Skip to main content
Posts
Showing posts from August, 2019
မြန်မာပလာဇာ ရှေ့ ဆေးပြား (၄၀၀) ဖမ်းမိ ရာမှ ကွင်းဆက်များအဖြစ် အေအေအဖွဲ့ နှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား (၂၆) သိန်းကျော် ဖမ်းမိ
  admin   0 Comments မြန်မာပလာဇာ ရှေ့ ဆေးပြား (၄၀၀) ဖမ်းမိ ရာမှ ကွင်းဆက်အဖြစ် အေအေ အဖွဲ့နှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား (၂၆) သိန်းကျော် ဖမ်းမိ ဩဂုတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နေ့ခင်း ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ သည် သတင်းအရ ရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့ တွင် ထွဋ်အောင်လွင် (၂၈)နှစ်နှင့် ကြည်ခိုင်(၄၀)နှစ် တို့ အား ရှာဖွေ စစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား ဖမ်းဆီးရမိပြီး ထွက်ဆို ချက်များ အရ ၎င်းတို့ မူးယစ်ဆေးဝါး ဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက် ရပ်ကွက် ၊ ဇလွန်လမ်း နေ မအေးအေးဝင်း (ခ) စုလှိုင် (၂၈)နှစ်၏ နေအိမ်သို့ ဆက်လက် ရှာဖွေ စစ်ဆေးရာ ၎င်း အမျိုးသမီးနှင့် အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၈၀၀ ပြား သိမ်းဆည်း ရမိခဲ့ကြောင်း။ တရားခံ မအေးအေးဝင်း(ခ) စုလှိုင် ၏ ထွက်ဆိုချက် အရ ၎င်း မူးယစ်ဆေးဝါးဝယ်ယူခဲ့သည့် မခိုင်ခိုင်(၃၂)နှစ် နှင့် နိုင်နိုင်ထွန်း(၂၈)နှစ် တို့ မောင်နှမ (၂) ဦး ငှားရမ်း နေထိုင်သော ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၇) ရပ်ကွက်၊ ရတနာ အိမ်ရာ(၁)၊ ရတနာလမ်း ရှိနေအိမ်သို့ စစ်ဆေး ရှာဖွေရာ ၎င်းတို့နှင့် အတူ စိတ်ကြွရူးသွပ်ဆေး
အစိုးရကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဆွေးနွေးနေစဉ် တိုက်ပွဲဖြစ် မိခင်အပါအဝင် ၅ ဦးသေဆုံ
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ ဒီကနေ့ သြဂုတ် ၃၁ရက်နေ့ မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်ဟိတ်စုစည်းကျေးရွာအတွင်းလက်နက်ကြီးကျလို့ လသားကလေးငယ်နဲ့မိခင် အပါအဝင် လူ ၅ ဦးသေဆုံးသွားခဲ့ပါတယ်။ ' ' ဒဏ်ရာ ရတဲ့ ၂ယောက်ကိုတော့ လားရှိုးဆေးရုံကို ပို့လိုက်ပြီ။ ဆုံးသွားတာတော့ ၅ဦးပါ။ လသား ကလေးငယ်တစ်ယောက်ရယ် မိခင်ရယ်၊ နောက်ထပ် ၈ နှစ်အရွယ် ယောကျာ်းလေး တစ်ယောက် လည်း ပါတယ်။''လို့ အခင်းဖြစ်ရာကို သွားရောက်ကူညီခဲ့တဲ့ မြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းက အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဒီကနေ့မနက် အစောပိုင်းကတည်းကကွတ်ခိုင်မြို့ပေါ်ရပ်ကွက်တွေမှာပါ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၈ မှာပါ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် အဆိုပါရပ်ကွက်မှာရှိတဲ့ မသန်စွမ်း ကျောင်းက ကလေးငယ်တွေကို ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ကျောင်း တာဝန်ခံ ဒေါ်မိုင်းမိုင်းက ဘီဘီစီကိုပြောပါတယ်။ ''မနက်ကတည်းက နှစ်ဘက်ပစ်ခတ်သံတွေကြားနေရတာ၊ ကျောင်းနားမှာပါဖြစ်နေလို့ ကလေးတွေကို လွတ်တဲ့ဆီပို့ထားရတယ်။ ကျောင်းနားမှာဖြစ်နေတာ ဒီကိုတော့လက်န
