ချစ် သဲ ချို သညျ ကောင်း ကင် ကြယ်၊ အခွား ၂ ယောက် တို့နှင့်အတူ ရှိနေသည်။
ဆရာတော်ကြီးနှစ်ပါးအား အာဏာစက်ဖြင့် အရေးယူမည်ဟု ယနေ့ ၃၀.၇.၂၀၁၉ သာဝန်ဌါနမှ ထုတ်ပြန်။
*****************************************
*****************************************
ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအား ၄၅ ရက်အတွင်း ဆိုင်းဘုတ်များမဖြုတ်သိမ်းပါက အရေးယူသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ဆရာတော်တို့အား ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့်အခန်းကဏ္ဍ ပြီးဆုံးသွားပြီဖြစ်၍ အာဏာစက်ဖြင့် အရေးယူနိုင်ရန် နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ၄၇ ပါး စုံညီအစည်းအဝေးအရ ဆုံးဖြတ်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက် ယနေ့တွင် သတင်းထုတ်ချက်အား စိတ်မကောင်းစွာ တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ အဝှမ်းမှာ နေထိုင်ကြသော အမျိုးဘာသာ သာသနာကို
တန်ဖိုးထားကြသော တိုင်းရင်းသား ညီအကို မောင်နှမများ စည်းရုံးညီညာ လက်တွဲဖို့ လိုအပ်နေပါပြီ။
ယနေ့ သာသနာရေးဝန်ကြီးဌါနမှ အောက်ပါအတိုင်း
အချက် ၅ ချက်အားလည်း ထုတ်ပြန်ကြေငြာကြပါတယ်။
မြန်မာနိုင်ငံ အဝှမ်းမှာ နေထိုင်ကြသော အမျိုးဘာသာ သာသနာကို
တန်ဖိုးထားကြသော တိုင်းရင်းသား ညီအကို မောင်နှမများ စည်းရုံးညီညာ လက်တွဲဖို့ လိုအပ်နေပါပြီ။
ယနေ့ သာသနာရေးဝန်ကြီးဌါနမှ အောက်ပါအတိုင်း
အချက် ၅ ချက်အားလည်း ထုတ်ပြန်ကြေငြာကြပါတယ်။
အဆိုပါ ဆုံးဖြတ်ချက် ငါးရပ်မှာ ………
(၁) အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီး၏ လမ်းညွှန်တောင်းခံခြင်းကို ပယ်ချရန်……။
(၂) အဆိုပါအဖွဲ့သည် တရားမဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းသာ ဖြစ်ကြောင်းဆုံးဖြတ်ရန်……။
(၃) ယင်းအဖွဲ့ဝင်အားလုံးသည် ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအမည်ကိုသုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်……။
(၄) မြန် မာပြည်အနှံ့အပြားစိုက်ထူထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းဆိုင်းဘုတ်များကို ဆုံးဖြတ်ချက်ချသည့်နေ့မှ ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်……။
(၅) အထက်ပါ ၃နှင့်၎ ပါ ဆုံးဖြတ်ချက်ကိုလိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်တို့ဖြစ်ကြောင်း သိရသည်…။
ယင်း ကိစ္စများနှင့်ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်စီမံနိုင်စေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော်အစိုးရသို့ တင်ပြသွားရန်ကိုလည်း ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့၏ အဓိကတာဝန်ရှိသည့် ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသ (အင်းစိန်မြို့နယ် ၊ ရွာမ ပရိယတ္တိစာသင်တိုက်) နှင့် ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသ ( ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ ပိဋကသုံးပုံနိကာယ်စာသင်တိုက်) တို့အပေါ် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ယနေ့ ၃၀.၇.၂၀၁၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆရာ တကာ လက်တွဲကာဖြင့် သာသနာအတွက် ကာကွယ်ကြပါစို့။ Share ပေးကြပါရှင့်
ကောင်းကင်ကြယ်
မဟနရဲ့ အမိန့် ...
ခေါင်းစဉ်နဲ့တင်ကြွေပြီလေ ...
ခေါင်းစဉ်နဲ့တင်ကြွေပြီလေ ...
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှာ တရားမဝင်အဖွဲ့ဖြစ်ပြီး ၄၅ ရက်အတွင်း ဆိုင်းဘုတ်များ မဖြုတ်သိမ်းပါက အရေးယူမည်ဖြစ်ကာ အဖွဲ့၏ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ဆရာတော်တို့အား ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့် အခန်းကဏ္ဍ ပြီးဆုံးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်
============================
============================
ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းမှာ တရားမဝင်အဖွဲ့ဖြစ်ပြီး ၄၅ ရက်အတွင်း ဆိုင်းဘုတ်များမဖြုတ်သိမ်းပါက အရေးယူသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ဆရာတော်တို့အား ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့်အခန်းကဏ္ဍ ပြီးဆုံးသွားပြီဖြစ်ကြောင်းတို့ကို နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ၄၇ ပါး စုံညီအစည်းအဝေးအရ ဆုံးဖြတ်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်ကတည်းက ချမှတ်ထားသော ၄၇ ပါးစုံညီ ဆုံးဖြတ်ချက် ငါးရပ်အား ၂၀၁၉ ခုနှစ် ဇူလိုင် ၂၉ ရက် ၄၇ ပါးစုံညီအစည်းအဝေးက ထပ်မံအတည်ပြုဆုံးဖြတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ ဆုံးဖြတ်ချက် ငါးရပ်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီး၏ လမ်းညွှန်တောင်းခံခြင်းကို ပယ်ချရန်၊ အဆိုပါအဖွဲ့သည် တရားမဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းသာ ဖြစ်ကြောင်းဆုံးဖြတ်ရန်၊ ယင်းအဖွဲ့ဝင်အားလုံးသည် ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအမည်ကိုသုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်၊ မြန်မာပြည်အနှံ့အပြားစိုက်ထူထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းဆိုင်းဘုတ်များကို ဆုံးဖြတ်ချက်ချသည့်နေ့မှ ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန် ၊ အထက်ပါ ၃နှင့်၎ ပါ ဆုံးဖြတ်ချက်ကိုလိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်တို့ဖြစ်ကြောင်း သိရသည်။
ယင်း ကိစ္စများနှင့်ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်စီမံနိုင်စေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော်အစိုးရသို့ တင်ပြသွားရန်ကိုလည်း ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့၏ အဓိကတာဝန်ရှိသည့် ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသ (အင်းစိန်မြို့နယ် ၊ ရွာမ ပရိယတ္တိစာသင်တိုက်) နှင့် ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသ ( ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ ပိဋကသုံးပုံနိကာယ်စာသင်တိုက်) တို့အပေါ် ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့် အခန်းကဏ္ဍပြီးဆုံးပြီဖြစ်သည်ကို အများပြည်သူ ရှင်းရှင်းလင်းလင်းသိရှိနိုင်စေရန် ရှင်းလင်းကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Source: EMG
ZN.H 🇦🇺
Comments
Post a Comment