ငြိမ်းချမ်းရေး လက်မှတ် ထိုးရမှ က
တရုတ် နဲ့ ထိုးရမှလား မြောက်ပိုင်း
လက်နတ်ကိုင် တွေ့နဲ့ လက်မှတ် ထိုးရမှလား........

ဆွေးနွေးပွဲလာမည့် မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်များနှင့်အတူ တရုတ်ရဲအချို့လိုက်ပါလာ
========================
========================
အစိုးရနှင့် ကချင်အ ဖွဲ့(KIO)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့(AA) တို့၏ ကျိုင်းတုံ ဆွေးနွေးပွဲကိုသြဂုတ် ၃၁ ရက် တွင် ကျင်းပမည်ဖြစ်ရာဆွေးနွေး ပွဲသို့ လာမည့်မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့နှင့်အတူ တရုတ် နိုင်ငံမှရဲအချို့ အရပ်ဝတ်ဖြင့် လိုက်ပါလာမည်ဟု သိရကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့ (PCG) မှ ဦးလမိုင် ဂွန်ဂျာက ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့မှ ကိုယ်စားလှယ်များ သည်သြဂုတ် ၃၀ ရက်တွင် မိုင်း လားလက်နက်ကိုင်အဖွဲ့ နယ် မြေသို့ ရောက်ရှိပြီးသြဂုတ် ၃၁ ရက်နံနက်အစောပိုင်း၌ မိုင်းလား မှ ကျိုင်းတုံသို့သွားရောက်မည်ဟု PCG ကပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့၏ ဆွေးနွေးပွဲ နံနက် ၁၀ နာရီခန့်၌ စတင်နိုင် ဖွယ်ရှိသည်ဟုပြော သည်။
‘‘လုံခြုံရေးက ဒီဘက်ပိုင်းမှာ တပ်ကနေ အားလုံးလုံခြုံရေးယူ ပေးတာလေ။ မြောက်ပိုင်းအဖွဲ့ တွေ ကျတော့ တရုတ်ဘက်က ရဲ ဘက်က ရိုးရိုးအရပ်ဝတ်နဲ့လိုက် ပေးတဲ့သဘောပါပဲ။ လမ်းတစ် လျှောက်လုံး လုံခြုံရေးကတော့ မြန်မာ့တပ်မတော်ကနေ တာ ၀န်ယူထားတာ’’ ဟု ဦးလမိုင်ဂွန် ဂျာက ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့နှင့်အတူ တရုတ်ရဲအချို့ လိုက်ပါလာခြင်းနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ‘‘ကျွန်တော် သိသလောက်တော့ တချို့က လည်းသူက အဲဒီကိုလာတဲ့အခါ မှာတရုတ်နိုင်ငံထဲက လာရတာ ရှိပါတယ်။ အဲဒီအကြောင်း ကြောင့်ဖြစ်ပါတယ်’’ဟု ပြောသည်။
အစိုးရနှင့်နီးစပ်သူတစ်ဦးက မူမြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များနှင့်အတူ တရုတ်ရဲအရာရှိ ဟောင်းအချို့ လိုက်လာမည်ဟု သိထားကြောင်း ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနက် TNLA, AAနှင့် MNDAA တို့သည်တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခြင်း၊ AA ခေါင်းဆောင်များ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရခြင်း ကြောင့် ၎င်းတို့ကိုယ်စားလှယ် များ၏ လုံခြုံရေးအပေါ် စိုးရိမ် ကြောင်း TNLAနှင့် AA တို့က ထုတ်ဖော်ပြောကြားထားသည်။
အစိုးရနှင့် တပ်မတော်ကမူ အစိုးရကဖိတ်ကြားသည့် ဆွေး နွေးပွဲသို့လာရောက်မည့် ကိုယ် စားလှယ်များလုံခြုံရေးကို အာ မခံကြောင်း ပြောကြားထားသည်။
Source: 7 Day
Z.M.T
------ ------ ------ ----- -----
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့က ယနေ့(သြဂုတ် ၃၁)ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ခဲ့သည်။
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်အဖွဲ့(KIO/KIA)၊ ရခိုင်အဖွဲ့(ULA/AA)၊ တအောင်းအဖွဲ့(TNLA/PSLF)၊ ကိုးကန့်အဖွဲ့(MNDAA/MNTJP)တို့မှ ကိုယ်စားလှယ်များသည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးဆန္ဒအပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
Photo – Hla Maung Shwe ဖေ့စ်ဘုတ်
Moethet Khaingစောင့်ကြည့်ရန်
မြောက်ပိုင်း ၄ ဖွဲ့ စွန်းဉာဏ်ကောင်းလွန်းတယ် ...
