အောင် ဆံထုံး ရင်ဖုံး ထမီနဲ့ နေပါလို့တောင် ဆုံးမနိုင်လား…။ ကုလားဖြူစကားဗျာ…အင်္ဂလိပ်စာ မသင်ပါနဲ့လား…။ ကြာတယ်ဗျာ…ကျောင်းသင်ရိုးမှာ အင်္ဂလိပ်စာ ဖြုတ်ဖို့ ဆန္ဒပြကြဗျာ…။ ဟာဗျာ သေရင်သေပစေ…အင်္ဂလိပ်ဆေး မသောက်ကြနဲ့ဗျာ…။ ဟာကွာ... ကြာတယ် အင်္ဂလန်ဘောလုံးပွဲတွေလဲ မကြည့်နဲ့ဗျာ…။
ရှုပ်တယ်ကွာ…အိန္ဒိယတိုက်ငယ်ထဲမှာ ဖွားမြင်ခဲ့တဲ့ ဗုဒ္ဓကိုလဲ ခင်ဗျားတို့ လာမကိုးကွယ်နဲ့ဗျာ…။
😛

အလေးချိန် ချိန်တွယ်ရင် ပိဿာပဲသုံးဗျာ…။
၁၂၃၄ပဲရေး 1234ကျုပ်ရှေ့ ခင်ဗျားတို့ လာမရေးနဲ့ဗျာ…။ ကိုယ့်အမျိုးခြင်းပဲအားပေးမယ်ဗျာ…။
phတွေ လွင့်ပစ်ဗျာ…။
အဲ့ဒါတွေမြန်မာလုပ်ထားတာ ဟုတ်ဖူးလေ…။
ကားတွေ မစီးနဲ့…။
ကျုပ်တို့ စီးတော့ပြည်ပကဝယ်ရတယ်ဗျ…။
ကိုယ့်အမျိုးအိတ်ထဲက နစ်နာနေတယ်…။
အိုဗျာ…ယူရိုပီရံဘရိတ်ဖတ် ဆိုတာကြီးလား အစားအသောက်စာရင်းမှာ အဲ့နာမည်ပါရင် အဲ့ဆိုင်မီးရှို့ဗျာ…။
ဟာဗျာ ကုလားဖြူစကားတွေနဲ့ နာမည်ပေးထားတဲ့ ဆိုင်းဘုတ်မှန်သမျှဖြုတ်ဗျာ…။

သာသနာဖျက်တဲ့ မိန်းမကြီးဆိုလို့
ပိဋကတ်တော်တွေ မီးရှို့ခိုင်းလားဗျာ…။
ဗြဟ္မာစိုး တရားလေးပါး စံနဲ့သူပြောနေတာရော ခင်ဗျားတို့ သိလားဗျာ…။
မေတ္တာ ကောင်းဖို့ပဲ သူပြောနေတာ ညွှန်နေတာ…။
ဂမုဒိတာရုဏာ အားလုံးပေါ် ကိုယ်ချင်းစာပေးနေတာ…။
ခင်ဗျားတို့တိုးတက်သွားလဲ သူမနာလို မဖြစ်ဘူးဗျ…သူပါအဲ့လိုဖြစ်ရင် ဝမ်းမြောက်ချင်တာ…။
နောက်ဆုံးဥပေက္ခာ ခင်ဗျားတို့ သူ့အပေါ်ဆဲဆိုရိုင်းစိုင်းနေတာတွေကို သူအပြစ်ယူလားဗျ…။
ယူစေချင်လို့ သူ့ဝိုင်းပြောတဲ့ သူတစ်ပုံကြီးဗျ…။
သူယူလား…ခင်ဗျားတို့ အဘတွေကို စပ်စပ်ထိမခံဖြစ်လားဗျ…။ ခုသူ့powerနဲ့ လုပ်ချင်ရတာပဲဗျ…။
လျစ်လျူ ရှုပေးထားနိုင်တယ်ဗျ…။
မေတ္တာသက်သက်နဲ့သွားနေတဲ့ မိန်းမကြီးပါဗျာ…။

