Skip to main content
Posts
Showing posts from September, 2019
ကြက်ဆူပင်က ဒီဇယ်ထွက်ပြီး တနိုင်ငံလုံး စီပွားဖြစ်လိမ့်မည်ဟု စစ်အာဏာရှင်တို့ ဝါဒဖြန့်ကြသည်။
ရန်ကုန်တိုင်းရှိ မြို့နယ်၅ခုမှ သိမ်းဆည်းခဲ့သော လယ်ယာမြေများ၏ မူလတောင်သူ (၄၇) ဦးအား တိုင်းအစိုးရက ကျပ်သိန်း ပေါင်း ၆သောင်းကျော် မြေယာလျော်ကြေးပေး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၅ခုမှ သိမ်းဆည်းခဲ့သော လယ်ယာမြေများ၏ မူလတောင်သူ (၄၇) ဦးအတွက် တိုင်းဒေသကြီးအစိုးရက ကျပ်သိန်းပေါင်း ၆သောင်းကျော် မြေယာလျော်ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များမှ သိမ်းဆည်းခဲ့သော လယ်ယာမြေများ၏ မူလ တောင်သူ (၄၇) ဦး၏ မြေဧက(၆၉၆.၃၁) ဧကအတွက် မြေယာလျော်ကြေး ကျပ် (၆၉၆၃၁) သိန်း အား ပေးအပ်ခဲ့ ကြောင်း တိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်ုမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သိမ်းဆည်းခံမြေများ မူလတောင်သူများသို့ မြေယာလျော်ကြေး ငွေပေး အပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ဝန်ကြီးနှင့် သက်ဆိုင်ရာမြို့နယ် လွှတ် တော်ကိုယ်စားလှယ်များက မူလတောင်သူများကို မြေယာလျော်ကြေးများပေးအပ်ခဲ
တပ်မတော်ကာကွယ်ရေးဦးချုပ်အနေဖြင့် ကာချုပ်တာဝန်များပြီးဆုံးက နိုင်ငံတာဝန်များကိုလည်း စွမ်းဆောင်နိုင်မည်ဟုယုံကြည်ကြောင်းတပ်မတော်ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အနေဖြင့် ကာကွယ်ရေးဦးချုပ်တာဝန်များပြီးဆုံးပါက နိုင်ငံတာဝန်များကိုလည်း စွမ်းဆောင်နိုင်လိမ့် မည်ဟုယုံကြည်ကြောင်း တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။ ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိစစ်သမိုင်းပြတိုက် ၌ ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးမေး မြန်းသည့် " လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေဖြင့် နိုင်ငံရေးဘက်သို့ ကူးပြောင်းရန် ရှိပါသ လား" ဆိုသည့်မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။ ဗိုလ်ချုပ်ထွန်းထွန်းညီက " တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ပြီးဆုံးတဲ့အခြေအနေမျိုးမှာ ဆိုလို့ရှိရင် လည်း သူအနေနဲ့ နိုင်ငံသားတိုင်း ဘယ်သူမဆိုအခြေခံ ဥပဒေမှာပြဌာန်းပြီးသား။ အရင်တစ်ခါလည်း ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီးသားဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တစ်နေရာမဟုတ် တစ်နေရာ တေ
အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆုံချက်တခုအနေဖြင့် ကာ/လုံတွင်ဆောင်ရွက်နိုင်ဟု ဦးကိုကိုကြီး ပြော
အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့်ပတ်သတ်ပြီး ကာ/လုံတွင်ဆုံချက်တခုအနေဖြင့်ဆောင်ရွက်နိုင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။ "ကာ/လုံအစည်းအဝေးဆိုတာက ပုံမှန်အားဖြင့်ကို လက်ရှိရှိနေတဲ့နိုင်ငံတော်ရဲ့လုံခြုံရေးအခြေအနေတွေ အထွေထွေတွေကို သူတို့ကဆွေးနွေးဆုံးဖြတ်နိုင်တဲ့နေရာတခုဖြစ်တယ်ပေါ့။ နောက် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ဒီနေရာဟာဆုံချက်တခုအဖြစ်လည်း ဆောင်ရွက်လို့ရတယ်။ ဒါကကောင်းတဲ့ဘက်ကနေကြည့်တာပေါ့"ဟု ၎င်းကဆိုသည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် စက်တင်ဘာ ၂၉ ရက်ကပြုလုပ်သော ပြည်သူ့ပါတီမြို့နယ်ရုံးဖွင့်ပွဲအပြီးတွင် သတင်းထောက်များကို ၎င်းက ထိုသို့ဖြေကြားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးစသည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။ "တခုခုဆုံး
R2P ဖြင့် ဘာတွေ ဖြစ်နေကြသနည်း
ထိုကိစ္စကို ဖေ့ဘုတ်တွင် ရေးနေကြ ပြောနေကြသည်များကို တွေ့ရပြန်သည်။ ဖဘ စကားနှင့် ပြောလျင် "ဂျင်း" ထည့်ခြင်းမျသာ ဖြစ်သည်။ ဤသည်ကလည်း ရည်ရွယ်ချက်ရှိရှိ ဖြင့် လုပ်သည်ဟု ထင်မြင်မိပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကလည်း က္ဈန်တော်တခါ ရေးခဲ့ဖူးပါသည်။ နိုင်ငံခြား တပ်များ မြန်မာပြည်သို့ အချိန်မရွေး ၀င်လာ နိုင်သည်။ သို့ဖြစ်၍ စစ်ရေး အမြင်ရှိသော ခေါင်းဆောင် မှသာ ဖြစ်ပေမည်ဟု ထင်မြင်လာစေရန်လည်း ဖြစ် သည်။ မြန်မာ အတွက်လည်း အာတူးပီ ဖြင့် အရေးယူရန် မည်သူမျ တောင်းဆိုခြင်း အလျင်းမရှိသည့်အပြင် ထည့်သွင်း၍ ပင် ပြောဆိုခြင်း မရှိကြ။ R2P က Responsibility to Protect ဖြစ်ပြီး ၂၀၀၅ ခုနှစ် ကုလ ရှိကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးညီလာခံ တွင် ကမ္ဘာတ၀ှမ်းတွင် လူမျိုးရေး မျိုးတုန်းမှု၊ အစုလိုက် အပြုံလိုက် သတ်မှုများကို အစိုးရဆိုသူများက ကျုးလွန်ကြောင်း အခိုင်အမာ သိရှိရပါက ၀င်ရောက်ကာကွယ်ရန် နိုင်ငံရေးအရ ကတိပြုထားခြင်းမျှသာ ဖြစ်သည်။ အထူးသဖြင့် ထိုအချိန်က ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယာ နှင့် ရ၀မ်ဒါတို့တွင် ဖြစ်ပွားခဲ့ခြင်း ကြောင့် ဖြစ်သည်။ အဆိုပါ ပဋိပက္ခများတွင် ကုလသမဂ္ဂ၏ ၀င်ရောက်ဖြေရှင်
ကေအင်ယူဗဟိုကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်ရဲ့နှုတ်ထွက်စကား။