Movement Two
မြောက်ပိုင်းလေးဖွဲ့နဲ့ ဆွေးနွေးပွဲစတင်
====================
ကျိုးတုံ၊ သြဂုတ် ၃၁
====================
ကျိုးတုံ၊ သြဂုတ် ၃၁
အပစ်ရပ်လက်မှတ်ထိုးဖို့လိုနေတဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ NRPC
တို့ ကျိုင်းတုံမှာ ယနေ့နံနက် ၁၀ နာရီကစတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။

ဆွေးနွေးပွဲကို မြောက်ပိုင်း(၄)ဖွဲ့လုံးက ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးသိန်းဇော်၊ ဦးမင်းဇော်ဦးနဲ့ သမ္မတရုံးညွန်ချုပ် ဦးဇော်ဌေးတို့က ဦးဆောင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအပြီးမှာတော့ အစိုးရဘက်တာဝန်ရှိသူတွေ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်မယ်လို့ ပြောပါတယ်။
@ရွှေတြိဂံဒေသသတင်း
ဒီအတိုင်းဆို ဘယ်သူမှ သူတို့ကို လက်ဖျားနဲ့တောင် ထိရဲမှာ
မဟုတ်တော့ဘူးလေ ....
ဆွေးနွေးပွဲလာမည့် မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်များနှင့်အတူ တရုတ်ရဲအချို့လိုက်ပါလာ
========================
========================
အစိုးရနှင့် ကချင်အ ဖွဲ့(KIO)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့(AA) တို့၏ ကျိုင်းတုံ ဆွေးနွေးပွဲကိုသြဂုတ် ၃၁ ရက် တွင် ကျင်းပမည်ဖြစ်ရာဆွေးနွေး ပွဲသို့ လာမည့်မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့နှင့်အတူ တရုတ် နိုင်ငံမှရဲအချို့ အရပ်ဝတ်ဖြင့် လိုက်ပါလာမည်ဟု သိရကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့ (PCG) မှ ဦးလမိုင် ဂွန်ဂျာက ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့မှ ကိုယ်စားလှယ်များ သည်သြဂုတ် ၃၀ ရက်တွင် မိုင်း လားလက်နက်ကိုင်အဖွဲ့ နယ် မြေသို့ ရောက်ရှိပြီးသြဂုတ် ၃၁ ရက်နံနက်အစောပိုင်း၌ မိုင်းလား မှ ကျိုင်းတုံသို့သွားရောက်မည်ဟု PCG ကပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့၏ ဆွေးနွေးပွဲ နံနက် ၁၀ နာရီခန့်၌ စတင်နိုင် ဖွယ်ရှိသည်ဟုပြော သည်။
‘‘လုံခြုံရေးက ဒီဘက်ပိုင်းမှာ တပ်ကနေ အားလုံးလုံခြုံရေးယူ ပေးတာလေ။ မြောက်ပိုင်းအဖွဲ့ တွေ ကျတော့ တရုတ်ဘက်က ရဲ ဘက်က ရိုးရိုးအရပ်ဝတ်နဲ့လိုက် ပေးတဲ့သဘောပါပဲ။ လမ်းတစ် လျှောက်လုံး လုံခြုံရေးကတော့ မြန်မာ့တပ်မတော်ကနေ တာ ၀န်ယူထားတာ’’ ဟု ဦးလမိုင်ဂွန် ဂျာက ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့နှင့်အတူ တရုတ်ရဲအချို့ လိုက်ပါလာခြင်းနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ‘‘ကျွန်တော် သိသလောက်တော့ တချို့က လည်းသူက အဲဒီကိုလာတဲ့အခါ မှာတရုတ်နိုင်ငံထဲက လာရတာ ရှိပါတယ်။ အဲဒီအကြောင်း ကြောင့်ဖြစ်ပါတယ်’’ဟု ပြောသည်။
အစိုးရနှင့်နီးစပ်သူတစ်ဦးက မူမြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များနှင့်အတူ တရုတ်ရဲအရာရှိ ဟောင်းအချို့ လိုက်လာမည်ဟု သိထားကြောင်း ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနက် TNLA, AAနှင့် MNDAA တို့သည်တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခြင်း၊ AA ခေါင်းဆောင်များ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရခြင်း ကြောင့် ၎င်းတို့ကိုယ်စားလှယ် များ၏ လုံခြုံရေးအပေါ် စိုးရိမ် ကြောင်း TNLAနှင့် AA တို့က ထုတ်ဖော်ပြောကြားထားသည်။
အစိုးရနှင့် တပ်မတော်ကမူ အစိုးရကဖိတ်ကြားသည့် ဆွေး နွေးပွဲသို့လာရောက်မည့် ကိုယ် စားလှယ်များလုံခြုံရေးကို အာ မခံကြောင်း ပြောကြားထားသည်။
Source: 7 Day
Comments
Post a Comment