Skip to main content

အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆုံချက်တခုအနေဖြင့် ကာ/လုံတွင်ဆောင်ရွက်နိုင်ဟု ဦးကိုကိုကြီး ပြော


ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး
အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့်ပတ်သတ်ပြီး ကာ/လုံတွင်ဆုံချက်တခုအနေဖြင့်ဆောင်ရွက်နိုင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။
"ကာ/လုံအစည်းအဝေးဆိုတာက ပုံမှန်အားဖြင့်ကို လက်ရှိရှိနေတဲ့နိုင်ငံတော်ရဲ့လုံခြုံရေးအခြေအနေတွေ အထွေထွေတွေကို သူတို့ကဆွေးနွေးဆုံးဖြတ်နိုင်တဲ့နေရာတခုဖြစ်တယ်ပေါ့။ နောက် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ဒီနေရာဟာဆုံချက်တခုအဖြစ်လည်း ဆောင်ရွက်လို့ရတယ်။ ဒါကကောင်းတဲ့ဘက်ကနေကြည့်တာပေါ့"ဟု ၎င်းကဆိုသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် စက်တင်ဘာ ၂၉ ရက်ကပြုလုပ်သော ပြည်သူ့ပါတီမြို့နယ်ရုံးဖွင့်ပွဲအပြီးတွင် သတင်းထောက်များကို ၎င်းက ထိုသို့ဖြေကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးစသည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။
"တခုခုဆုံးဖြတ်မယ်ဆိုရင် တပ်ကမဲအများစု ၆နေရာကိုယူထားတာဖြစ်တယ်ဆိုတဲ့ဟာက ကာ/လုံခေါ်ခြင်းနဲ့ပတ်သတ်တဲ့ စိုးရိမ်ချက်ပေါ့။ ဆိုတော့ တကယ်ကမဲခွဲတာမျိုးမဟုတ်ဘဲနဲ့ ၁၁ယောက်စလုံးသဘောတူနိုင်တဲ့ နိုင်ငံတော်အတွက်အရေးကြီးတဲ့ကိစ္စမျိုး မရှာဖွေနိုင်ဘူးလား။ ကျွန်တော်က ဒီလိုစဉ်းစားစေချင်တယ်"ဟု ဦးကိုကိုကြီးက ပြောသည်။
စစ်ဘက်နှင့်အရပ်ဘက်ကြားတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ့ဆုံမှု၊ အလွတ်သဘောတွေ့ဆုံမှုများပြုလုပ်ကာ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ပြေပြစ်အောင်တည်ဆောက်ခြင်းမျိုးဖြစ်သင့်သည်ဟုမြင်ကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာ၂၈ရက်က ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ကာ/လုံနှင့်ပတ်သက်၍ တပ်မတော်၏သဘောထားအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို ကာလုံခေါ်ပြီး အမြဲတမ်းသုံးသပ်နေရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ဖူးအောင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video