Skip to main content

အပါး​တော်​မြဲ ဗိုလ်​ထွန်းလှ ​မှ ဓမ္မ​စေတီဆရာ​တော်​ကို ​​​ပြောပြတဲ့ ဗိုလ်​ချုပ်​​အောင်​ဆန်း​ရဲ့ ​နောက်​ဆုံး​နေ့​တွေနဲ့ ​နောက်​ဆုံးအချိန်

😭😭


အပါး​တော်​မြဲ ဗိုလ်​ထွန်းလှ ​မှ

ဓမ္မ​စေတီဆရာ​တော်​ကို ​​​ပြောပြတဲ့
ဗိုလ်​ချုပ်​​အောင်​ဆန်း​ရဲ့ ​နောက်​ဆုံး​နေ့​တွေနဲ့
နောက်​ဆုံးအချိန်​သေနတ်​ဒဏ်​ရာ အများဆုံး ၁၃ ချက်​မှန်​ထားတာ​တောင်
"​ဟေ့​ကောင်​ ထွန်းလှ ငါက ရပါ​သေးတယ်​ကွ
လူကြီး​တွေကို အရင်​ကြည့်​ပါကွာ " တဲ့
ပြော ထွက်​​သေးတယ်​ 😭😭😭😭😭😭😭
ပဲပြုတ်​နဲ့ နံပြား​​လေးကို ရရင်​ စားချင်​တဲ့ ဗိုလ်​ချုပ်​ .......
အခုများတော့ ကိုယ့်​​အောက်​က ဝန်​ထမ်း​တွေ
ဘယ်​လို အ​ခြေအ​နေရှိလဲ ဘာ​တွေလိုအပ်​လဲ
သေခြာ မသိဘဲ မရ ရ​အောင်​လုပ်
မဖြစ်​ ဖြစ်​​အောင်​လုပ်​ဆိုတဲ့ တယူသန်​ အာဏာရှင်​​တွေ
ဖြစ်​မှန်းမသိ ဖြစ်​​နေကြပါပြီ ဗိုလ်​ချုပ်​ .......
အိန္ဒိယအသွား မိန်းမမှာလိုက်​တဲ့
ပိတ်​စ​လေး​တောင်​ ဗိုလ်​ချုပ်​က ဝယ်​မ​ပေးနိုင်​​ပေမယ့်
အခုများတော့ မိန်းမနဲ့ သားသမီး​တွေ အတွက်
သိန်း ၃၀ ၊ ၄၀ တန်​ လက်​ကိုင်​အိတ်​​တွေ
သိန်းရာ​ကျော်​တန်​ နာရီ​တွေ
သိန်း​ထောင်​​ကျော်​တန်​ ကား​တွေ နဲ့
သိန်း ​သောင်း​ကျော်​တန်​ အိမ်​​တွေ ကုမ္ပဏီ​တွေပါ
ပေးနိုင်​​နေပါပြီ ဗိုလ်​ချုပ်​ .......
တိုင်းပြည်​မှာ ရာထူးအကြီးဆုံး
ပြည်​သူ​တွေ အချစ်​ဆုံး ဗိုလ်​ချုပ်​က
သမီး​လေး ခမည်း​ပေးဖို့ ​ရွှေ​ ​ရွေးသား​လောက်
နားကပ်​​လေး​တောင်​ မဆင်​နိုင်​​ပေမယ့်
အခုများတော့ တိုင်းမူးအဆင့်​ လူက
တိုင်းပြည်​အ​ကြွေး​တွေ ​ကျေနိုင်​​လောက်​တဲ့ ပမာဏ
ရွှေ တန်​ချိန်​ ၂၀၀ ​လောက်​ လာဘ်​စားလို့ အ​ရေးယူ
လိုက်​ပါတယ်​​ပြော​ပေမယ်​ အဲ့ဒီ ​ရွှေ တန်​ချိန်​ ၂၀၀ ကို
ဘာလုပ်​လိုက်​ပါတယ်​လို့ ပြည်​သူ​တွေ မသိရပါဘူး.....
ရဲ​ဘော်​​လေး​တွေနဲ့ တသားတည်း ထမင်းကြမ်းနဲ့
ခရမ်းချဉ်​သီးချက်​ ဗိုလ်​ချုပ်​ကအတူတူ စားခဲ့​ပေမယ့်
အခုများတော့ ​ရဲ​ဘော်​​လေး​တွေက ​တောထဲမှာ
ငှက်​​ပျောအူနဲ့ ထမင်းကြမ်းကို ဖတ်​ရွက်​ခင်းပြီး
စား​နေကြ​ပေမယ့်​ သူတို့နဲ့ သူတို့သားသမီး​တွေက​တော့
မြိုထဲက နာမည်​ကြီးဆိုင်​က မဟုပ်​ရင်​ မစားချင်​ကြပါဘူး
ဗိုလ်​ချုပ်​ရယ်​ .......
ရဲ​ဘော်​​လေး​တွေကို အိမ်​အလုပ်​ ခိုင်းတာ
ဗိုလ်​ချုပ်​က မကြိုက်​​ပေမယ့်
အခုများ​တော့ ရဲ​ဘော်​​လေး​တွေရဲ့ မိန်းမနဲ့
သားသမီး​တွေပါ ခိုင်​စား​နေကြတယ်​ ဗိုလ်​ချုပ်​ .......
လွတ်​လပ်​​ရေး ရပြီးရင်​တပ်နဲ့ နိုင်​ငံ​ရေး​လောက က
ထွက်​ပြီး ​မေမြို့ မှာ ခြံ​လေးဝယ်​ပြီး စာ​ရေးချင်​​ပေမယ့်