Htun Aung Gyaw ၂၀ နာရီ ကေအင်ယူဗဟိုကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်ရဲ့နှုတ်ထွက်စကား။ ကျွန်တော်တို့ခေါင်းဆောင်စောဘဦးကြီးရဲ့ပြောစကားကိုအများသိအောင်ပြောပြလိုက်တယ်။ စောဘဦးကြီးက “ဒို့ကရင်တွေေ တာင်းတာကွာ၊ တနင်္သာရီလဲတောင်းတယ်၊ သံလွင်အရှေ့ခြမ်းလဲ တောင်းတယ်၊ မြစ်ဝကျွန်းပေါ်လဲတောင်းတယ်၊ ပဲခူးတိုင်းညောင်လေးပင်ခရိုင်လဲတောင်းတယ် ကုန်ပြီကွ၊ ဒို့ကရင်တွေတောင်းတာဗမာတွေရူးရင်ပေးမယ်၊ ဗမာတွေမရူးရင်တော့ပေးမှာမဟုတ်ဘူး” တဲ့။ “ကရင်ပြည်ပေးလိုက်ရင်ဗမာတွေဘာနဲ့ထမင်းသွားစားမလဲကွ ဆန်အိုးကြီးရှိတဲ့နေရာ ဒို့ကရင်တွေ ယူလိုက်ရင် ဗမာတွေ ဘာနဲ့သွားစားမလဲ” တဲ့ ဒါစောဘဦးကြီးပြောခဲ့တာ။ ဒါကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း မျှမျှတတတောင်းဆိုဖို့လိုတယ်လို့ ကေအင်ယူဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။ မန်းငြိမ်းမောင် ပြောဆိုချက်ကို ကေအင်ယူက လူကြီးတွေက ပိုသိမယ်ထင်တယ်။ ပြည်တွင်းစစ်ရပ်စဲဖို့ကိစ္စမှာ ဖြစ်နိုင်တာတွေဖြစ်သင့်တာတွေကို ဦးစားပေးပြီး ဖြစ်ချင်တာတွေကို လျော့တန် လျော့ပြီး အလျော့အတင်းလုပ်မယ်ဆိုတဲ့ စိတ်ရယ်တကယ်ငြိမ်းချမ်းရေးလိုလားတဲ့စိတ်တွေနဲ့ တရားသေစွဲ ကိုင်မထားပဲ ညှိနှိုင်းလုပ်ဆောင်ကြမယ်ဆိုရင် ငြိမ
အမျိုးသားစာကြည့်တိုက်ဟောင်းကိုအရင်းပြု၍ ဦးပိုင်က တစ်နှစ်လျှင် ဒေါ်လာ သုံးသန်းရနေ
=================================== အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ၂၀၀၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့သည့် တာမွေမြို့နယ်ရှိ အဆောက်အအုံဟောင်း မြေနေရာသည် လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက မြန်မာ့စီးပွားရေးဦးပိုင် လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီး လက်လွှဲငှားရမ်းရုံဖြင့် တစ်နှစ် ဒေါ်လာသုံးသန်းစွန်းစွန်း ဦးပိုင်က ရရှိနေသည်။ -------------------------------------------------- နှစ်ပေါင်းများစွာ နေရာအတည်တကျမရှိခဲ့သော အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သည် အမှတ် ၆၀၄/၆၀၈ ကုန်သည်လမ်းရှိ ယခင်ရေနံရုံးချုပ်အဆောက်အအုံနေရာတွင် ဖွင့်လှစ်ခွင့်ရပြီးသည့်နောက် အမျိုးသား စာကြည့်တိုက် ဆိုသော နာမည်နှင့်လိုက်အောင် ဣနြေ္ဒရရ ခံ့ခံ့ညားညား ဝန်ဆောင်နိုင်တော့မည်ဖြစ်သည်။ ဘီအိုစီဟု အသိများသည့် ဘားမားရေနံကုမ္ပဏီ ရုံးချုပ်ဖြစ်ခဲ့ဖူးပြီး ၁၁၁ နှစ်သက်တမ်းရှိသည့် ထိုရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွင် အမျိုးသားစာကြည့်တိုက် ဖွင့်လှစ်ရန် ဘတ်ဂျတ် ကျပ် ကိုးဘီလျံ ရရှိထားပြီး လက်ရှိတွင် စာကြည့်တိုက် အတွင်းပိုင်းပြင်ဆင်မှုနှင့် ကြံ့ခိုင်မှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်နေကာ ရှေ့နှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်မည်ဟု အာဏာပိုင်များက ခန့်မှန်းထားကြ
နှစ်ပေါင်း ၅၀ ကျော် စိတ်ကြိုက်လုပ်ပိုင်ခွင့် ရခဲ့တာတောင် ခင်များတို့လုပ်တတ်ခဲ့တာ ဘာရှိလို့လဲ၊
