Tin Ko Ko Oo သည် ထူး ဇော်၊ အခွား ၂ ဦး တို့နှင့်အတူ နေပြည်တော် စည္ပင္ရိပ္သာတွင် ရှိနေသည်။
ဥပဒေနဲ့မညီဘူးလို့ ပြောတာကို စိစစ်ကြည့်မိတော့
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်
ပုဒ်မ ၄၃၄ အရ
ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်း တင်သွင်းရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ % က
အဆိုပြု ဥပဒေမူကြမ်းကို တင်ပြလာခဲ့ရင်
ပုဒ်မ ၄၃၅ အရ
ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးရမှာ ဖြစ်ပါတယ်။

၂၀% ဖြစ်တဲ့အတွက်
လက်ရှိပြည်ထောင်စုလွှတ်တော်မှာ
ကာကွယ်ရေးဦးချုပ်က ရွေးချယ်တဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့သက်သက် (သို့)
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ထောက်ခံမှုပေးတဲ့
မည်သည့်ပါတီ၊ မည်သည့်ကိုယ်စားလှယ်မဆို
ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဥပဒေကြမ်းတင်သွင်းခွင့် ရပြီးသား ဖြစ်ပါတယ်။

ဥပမာ။
ပြည်ခိုင်ဖြိုးက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ တင်လာနိုင်တာ
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ထောက်ခံတဲ့အတွက်
တင်လာနိုင်တာ ဖြစ်ပါတယ်။
............
ဥပဒေ ပုဒ်မ ၄၃၅ အတိုင်း ဥပဒေကြမ်းတင်မယ်ဆို
ကိုယ်စားလှယ်အများဆုံးအနိုင်ရထားတဲ့NLD ပါတီက
ကိုယ်စားလှယ်အချိုးအစားအရ မိမိပါတီ စိတ်ကြိုက်ရေးဆွဲပြီး
တင်နိုင်ပါတယ်။

ဒါပေမယ့် NLDက လွှတ်တော်ကိုယ်စားလှယ်အသီးသီးရဲ့
ကိုယ်စားပြုမှုကို လေးစားပြီး အားလုံးပါဝင်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်ဖို့ ကြိုးစားတယ်လို့ နားလည်ပါတယ်။
.............

ပြောချင်တာက ဒီနေရာပါ။
အခု NLDက အဲ့ဒီဥပဒေမူကြမ်းကို ရေးဆွဲဖို့အတွက်
ပါတီအသီးသီးက
ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေအပြင်
တပ်မတော်သားကိုယ်စားလှယ်တွေကိုပါ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီအစုအဖွဲ့ကနေ တင်ပြလာတဲ့ အစီရင်ခံစါအပေါ် ဆွေးနွေးပြီး
ပြင်ဆင်တဲ့ဥပဒေကြမ်း ဖြစ်လာပါလိမ့်မယ်။
...............
ဘာကြောင့် ဥပဒေနဲ့မညီဘူးလို့ မှတ်ချက်ပြုခြင်းရဲ့
နောက်ကွယ်ကို စဉ်းစားကြည့်ရင်

၁။
NLD က မိမိစိတ်ကြိုက် ဥပဒေကြမ်းရေးဆွဲပြီးတင်ခဲ့ရင်.....
NLD က တစ်စု၊
အခြားပါတီအသီးသီးနဲ့ တပ်မတော်သားအစုအဖွဲ့က တစ်စု ဆိုပြီး
အုပ်စုနှစ်ခုဖြစ်လာစရာ(သို့)
ဖြစ်လာအောင် လုပ်ဖို့ ရှိလာမှာ ဖြစ်ပါတယ်။

အဲ့ဒီအခါ NLD အတွက် အကြပ်အတည်းနဲ့ ရင်ဆိုင်ရစရာ ရှိပါတယ်။
ဒီအခြေအနေဖြစ်လာရင် NLD ကို အာဏာရှင် အမည်တပ်လာစရာ ၊ စွပ်စွဲလာစရာ ဖြစ်လာပါမယ်။
...........
၂။ အခုလို NLD က ပါတီအသီးသီးနဲ့တပ်မတော်သားအစုအဖွဲ့ကို
ဖိတ်ခေါ်ပြီး လေ့လာသုံးသပ်လိုက်တော့

ရွေးချယ်ခံကိုယ်စားလှယ်အသီးသီးက တစ်စု၊
မည်သည့်ပြင်ဆင်ချက်မျှမတင်၊ ဝင်ရောက်ဆွေးနွေးခြင်းမျှမရှိတဲ့ တပ်မတော်သားအစုအဖွဲ့က တစ်စု
ဆိုပြီး
ပြည်သူလူထုက မြင်လာနိုင်စရာ ဖြစ်လာပါတယ်။

ဒါက တပ်မတော်အတွက် မဆွေးနွေးရအခက်၊ ဆွေးနွေးရအခက်နဲ့ အကျဉ်းအကြပ်ဖြစ်စေပါတယ်။
........
တကယ်တမ်း ကျွန်တော်တို့လုပ်ရမှာက
ပြည်သူလူထု အကျဉ်အကြပ် မဖြစ်စေဖို့ ဆိုတဲ့
စိတ်ရင်း၊ စေတနာကောင်း ထားနိုင်ဖို့သာ အဓိက ဖြစ်ကြောင်းပါ။

Comments
Post a Comment