Skip to main content

သီဟသူရ ဗိုလ်ချူပ်ကြီးတင်အောင်မြင့်ဦး( ငြိမ်း ) ကတော့အမှန်တွေကို ထောက်ပြလိုက်ပါပြီ ။

သည်။
အစိုးရသစ် စတက်လာတော့ လက်ထဲမှာ
ဘာငွေမှ မရှိလို့ သန်းတစ်ရာလောက် အကူအညီရဖို့ ခြေတိုအောင် ကမ္ဘာပတ်ခဲ့ရတယ်။
အကူအညီအတွက် ကတိတွေ ရလာပြီးကာမှ ရခိုင်အရေး ထဖြစ်တော့ အကူအညီတွေ တော်တော်များများ ပြန်ရုတ်သိမ်းသွားကြတယ် ။
အကျိုးဆက်အနေနဲ့ တိုင်းပြည်က ပြန်လည် ထူထောင်ဖို့ ကို့အားသာ ကိုယ်ကိုးနေရတော့တယ် ။ EU က စစ်ဘက်ခေါင်းဆောင်တွေကို စီးပွားရေးပိတ်ဆို့အရေးယူဖို့ ကြေညာတယ် ဆိုပေမယ့် သူတို့အတွက်က အေးဆေးပါပဲဗျာ ။
မြန်မာတနိုင်ငံလုံးမှာ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့
ဦးပိုင်ရဲ့ ပိုင်ဆိုင်မှုအစုစုက အမေရိကန် ဒေါ်လာ ဘီလီယံ ၈၀ ရှိတယ်လို့ ဥရောပသမဂ္ဂက ကြေညာထားတယ်။ စာရင်းစစ်ချုပ်ရုံးမှာ လ္ဘက်ရည်သွားသောက်နေကြ ကျုပ်လည်း သိတာပေါ့ဗျာ ။
မြန်မာငွေနဲ့ဆို ကျပ်ဘီလီယံပေါင်း
၁၀၈,၀၀၀ ရှိပာတယ်။?
အစိုးရ ပြည်သူဆီက ရတဲ့အခွန်က ဘဏ္ဏာနှစ် တစ်နှစ်မှာ ကျပ်ဘီလီယံ ၅၀၀၀ လောက်ပဲရှိတယ် ပြောရရင်တော့ ဦးပိုင်ရဲ့ အစွန်းထွက်လောက်တောင် အစိုးရက မချမ်းသာဘူး။
အခြားမကြည့်နဲ့ Mytel လို ဆက်သွယ်ရေး
ကုမ္ပဏီမှာ ဦးပိုင်လက်အောက်က MEC က
ဒေါ်လာ သန်းထောင်ချီ ပက်ကနဲ
ရင်းနှီးမြုပ်နှံနိုင်ပေမယ့် အစိုးရက မလုပ်နိုင်ပာဘူးဗျာ။ ဒီတိုင်းပြည်မှာ အစိုးရက
သူဘက်ဂျက်ထုတ်ပေးနေရတဲ့
စစ်တပ်လောက် မချမ်းသာဘူး ဆိုတာ
Mytel နဲ့တင် သိနိုင်ပာတယ် ။
စစ်တပ်ချမ်းသာနေတော့ရော
တိုင်းပြည်အတွက် သာမက တပ်မတော်သားတွေနဲ့ ပြည်သူလူထုမှာပါ ဘယ်လို အကျိုးတရားတွေ ပြန်ရဖူးခဲ့လဲ။
မြန်မာနိုင်ငံရဲ့ နိုင်ငံတကာအပေါ် တင်ရှိနေတဲ့ ကြွေးမှီက ဒေါ်လာ ၉ ဘီလီယံကျော် ပဲရှိတယ် ။ နိုင်ငံသားတစ်ဦးချင်း အနေနဲ့ ကြွေး ၂၄၅,၀၀၀ စီရှိနေတယ် ။
ဦးပိုင်ရဲ့ ပိုင်ဆိုင်မှု ဘီလီယံ ၈၀ ကို
တပ်မတော်သား ၅ သိန်းအတွက် ပြန်ခွဲမယ်ဆိုရင် တပ်မတော်သားတစ်ဦး အတွက် ကျပ်သန်းပေါင်း ၂၁၆ သန်းဝေခွဲပေးလို့ရတယ် ။
ပြည်သူ သန်း ၅၀ အတွက် ခွဲဝေပေးမယ်ဆိုရင် ပြည်သူတစ်ဦးကို ၂၁၆၀,၀၀၀ စီ ခွဲဝေပေးလို့ရတယ် အကြွေး တစ်ယောက် ၂၄၅,၀၀၀ စီဆပ်ပြီးရင်တောင် တစ်ယောက်စီအတွက် ၁,၉၁၅,၀၀၀ စီကျန်သေးတယ်။
လောလောဆယ်မှာတော့ ဒီပိုင်ဆိုင်မှုတွေကို တပ်မတော်သားတွေရော ပြည်သူတွေအတွက်ပါ ဘာခံစားခွင့်မှ မရပဲ လက်တစ်ဆုပ်စာ လူတစ်စုပဲ ခံစားစံစားနေပြီး အရိုးအရင်းလောက် ကိုက်ရသူတွေက အဲ့ဒီ့လက်တစ်ဆုပ်စာ အဖွဲ့အစည်းကို ပြန်ပြီး ကာကွယ်ပေးနေကြတယ်ဗျ ။
နိုင်ငံတော်က မြေ၊ အဆောက်အဦး၊ ငွေကြေး လုပ်အား စတဲ့ အရင်းအနှီးနဲ့ မတည်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေကို တတိုင်းပြည်လုံးက ပြည်သူတွေ ခံစားစံစားခွင့် မရပဲ အမျိုးချစ်ပါတယ်၊ တိုင်းပြည်ကိုချစ်ပါတယ်၊ ပြည်သူလူထုကို စောင့်ရှောက်ကာကွယ်နေပါတယ် လို့ တနေ့အခါတစ်ရာလောက် ရွတ်ပြနေသူတွေက ရယူမှု အနဲဆုံးနဲ့ ပေးဆပ်မှု အများဆုံး သိမ်းကျုံးပေးဆပ်မဝ ဖြစ်နေကြတာကြောင့် ...
တပ်မတော်အနေနဲ့ နိုင်ငံရေးက ခွာနိုင်မှာ မဟုတ်သလို တိုင်းပြည်ချမ်းသာဖို့ ပြည်သူတွေ လူတန်းစေ့ နေနိုင်ဖို့ ဆိုတာကလည်း ဒီအတိုင်းဆက်သွား နေသရွေ့တော့ အလှမ်းဝေးနေပါဦးမယ် ...
Crd# သီဟသူရ တင်အောင်မြင့်ဦး
🔖မောင်မာ(မုံရွာသား)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...