ရွေးကောက်ပွဲအသံကြားတာနဲ့ ဖွတ်ကလဲသူနိုင်မယ်၊ တစညကလဲသူတို့နိုင်မယ်၊ ရွှေမန်းလေးကလဲ သူနိုင်မယ်ပြောကြပါတယ်။ အားလုံးမှာ အိမ်မက်ကိုယ်စီနဲ့ပါ။ ထို့အတူ ပညာရှင်ဆိုသူ အဘနွယ်အများစုကတော့ ညွှန့်ပေါင်းလို့ ထအော်နေကြပါတယ်။
ဖြစ်နိုင်ချေကို အထောက်အထားနဲ့ လေ့လာကြည့်ရအောင်။ ဒီနေရာမှာ ပြည်မနဲ့ ပြည်နယ်ဆိုပြီး လေ့လာကြည့်ရအောင်။ ပြည်မက အများစု ဗမာနေထိုင်တာပါ။ ဒီနေရာတွေမှာ NLD ပါတီကသာ နိုင်ပါမယ်။ ဘာအထောက်အထားရှိလဲ။ ပြီးခဲ့တဲ့ ရန်ကူန်စည်ပင်ရွေးကောက်ပွဲမှာ ဖွတ်တွေဟာ NLD ကို ယှဉ်ပြိုင်ဝင်အရွေးခံသူ မည်သူကိုမဆို Facebook ကြော်ငြာပိုက်ဆံ၊ မီဒီယာအားမျိုးစုံနဲ့ ပံ့ပိုးပေးခဲ့ပါတယ်။ လူငယ်ပညာတတ်လေးမှသည် မော်ဒယ်အထိ ဝင်ပြိုင်ခဲ့ပါတယ်။ စင်ကာပူတို့ နိုင်ငံခြားတို့ကနေ ယခင် NLD ကိုထောက်ခံသည်ဆိုသူများတောင် ဝိုင်းလော်ခဲ့ပါတယ်။ စာရေးသူကတော့ အကွက်ကိုသိလို့ NLD ကိုယ်စားလှယ်ကိုသာ ထောက်ခံခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မဲလာပေးသူဟာလဲ နည်းခဲ့ပါတယ်။ အဲ့ဒီကြားထဲက NLD နိုင်ခဲ့တာပါ။
နောက်အထေက်အထားက မီတာခတက်တာကို မကြိုက်သူရှိပေမယ့် ဘယ်သူမှထမဆူဘဲ DASSK မျက်နှာနဲ့ ကျော်ဖြတ်ခဲ့ကြတာပါ။ ဒီလို ဈေးတက်တာမျိုးဟာ အခြားနိုင်ငံတွေမှာဆို ၈၈ လို အရေးအခင်းမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါက လူတွေက သူမကိုဘယ်လောက်ထောက်ခံတယ်ဆိုတာကို ပြသွားတာပါ။
ဒါကြောင့် ပြည်မကတိုင်းတွေမှာ မဲအရေအတွက် ကွာနိုင်ပေမယ့် NLD သာနိုင်ပါမယ်။ တပ်မဲကို မပေးရအောင် ဒါမှမဟုတ် ခိုးမရအောင် ကြီးကြပ်နိုင်ရင် ယခင်ဖွတ်တွေနိုင်ခဲ့တဲ့နေရာကိုတောင် နိုင်ပါမယ်။
ဒါပေမယ့်ဇီးကုန်းလိုနေရာမှာ ဘာကြောင့်ဖွတ်နိုင်ခဲ့လဲ လေ့လာပြီး မဲဆွယ်တာတော့ လုပ်ရပါမယ်။
ပြည်နယ်ထဲမှာ ရခိုင်ကတော့ ရွေးကောက်ပွဲလုပ်နိုင်ရင် ယခင်အတိုင်းဘဲဖြစ်မှာပါ။ ယခုလို စစ်ဖြစ်နေရင်တော့ မပြောတတ်ပါ။ စစ်ဆက်ဖြစ်နေရင်တော့ ယခင်ရှမ်းမြောက်မှာလို ရွေးကောက်ပွဲမလုပ်ရဘဲ ကျန်ခဲ့နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာတွေက NLD နေရာမဟုတ်လို့ မဲကိုမထိခိုက်ပါ။
ကရင်၊ ချင်းနဲ့ကယားမှာလဲ NLD ကသာ နိုင်နိုင်ပါတယ်။ ချင်းမှာက လက်ရှိဒုသမ္ပတကို ကြိုက်သူတွေရှိပါတယ်။ မွန်မှာလဲ နိုင်နိုင်ပါတယ်။ ကချင်မှာ ယခုထက် နေရာအနည်းငယ် ရှုံးမလား မေးစရာရှိပါတယ်။ ရှမ်းမှာ ဖွတ်တွေနိုင်နေတာက ဒီမိုမဲကွဲလို့ပါ။ ရှမ်းအချင်းချင်းလဲ မဲကွဲနေပါတယ်။ တပ်မဲကို ကိုင်နိုင်ရင် ဟိုတပ်ချုပ်တပည့် လင်းဇော်ထွန်းလို မိုင်းဖြတ်ကနေ အမတ်ဖြစ်လာစရာမရှိပါ။
ဒါကြောင့် ပြန်ချုပ်ရရင် ပြည်နယ်အချို့မှာ ယခုထက်ပိုရှုံးနိုင်ပေမယ့် ဖွတ်အမတ်နေရာတွေကို တပ်မဲမခိုးအောင်လုပ်ပြီး ပြန်ယူနိုင်ရင် အဆင်ပြေပါမယ်။ ဒါကြောင့် ညွန့်ပေါင်းအစိုးရတော့ မဖြစ်ပါ။
NLD အနေနဲ့ ရန်သူကို လျော့မတွက်ဘဲ ပြင်စရာရှိတာတော့ ပြင်ထားပါ။ တပ်က ၂၅% မဲယူထားလို့ တပ်မတော်သားတွေမဲပေးတာဟာ အခြေခံ ဥပဒေနဲ့ညီ မညီခြေဥခုံရုံးကို မေးသင့်ပါတယ်။ ဒါမှမဟုတ် လွှတ်တော်မှာ ဥပဒေပြုပြီး တားသင့်ပါတယ်။ သူတို့က NLD ပြင်တဲ့ခြေဥကို ပယ်ချရင် ပိုလုပ်သင့်ပါတယ်။
အချို့ကိစ္စတွေမှာက သူတို့ကို ဥပဒေဘောင်ထဲက ကြပ်ပေးနေရပါမယ်။ ဥပဒေဘောင်ထဲက ရင်ကြားစေ့တာဟာ ရန်သူကို အနားမလာအောင် လုပ်ထားနိုင်တဲ့ နည်းပါ။

Comments
Post a Comment