တစ်နိုင်ငံလုံးရှိအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်များကို ၄၅ ရက် အတွင်း ဖြုတ်သိမ်းရမည်ဖြစ်ကြောင်
တစ်နိုင်ငံလုံးရှိအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်များကို ၄၅ ရက် အတွင်း ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
ဇူလိုင်လ ၃၀ ရက်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်တွင် အဆိုပါ အသင်းအဖွဲ့နှင့် အမည်များသုံးစွဲခွင့်မပြုရန် ကြေညာခဲ့ခြင်းဖြစ်သည်။
သတင်းထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၉ ရက်၌ကျင်းပသော နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေးမှ ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း သိရသည်။
ချမှတ်ချက်များအရအမျိုးဘာသာ ၊သာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းသည် တရားမ၀င်ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သာ ဆုံးဖြတ်ရန်၊ ၄င်းအဖွဲ့အမည်သုံး၍ မည်သည့်အမှုကိစ္စမှ ဆောင်ရွက်ခြင်းမပြုရန်၊ ထို့အပြင် တစ်နိုင်ငံလုံးရှိဆိုင်းဘုတ်များကို ၄၅ရက်အတွင်းဖြုတ်သိမ်းရန် ၊ အထက်ပါ ဆုံးဖြတ်ချက်များကိုမလိုက်နာသည့် လူပုဂ္ဂိုလ်ဖြစ်လျှင်သက်ဆိုင်ရာတည်ဆဲဥပဒေအရအရေးယူရန်၊ ရဟန်းသံဃာဖြစ်ပါကသံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ဖြင့်အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့သည် ယခင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)ဟူ၍ အသင်းအဖွဲ့မှ ပယ်ဖျက်ခံရသောကြောင့် အစားထိုးအမည်ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။
အဆိုပါ အသင်းအဖွဲ့တွင် ရဟန်းသံဃာများ ၊ မျိုးချစ်လူပုဂ္ဂိုလ်များလည်းပါဝင်ပြီးလက်ရှိ အဆိုပါအဖွဲ့တွင် ပါဝင်သည့် ဆရာတော် ဦးဝီရသူမှာ ပုဒ်မ- ၁၂၄ ဖြင့် တရားစွဲဆိုခြင်းခံထားရသည်။

အကုန်သိ.
Comments
Post a Comment