ကဲဗျာ…အဲ့လို မိန်းမကြီးကိုမှ ဗုဒ္ဓဘာသာမဟုတ်ဘူး သာသနာဖျက်တယ်ဆို ဗုဒ္ဓဘာသာဟုတ်တာ သာသနာမဖျက်ပဲနေတာ ရဟန္တာတွေပဲကျန်တော့မယ် ဗျ…။
သူ့ကြောင့် တိုင်းပြည်ဘာနစ်နာသွားလဲ…။
သစ်တောတွေ ပြုန်းတာရော…ရာသီဥတုတွေဖောက်ပြန်သွားတာရာ …သူမဆင်မခြင် လုပ်ပိုင်ခွင့်တွေပေးရောင်းစားခဲ့လို့လားဗျာ…။ သံယံဇာတတွေ အကျိုးရှိရှိအသုံးမချပဲ ဘယ်သူသေသေ ငတေမှာရင်ပြီးရော သူလုပ်ခဲ့လားဗျာ…။
သစ်တောတွေ ပြုန်းတာရော…ရာသီဥတုတွေဖောက်ပြန်သွားတာရာ …သူမဆင်မခြင် လုပ်ပိုင်ခွင့်တွေပေးရောင်းစားခဲ့လို့လားဗျာ…။ သံယံဇာတတွေ အကျိုးရှိရှိအသုံးမချပဲ ဘယ်သူသေသေ ငတေမှာရင်ပြီးရော သူလုပ်ခဲ့လားဗျာ…။
သူ အာဏာလိုချင်လို့ ပြန်လာတယ်များ ထင်လားဗျာ…။ သူ့ဘာသူဟိုမှာနေရင် အေးဆေး နေလို့ရတယ်…ဒူးနန့်ပြီး ကနေလို့ရတယ်ဗျ…။ သူ့အမေ နေမကောင်းလို့ ပြန်လာတယ်…။ ဒီရောက်တော့ ခင်ဗျားတို့ ဆင်းရဲနေတာကို သူအံသြပြီး ဝင်ပါလာရတာဗျ…။ သူ့လို အကျယ်ချုပ်နဲ့ စိတ်ဓာတ် မကျသွားအောင် နှစ်ပေါင်းများစွာ ခညားတို့နေနိုင်လား…။
စားစရာမရှိလို့ နိုင်ငံရေးထလုပ်တယ်ထင်လား…။
ခုမှ ပေါ်ပင်ထဖြစ်တယ် ထင်နေလားဗျာ…။
ကျုပ်သာ သူ့နေရာမှာဆို နားပါးအေး အမေရိကန်တို့ အင်္ဂလန်တို့မှာ ဇိမ်ခံနေတယ်ဗျာ…။
သူ့သားတွေ မြန်မာနိုင်ငံသားခံယူဖို့လုပ်တော့ရော ခင်ဗျားတို့ အဘတွေ လက်မှမခံတာ…။

သူလိမ်လားဗျာ…
သူခိုးနေလားဗျာ…
သူများတွေ သတ်ဖို့ အမိန့်ပေးလားဗျာ…
အိမ်ထောင်ရေးဖောက်ပြန်လားဗျာ…
သူခိုးနေလားဗျာ…
သူများတွေ သတ်ဖို့ အမိန့်ပေးလားဗျာ…
အိမ်ထောင်ရေးဖောက်ပြန်လားဗျာ…
သူ့ကြောင့် ခင်ဗျားတို့
ခုလို fbပေါ် သူမကောင်းရင် သူ့ကို မကောင်းဘူး ရေးလာနိုင်တာ…။ ဒီမိုဆိုတာ ဘာလဲ…လူတစ်ယောက်ရဲ့ ရပိုင်ခွင့် ပြောပိုင်ခွင့် ယုံကြည်ပိုင်ခွင့်တွေ ခင်ဗျားတို့ တီးခေါက်မိလာတာ…။
ခုလို fbပေါ် သူမကောင်းရင် သူ့ကို မကောင်းဘူး ရေးလာနိုင်တာ…။ ဒီမိုဆိုတာ ဘာလဲ…လူတစ်ယောက်ရဲ့ ရပိုင်ခွင့် ပြောပိုင်ခွင့် ယုံကြည်ပိုင်ခွင့်တွေ ခင်ဗျားတို့ တီးခေါက်မိလာတာ…။
သူသာသေနတ်ရှေ့ မရပ်ရဲခဲ့ရင်…
သူသာ ကုလားဖြူလင်ကို တိုင်းပြည်ထက်ပိုချစ်ခဲ့ရင်…
သူသာ ငါအဆင်ပြေရင်ပြီးရော ဆိုပြီး
ပြည်ပကို ပြန်သွားခဲ့ရင်…
သူက ဗိုလ်ချုပ်ရဲ့သမီး
ဒါပေမယ့် သမီးတစ်ယောက်တည်းရှိခဲ့တာ မဟုတ်ဘူး…။
သူ့သာ အနစ်နာခံပြီး မဦးဆောင်ခဲ့ရင်…

