
■ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးခဲ့တဲ့ လွတ်လပ်စွာ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခွင့်မရသေးတဲ့အတွက် ဆက်လက် စောင့်ဆိုင်းနေရတယ်လို့ သောကြာနေ့က သတင်းရပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့ ပြောခွင့်ရသူက အချက်အလက်တွေ ခိုင်မာဖို့အတွက် မိမိတို့အနေနဲ့ စုံစမ်းမှုတွေကို အထူးအားစိုက်လုပ်ဆောင်ဖို့ လိုပါတယ်။ တကယ်လို့သာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ကာယကံရှင်တွေကို တွေ့ဆုံမေးမြန်းခွင့် မပြုဘူးဆိုရင် စုံစမ်းရေးကော်မရှင်ရဲ့ ပြည့်စုံခိုင်မာစွာ ဖော်ထုတ်တင်ပြနိုင်ရေး တာဝန်ကိုသာမက စခန်းမှာရှိတဲ့ မျက်မြင်သက်သေတွေအတွက်ပါ နစ်နာဆုံးရှုံးနိုင်ပါတယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင် သံအမတ်ကြီးဟောင်း Rosario Manalo ရိုဆာရီယို မနယ်လို ဦးဆောင်တဲ့ အဲဒီ လွတ်လပ်စွာစုံစမ်းရေးကော်မရှင်ကို တနှစ်အတွင်း အစီရင်ခံစာတင်ပြဖို့ မြန်မာအစိုးရက တာဝန်ပေးထားပြီး ကော်မရှင်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခွင့် ရရှိဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ပေမယ့် အခုချိန်အထိ ခွင့်ပြုချက် မရသေးဘူးလို့ သိရပါတယ်။
Photo: AFP
- လွတ်လပ်စွာစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင် သံအမတ်ကြီးဟောင်း Rosario Manalo။
- လွတ်လပ်စွာစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင် သံအမတ်ကြီးဟောင်း Rosario Manalo။
Comments
Post a Comment