ခြံဝယ်​ဖို့ပိုက်​ဆံ မတက်​နိုင်​ဘူးကွာလို့ ဗိုလ်​ချုပ်​က
ပြောခဲ့​ပေမယ့်
အခုများတော့
တိုင်းပြည်​အနှံသိမ်းထားလိုက်​တာ ဧက သန်း​ချီ​နေပါပြီ
ဗိုလ်​ချုပ်​ .......
တိုင်းပြည်​ရဲ့ နံပတ်​တစ်​ ရန်​သူဟာ အကျင့်​ပျတ်​ခြစားတဲ့
ဝန်းထမ်း​တွေလို့ ​ ဗိုလ်​ချုပ်​က ​ပြောခဲ့​ပေမယ့်
အခုများတော့ ဗိုလ်​ချုပ်​ရယ်​ ...😪😪😪
ပိုင်​ဆိုင်​မူ​တွေကျ ချမပြရဲကြဘူး .......
စာရင်းကျ​တော့ အစစ်​မခံရဲကြဘူး .......
ငါတို့သည် တိုင်းပြည်နှင့်လူမျိုး၏ သစ္စာကို
စောင့်သိ ရိုသေပါမည် " စသည်ဖြင့် သစ္စာဆိုသံတွေ
ကြားနေရပေမယ့် အဲ့ဒီ သစ္စာကိုဖောက်ဖြတ်ရင်
ဘာဖြစ်ပါစေ ညာဖြစ်ပါစေ သစ္စာစူးပါစေဆိုတဲ့
အသံတွေတော့ မကြားရဘူးနော်
ဥပမာ။ ။
"ငါတို့သည် ပြည်သူများနှင့် ပြည့်သူပိုင်ပစ္စည်းများအပေါ်
အာဏာ အလွဲသုံးစားလုပ်၍ အဂတိလိုက်​စားခဲ့ပါက
ကျွန်ုပ်အပါအဝင် သားမြေးမြစ် လျှာနူပြီး
အာဏာကို တခါအလွဲသုံးစားလုပ်တိုင်း
ဖင်မှာ အမှီးတလက်မနုံး ရှည့်၍
သိန်းတစ်ရာ လာဘ်စားတိုင်း
ဦးခေါင်းတွင် ဂျို တလက်မနုံး ထွက်ပါစေ " လို့များ
ဝန်ထမ်းတွေ အားလုံး ကျမ်းကျိန်​ သစ္စာဆိုကြရင် ?????
ကျွန်တော်တို့ပြည်သူတွေ လမ်းပေါ်မှာ
အမှီးတက်ပြီး မနင်းမိ​အောင်
ဂျိုနဲ့ မချိတ်မိအာင် တော်တော်သတိထားပြီး
သွားရမယ်ထင်တယ် 😣😣😣😣😣😣😣
အသိ ဉာဏ်​ပညာ ရှိသူများ
သေရာမပါသည့်ရာထူးအာဏာစည်းစိမ်​ဥစ္စာများအတွက်
သေလွန်ပြီး သံသရာတလျှောက်လုံး ခံစားပေးဆပ်ရမည့်
အကုသိုလ်​အလုပ် များကို ရှောင်ရှား နိုင်ကြပါစေ....
ခန္ဓာကိုယ်​ နဲ့ရင်းပြီး
ဆပ်ရမဲ့ ဝဋ်ကြွေးမှန်သမျှ
ဒီဘဝ ဒီခန္ဓာနဲ့ ကြေပါစေ ....
အမျိုးကောင်း သားသမီးများ
ဆန္ဒ နှင့် ဘဝ
ဝါသနာ နှင့် အလုပ်
ဦး​ဏှောက်​ နှင့် နှလုံးသား တထပ်တည်းကျပြီး
ဒေဝဒတ်လိုရဟန်းသံဃာအတု နှင့်
မွန်​မြတ်​သော ရဟန်းသံဃာအစစ်
လူဆိုး နှင့် လူကောင်း
သူယုတ်မာ နှင့် သူတော်ကောင်း
သာ​ပေါင်းညာစား နှင့် သူငယ်​ချင်းကောင်း
ပွဲလန့်အောင်လုပ်ပြီး ဖျာဝင်ခင်းချင်တဲ့သူ
အမှားနှင့်အမှန် ကောင်းမူ မကောင်းမူ
အကြောင်းအကျိုး အကောင်းအဆိုးကို
မှန်​ကန်​စွာ ဝေဖန်ပိုင်းခြားနိုင်ပြီး
အတ္တကင်းကင်းနဲ့ အများအကျိုးသယ်ပိုးနိုင်သော
အသိပညာရှိသောအမျိုးကောင်း သားသမီးများ
ဖြစ်ကြပါစေ .......
လိုတာရှိရင် အောက်ကဖြည့်ပေးပါ.....
အမှားပါရင် စေတနာ အမှားမို့ ခွင့်လွတ်ပါ.....
စိတ်သဘောထားခြင်း တိုက်ဆိုင်ရင် Share ပေးပါ...
Htet Gyi ရင်တွင်းဖြစ် 😃
( ကြယ်​ငါး​ကောက်​သူ တ​ယောက်​မျှသာ )

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...