မွှေး မွှေး သည်  ကာရံ ခ်ိဳ နှင့်  Muay Cho တို့နှင့်အတူ ရှိနေသည်။ ဩဂုတ် ၂၈ ရက် နံနက် ၀:၃၉ မှန်လွန်းလို့ မျှဝေလိုက်ရပါ​တော့သည်... 👍 😃 📣 ရေးသူ_ဒေါက်တာ အောင်ခင် နှစ်ပေါင်း ၅၀ ကျော် စိတ်ကြိုက်လုပ်ပိုင်ခွင့် ရခဲ့တာတောင် ခင်များတို့လုပ်တတ်ခဲ့တာ ဘာရှိလို့ လဲ၊ ❓ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ လျှပ်စစ်တွေ ထုတ်တယ် ပြည်သူအများစု မသုံးခဲ့ရဘူး . ဆန်ံစပါးအများကြီး ထွက်တယ် ပြည်သူတွေ ဝဝလင်လင်မစားခဲ့ရဘူး . တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ ခြံစည်းရိုးမရှိခဲ့ဘူး . ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ် ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ခဲ့ဘူး . စစ်သည်သုံးသိန်းကျော်ရှိခဲ့တယ် သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ခဲ့ဘူး . ပညာတတ်တွေ အများကြီးထွက်တယ် ပြည်တွင်းမှာ အသုံးမချတတ်ခဲ့ဘူး . ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ် လမ်းတွေ မကောင်းခဲ့ဘူး . သံတွေထွက်တယ် အပ်တစ်ချောင်းတောင် မလုပ်တတ်ခဲ့ဘူး . ရာဘာတောကြီး ရှိတယ် တာယာကို နိုင်ငံခြားက ဝယ်ခဲ့ရတယ် . သယံဇာတတွေ အများကြီးထွက်တယ် ကုန်ချော မလုပ်တ
တပ်တွင်းမဲရုံများကိစ္စ တပ်မတော်နှင့် ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းမည်
============================ အငြင်းပွားဖွယ်ဖြစ်နေသည့် တပ်တွင်းမဲရုံများ ထားရှိမှုကိစ္စကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်တွင် တပ်မတော်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောဆိုသည်။ ရွေးကောက်ပွဲဥပဒေအရ တပ်မတော်သားနှင့် တပ်မိသားစုဝင်များ၏ မဲစာရင်းမှာ ရပ်ကွက်မဲစာရင်းတွင်သာ ပါရှိရမည်ဖြစ်ပြီး၊ တပ်တွင်းမဲရုံထားရှိရန်လည်း ရွေးကောက်ပွဲဥပဒေတွင် မပါရှိကြောင်းနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက ယင်းကိစ္စကို ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း ဦးမြင့်နိုင်က ပြောသည်။ တပ်တွင်းမဲရုံများ မထားရှိဘဲ နီးစပ်ရာ မဲဆန္ဒနယ်မြေအတွင်းရှိ မဲရုံများတွင် တပ်မိသားစုဝင်များ လွတ်လပ်စွာ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး အခြေအနေအရ တပ်တွင်းမဲရုံများ ထားရှိရမည်ဆိုပါကလည်း စောင့်ကြည့်လေ့လာသူများ၊ သတင်းမီဒီယာများနှင့် ပြည်သူများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရန် တပ်မတော်နှင့်ညှိနှိုင်းသွားမည်ဟု ဦးမြင့်နိုင်က ပြောသည်။ “၂၀၂၀မှာ စောင့်ကြည့်လေ့လာသူတွေ၊ ပြည်သူတွေ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့ မဲရုံတွေဖြစ်အောင် ဆောင်ရွက်သွား