ခရီးသည်တင်ယာဉ် အပါအဝင် ယာဉ်လေးစီးကို မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့က မီးရှို့မှု ထပ်မံ ဖြစ်ပွား
လားရှိုး နှင့် သိန္နီမြို့ကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ် အပါအဝင် ယာဉ်လေးစီးကို မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့က မီးရှို့မှု ထပ်မံ ဖြစ်ပွား ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နှင့် သိန္နီမြို့ကြား၊ မိုင်းလီကျေးရွာ နှင့် ပန်ဖတ်ကျေးရွာအနီး၊ မိုင်တိုင် အမှတ် ၁၉၂ မိုင် ၅ ဖာလုံ နှင့် ၁၉၂ မိုင် ၆ ဖာလုံကြားရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာနေသော မော်တော်ယာဉ် (၄) စီး သြဂုတ်လ ၃၀ ရက်နေ့ နံနက် (၆)နာရီ အချိန်ခန့်က မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မီးရှို့ဖျက်ဆီးခံရသည့် ယာဉ်များတွင် ခရီးသည်တင် Express မှန်လုံယာဉ်တစ်စီး ၊ Hijet ယာဉ်တစ်စီး၊ Wish ယာဉ်တစ်စီး ၊ ဈေးသည်တစ်ဦး၏ ဆိုင်ကယ်တစ်စီး တို့ဖြစ်ကြောင်း သိရသည်။ “ ကျွန်တော်က ရှေ့က မှန်လုံယာဉ်နှစ်စီးကို အမီလိုက်တာ။သူတို့ကွေ့သွားတာ မြင်ပြီး ကျွန်တော်က အမီလိုက်တယ်။ အဲဒီအချိန် တောင်ပေါ်ကနေ လက်နက်ကိုင်တွေ ဆင်းလာပြီး ကျွန်တော်တို့ကားကို တားတယ်။ ကားကို ကန့်လန့်ခံခိုင်းတယ်။ကန့်လန့်ခံပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို အောက်ဆင်းခိုင်းတယ်။ ခရီးသည်တွေ ပါသေးလားလို့မေးတယ်။ခရ
ဆေးဆိုးစရာမလိုပဲ ဆံပင် ဖြူတွေ သဘာဝအတိုင်း ပြန်နက်စေဖို့
ဘဏ်ချေးငွေ ပြန်ဆပ်နိုင်မှုမရှိသဖြင့် လုပ်ငန်းရှင်ကြီး ၅၀ တရားစွဲဆိုခံရဖွယ်ရှိသည့်အခြေအနေ ဆိုက်ရောက်နေကြောင်းနှင့် ထိုလုပ်ငန်းရှင်ကြီးများ ထိခိုက်မှုအပြင် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများအပေါ်ပါ သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း ထောက်ပြ
ဘဏ်ချေးငွေ ပြန်ဆပ်နိုင်မှုမရှိသဖြင့် လုပ်ငန်းရှင်ကြီး ၅၀ ခန့် တရားစွဲဆိုခံရဖွယ်ရှိသဖြင့် ထိုလုပ်ငန်းရှင်ကြီးများ ထိခိုက်မှုအပြင် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများအပေါ်ပါ သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားသည်။“လွန်ခဲ့တဲ့ နှစ်လလောက်က စသိရတာ။ အကြီးဆုံး ၅၀ ကို စလုပ်ခိုင်းတာ။ ဒါပေမဲ့ သူတို့ တစ်ဆင့်ချင်းတော့ သွားမှာပေါ့” ဟု ဦး မျိုးမြင့်က ပြောကြားသည်။ဆောက်လုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ထုတ်ချေးထားသည့် ကြွေးမြီများကို ဘဏ်များက စက်တင်ဘာလကုန်တွင် တောင်းခံမည်ဆိုသဖြင့် ထို့သို့တောင်းခံပါက စီးပွားရေးလုပ်ငန်းများ အကျပ်အတည်းဖြစ်ပေါ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ ပြိုလဲမည်ကို အဓိကစိုးရိမ်ကြောင်း လုပ်ငန်းရှင်များက သြဂုတ် ၂၂ ရက်တွင် တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားပြီးနောက် လက်ရှိအ ခြေအနေအပေါ် ဦးမျိုးမြင့်က ပြောကြားခြင်းဖြစ်သည်။“တကယ် စီးပွားရေးလုပ်နေတဲ့သူတွေ မေးလိုက်ရင် ယေဘုယျအားဖြင့်တော့ လူတ