ခင်ဗျားတို့ အမှောင်ချခံထားရလို့
အပူချိန်ကြီးပြီး စိုက်ပျိုးရေးနိုင်ငံက စိုက်ပျိုးရေးထုတ်ကုန်တွေ နိမ့်ကျလာတာ သိပါ့မလား။
သစ်တောတွေ သံယံဇာတတွေ အလကားဖြစ်နေတာရော ပြောရဲပါ့မလား…။
အာဏာတစ်ခုရဲ့ အတ္တအောက်မှာ ပျက်ဆီးနေတဲ့ နေ့စဉ်ဘဝတွေ…။
ကျုပ်တို့ရပိုင်ခွင့်တွေ…။
ပျက်ဆီးနေတဲ့ ပညာရေး…။
ဂရုဏာကင်းမဲ့နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေ…။
စုတ်ပျက်နေတာ အများကြီးဗျ…။
ခင်ဗျားတို့ အဘတွေကို အော်ရဲမလား??…။
ပြင်ဖို့ အကြံပေးရဲလား??…။

ခု တရားဥပဒေဘောင်ထဲက အော်ခွင့်ရှိတယ်…။
အော်ပါလား…။ အကြံပေးခွင့်ရှိတယ် …။ ရေးပါလား…ထောက်ပြပါလား…။
မဟုတ်တာတွေ မရောင်ရာ ဆီလူးနေတယ်…။
အော်ပါလား…။ အကြံပေးခွင့်ရှိတယ် …။ ရေးပါလား…ထောက်ပြပါလား…။
မဟုတ်တာတွေ မရောင်ရာ ဆီလူးနေတယ်…။
ခင်ဗျားတို့ အဲ့လိုပြောလို့လဲ ကုလားဖြူမယူခဲ့တဲ့ ဒေါ်စုကို ပြန်မရတော့ဘူး…။ ရှင်းရှင်းပဲ အမေစုက သွေးတောင်ဆုံးနေပြီ…။ အဲဒီ့ လင်ကိစ္စဆိုတာထက် သူ့ခေါင်းထဲမှာ မြန်မာနိုင်ငံပဲရှိတယ်ဗျ…။
ကဲဗျာ…ပြောရတာ မောတယ်…။ ခင်ဗျားတို့ရော သူ့လိုနေနိုင်လား…။ ကျုပ်တောင်အဲ့လို မနေနိုင်လို့
နေနိုင်တဲ့ အမေစုကို လေးစားတာဗျာ…
ကြည်ညိုတာဗျာ…
နေနိုင်တဲ့ အမေစုကို လေးစားတာဗျာ…
ကြည်ညိုတာဗျာ…
ဒါကို ခင်ဗျားတို့ သဘောမကျလဲ…
unfriလုပ်သွားတာဗျာ…
ဒါမှမဟုတ်blockသွားဗျာ…။
unfriလုပ်သွားတာဗျာ…
ဒါမှမဟုတ်blockသွားဗျာ…။
ကျုပ်ကဒေါ်စုကို သဘောကျပါလို့
ခင်ဗျားတို့ကို မပြောပါဘူးဗျာ…။
မခြိမ်းခြောက်ပါဘူးဗျာ…။
ကျုပ်သဘောကျတာကို ကျုပ်ဘာကျုပ် ဂုဏ်ပြုနေတာဗျာ…။
ခင်ဗျားတို့ကို မပြောပါဘူးဗျာ…။
မခြိမ်းခြောက်ပါဘူးဗျာ…။
ကျုပ်သဘောကျတာကို ကျုပ်ဘာကျုပ် ဂုဏ်ပြုနေတာဗျာ…။
အဲ့တော့ ခင်ဗျားတို့လဲ
as u likeဗျာ…။
as u likeဗျာ…။
Credit - Linn Htut
လေးစား၍ ပြန်လည်မျှဝေပေးပါသည်...
Ven Pinnyarvamsa
Ven Pinnyarvamsa

Comments
Post a Comment