The Ladies News
တပ်မတော်၏ ပဏာမအပစ်ရပ်စာချုပ်ပါ အချက်များကို လက်မခံဟု မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်
--- --- ---
--- --- ---
သြဂုတ်လ ၃၁ ရက်နေ့တွင် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်းအဖွဲ့ များဖြစ်သည့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA)၊
ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) ၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြု ပြီးသည့်နောက် သြဂုတ်လ ၂၉ ရက်တွင် မြောက်ပိုင်းသုံးဖွဲ့က တပ်မတော်၏ ပဏာမအပစ်ရပ် စာချုပ်ပါ အချက်များကို လက်မခံ ကြောင်း ကြေညာချက် ထုတ်ပြန်သည်။
ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) ၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြု ပြီးသည့်နောက် သြဂုတ်လ ၂၉ ရက်တွင် မြောက်ပိုင်းသုံးဖွဲ့က တပ်မတော်၏ ပဏာမအပစ်ရပ် စာချုပ်ပါ အချက်များကို လက်မခံ ကြောင်း ကြေညာချက် ထုတ်ပြန်သည်။
TNLA, AA, MNDAA သုံးဖွဲ့၏ ကြေညာချက်ထဲတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် NRPC မှတစ်ဆင့် ပေးခဲ့သော မြန်မာစစ်တပ်ဖက်မှ ရေးသားထားသည့် ပဏာမ အပစ်ရပ်စာချုပ်ပါ အချက်အလက်နှင့် အကြောင်းပြချက်များမှာ တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ် စေရန်အတွက် အတားအဆီးများ ဖြစ်နေခဲ့ကြောင်း၊ မိမိတို့ အဖွဲ့ အစည်းများ အနေဖြင့်လည်း လက်ခံ၍မရနိုင်သော အကြောင်းအရာ များသာဖြစ်နေခဲ့သည်ဟု ဖေါ်ပြထားသည်။
မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားရေးရာ သုတေသီ တစ်ဦးဖြစ်သူ ဦးမောင်မောင်စိုး က `အဓိကတော့ အဆိုပြုချ က်နှစ်ခု ကွာတာပါ။ အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးဖို့အတွက် တပ်မတော်ဘက်က အဆိုပြုထားတာနဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ အဆိုပြု ထားတာ ကွာဟနေတာ။ မြောက်ပိုင်းသုံးဖွဲ့ရဲ့ အဆိုပြူချက်ကတော့ တပ်တွေရောက်တဲ့ နေရာမှာ ရပ်ပြီးတော့ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးရေးဖြစ်ပါတယ်။ တပ်မတော်ကတော့ သူတို့သတ်မှတ်ထားတဲ့ နေရာမှာ နေရေပေါ့။ ဥပမာ ဆိုပါတော့ AA ဆိုရင် လိုက်ဇာမှာပဲ ရှိရမယ်။ ကိုးကန့်ဆိုရင် မြောက်ပိုင်းက ဟုန်အိုင်းမှာပဲ ရှိရမယ်။ TNLA ဆိုရင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသထဲမှာ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ။ အဲဒီ ကန့်သတ်ချက်တွေကို သူတို့လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ`ဟု The Ladies News သို့ သုံးသပ် ပြောကြားသည်။
တပ်မတော်ဘက်မှ အဆိုပြုထားသည့် ပဏာမအပစ်ရပ်စာချုပ်ပါ အချက်များကို လက်မခံကြောင်း ဆွေးနွေးပွဲ မစခင်တွင် မြောက်ပိုင်း သုံးဖွဲ့က ၄င်းတို့၏ သဘောထားကို ကြိုပြောထားခြင်းလည်း ဖြစ်သည်ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် မိုင်းလားမြို့၌ NRPC နှင့် မြောက်ပိုင်း အဖွဲ့ များဖြစ်သည့် KIA, TNLA, AA, MNDAA တို့ တွေ့ဆုံဆွေးနွေးမှု ပြီးသည့်နောက်တွင်မူ ထပ်မံတွေ့ဆုံ ဆွေးနွေးရန်အတွက် နေရာ ရွေးချယ်ရာတွင် သဘောတူညီမှု မရရှိသောကြောင့် တွေ့ဆုံ ဆွေးနွေးပွဲမှာ အထမမြောက်ဘဲ ကြန့်ကြာနေရခြင်းဖြစ်သည်။
ထို့အပြင် သြဂုတ်လ ၁၅ ရက်နေ့တွင် မြောက်ပိုင်းသုံးဖွဲ့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအ၀င် နေရာ ၅ နေရာအား အလစ်အငိုက် တစ်ပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ပြီးသည့် နောက်ပိုင်းတွင် ရှမ်းမြောက်ဒေသ၌ တစ်ကျော့ပြန် တိုက်ပွဲများလည်း ပြင်းထန်လာခဲ့သည်။
တိုက်ပွဲများဖြစ်ပွားနေသည့် အပြင် မြောက်ပိုင်းသုံးဖွဲ့က ဒေသတွင်း၌ အရေးပါသည့် တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ မြန်မာ- တရုတ် နယ်စပ် ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေသော ကုန်တင်ကား များနှင့် အိမ်စီးကားများကို မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်သောကြောင့် လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများလည်း ပြတ်တာက် ခဲ့ရသည်။
Credit - Myo Thant Aung
အောင်ရဲနောင်
The Ladies News
အောင်ရဲနောင်
The Ladies News

Comments
Post a Comment