ဝင်းနှင့်ဇော် အတွက်ထိုင်းဘုရင်မင်းမြတ်မဟာဝါဇီရာလောင်ကွန်မှ သိရှိပြီး အမှုကို ရုတ်သိမ်းပေးရန်
 ·  New အားလုံးး ဝမ်းသာကြလို့ရပါပီလေ မြန်မာပြည်သားတွေရဲ့ စည်းလုံးမှု့ ကို ပြနိုင်ခဲ့ပီလေ လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံရသူ၂ဦးအမှု ထိုင်းဘုရင်မဟာဝါဇီရာလောင်ကွန်မှ သေဒဏ်အမိန့် ဖျက်သိမ်းပေးပြီး အမှုကိုရုတ်သိမ်းပေး၍ လွတ်ငြိမ်းခွင့်ပေးရန် အမိန့်ပေးလိုက်ပြီ သြဂုတ်၃၀ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် မတရားသဖြင့် ဖမ်းဆီးခံရသူ၂ဦး၏ အယူခံရှုံးနိမ့်မှုကြောင့် သေဒဏ်ကျခံ ရတော့မည့် ဝင်းနှင့်ဇော် အတွက် ထိုင်းဘုရင်မင်းမြတ်၏pageအောက်တွင် မြန်မာနိုင်ငံသားများ၏အသနားခံ ရေးသားမှုများကို ထိုင်းဘုရင်မင်းမြတ်မဟာဝါဇီရာလောင်ကွန်မှ သိရှိပြီး အမှုကို ရုတ်သိမ်းပေးရန် ထိုင်းရဲတပ်ဖွဲ့ကို အမိန့်ပေးစေခိုင်းလိုက်ပြီ ဖြစ်ပါသည်။ ထိုင်းဘုရင်အသစ်သည်ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနဲ့သာယာနွေးထွေးသောဆက်ဆံရေးမျိုးကိုလိုလားသူဖြစ်ပြီး ယခုအမှုစွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦးအမှု၌လည်း ထိုင်းနိုင်ငံ၏သဘောထားကြီးမှု၊လူသားချင်းစာနာမှု၊အိမ်နီးချင်းကောင်းပီသမှုကိုပြသသည့်အနေဖြင့်အမှုကိုရုတ်သိမ်းပေးချင်းဖြစ်ကြောင်းသိရသည် အမှုကို ရုပ်သိမ်းပေးပြီးနောက် စွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦးအား နစ်နာကြေးဒေါ်လာ2သန
မြောက်ပိုင်းလေးဖွဲ့နဲ့ ဆွေးနွေးပွဲစတင်
ငြိမ်းချမ်းရေး လက်မှတ် ထိုးရမှ က တရုတ် နဲ့ ထိုးရမှလား မြောက်ပိုင်း လက်နတ်ကိုင် တွေ့နဲ့ လက်မှတ် ထိုးရမှလား........ ဆွေးနွေးပွဲလာမည့် မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်များနှင့်အတူ တရုတ်ရဲအချို့လိုက်ပါလာ ======================== အစိုးရနှင့် ကချင်အ ဖွဲ့(KIO)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့(AA) တို့၏ ကျိုင်းတုံ ဆွေးနွေးပွဲကိုသြဂုတ် ၃၁ ရက် တွင် ကျင်းပမည်ဖြစ်ရာဆွေးနွေး ပွဲသို့ လာမည့်မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့နှင့်အတူ တရုတ် နိုင်ငံမှရဲအချို့ အရပ်ဝတ်ဖြင့် လိုက်ပါလာမည်ဟု သိရကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့ (PCG) မှ ဦးလမိုင် ဂွန်ဂျာက ပြောသည်။ မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့မှ ကိုယ်စားလှယ်များ သည်သြဂုတ် ၃၀ ရက်တွင် မိုင်း လားလက်နက်ကိုင်အဖွဲ့ နယ် မြေသို့ ရောက်ရှိပြီးသြဂုတ် ၃၁ ရက်နံနက်အစောပိုင်း၌ မိုင်းလား မှ ကျိုင်းတုံသို့သွားရောက်မည်ဟု PCG ကပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့၏ ဆွေးနွေးပွဲ နံနက် ၁၀ နာရီခန့်၌ စတင်နိုင် ဖွယ်ရှိသည်ဟုပြော သည်။ ‘‘လုံခြုံရေးက ဒီဘက်ပိုင်းမှာ တပ်ကနေ အားလုံးလုံခြုံရေးယူ ပေးတာလေ။ မြောက်ပိုင်းအဖွဲ့ တေ