Skip to main content

ဝိပဿ နာသမားတွေအတွက်


မှတ်ချက်ရေးပါ...

Myo Myint Htoo က စာစုတစ်ခုကို မျှဝေခဲ့သည်။
Myo Myint Htoo
" ဝိပဿ နာသမားတွေအတွက် "
🌷💫💫💫💫💫💫💫💫🌷

တရားကို ပေါ့ပေါ့ဆဆ လုပ်တဲ့သူဟာ 
ပျားအုံကိုတုတ်နဲ့ ထိုးနေသလို
ကိလေသာကို ဆွနေတာနဲ့ အတူတူပါဘဲ ။
( သဘောပါရဲ့လား ? )
မြစိမ်းတောင်ဆရာတော်ဘုရား။
💫💫💫💫💫
မဂ်​ဖိုလ်​လိုချင်​လျှင်​ ...
ဤဘဝတွင်
မဂ်ဖိုလ်ကို လိုချင်တောင့်တသော သူမြတ်တို့သည် ...
နောက်နောင်​ဘဝနှင့်စပ်၍ ...
ဘာတစ်ခုကိုမျှ တောင့်တလိုချင်​ခြင်း စသော ...
နိကန္တိ တဏှာတို့ကို ဖြတ်ကြမှသာလျှင် ...
ဤဘဝတွင် မဂ်ဖိုလ်ကို ရနိုင်၏။
နောက်ဘဝအတွက် တဏှာစွဲကပ်မူ ...
လည်းကောင်းတဏှာက
မဂ်ဖိုလ်ကိုတားမြစ်နိုင်သည် ကိုလည်း အထူးသတိရှိကြစေ။
မိုးညှင်းဆရာတော်ဘုရားကြီး
💫💫💫💫💫
ဘုန်းကြီးတို့. ဦးပဉ္ဇင်းတို့
တရားတော်၏အရသာဆိုတာ
အလွန်တရာမွန်မြတ်တယ်။
ပစ္စု ပ္ပန်သံသရာ
ချမ်းသာနှစ်မျိုးလုံးထက်သာလွန်တယ်။
ကိုယ်တော်တို့တပည့်တော်တို့မှာ
ဒိဋ္ဌိမကွာသေးလျှင်
အမြီးကလေးတွေ. .အမောက်ကလေးတွေ. ချိုကလေးတွေနဲ့ စသော
အပါယ်ဘဝတို့မှ မလွတ်ကြရသေးဘူး
ထိုအပါယ်ဘဝတို့ကိုသာရှေ့ရှုနေကြရ တယ်။
သို့အတွက် ...
ငါ . .ငါ့ကိုယ့်ပာု ထင်နေသော ဒိဋ္ဌိကွာအောင်
မ​နေမနား သံတုံးကြီးကို အပ်ဖြစ်အောင်သွေးကာ
ယောကျာ်းကဲ့သို့ ကြိုးစားအား ထုတ်ကြ ရမည်။
(အေဒီ ၁၈၆၈-၁၉၃၃)
ညောင်လွန်ဆရာတော်ကြီး
💫💫💫💫💫
ဘုန်းကြီးဝိပသာနာတရားစတင်ပြီးရူစက
ဝေဒနာတွေအကြီးအကျယ်ပေါ်ပါတယ်
တစ်ချို့ဝေဒနာတွေပာာပြင်းထန်လွန်လို့
ဘုန်းကြီးမျက်ရည်တောက်တောက် ကျပါတယ်။
အသံထွက်တဲ့အထိအော်ပာစ်ညည်းညူ ရတာလည်း ရှိပါသည်။
ဒါပေမယ့် ...
ဘုန်းကြီးလယ်သမား ဘဝ ကင်းကိုက်လို့ အော်ငိုရတယ့် ဝေဒနာ . . .
လည်ပင်းကိုနွားဝှေ့လို့(၂၁)ရက်လုံးအစားစားမရ
အိပ်လည်းမရကြိတ်မှိတ်ခံစားရတယ့်ဝေဒနာတွေနဲ့ စာရင်
တရားအားထုတ်လို့ ခံစားရတဲ့ဝေဒနာပာာ
အသေးအမွှားပဲလို့နှလုံးသွင်းပြီး
သည်းခံရူမှတ်ခဲ့ပါတယ်။
ပြီးတော့ဆင်းရဲတဲ့ဝေဒနာပေါ်လာတာပာာ
ဘုရားပောာခဲ့တဲ့ဒုက္ခသစ္စာတရားကို
တစ်နည်းအားဖြင့်ဖော်ပြပေးရာရောက်လို့
စိတ်မဆိုးတဲ့အပြင်ဝမ်းတောင်သာမိပါတယ်။
တော်ကူးဆရာတော်ဘုရားကြီး
💫💫💫💫💫
ကျားလိုက်လို့ပြေးနေရတဲ့သူပာာ
ရှေ့ကခွေးပောာင်သံကြားလို့ပြန်လှည့်မယ်ဆိုရင်
ကျားရဲ့ဝါးမျိုခြင်းကခံရမယ့်
အိုခြင်း • • •
နာခြင်း • • •
သေခြင်း • •
အပါယ်လေးပါးကျရောက်ခြင်းစတဲ့ဘေးတွေနဲ့ပြည့်နှက်နေတဲ့ ...
သံသရာကြီးကိုကြောက်လို့
လွတ်မြောက်ချင်လို့
ကမ္မဌာန်းရှုမှတ် နေတဲ့ယောဂီပာာ
ဖြစ်ပေါ်လာတဲ့ဝေဒနာတွေ
ကိလေသာတွေကိုသည်းခံပြီး မရှုမှတ်နိုင်ရင်
သံသရာဘေးကမလွတ်မြောက်နိုင်ပါဘူး။
ဆင်းရဲကြီးကလွတ်မြောက်ချင်ရင်
ဆင်းရဲလေးတွေကြိုးစားပြီးသည်းခံရပါမယ်။
သဒ္ဓမ္မရံသီ ဆရာတော်ကြီး
💫💫💫💫💫
ဣရိယာပုတ်ကြောင့်ဖြစ်တဲ့ဒုက္ခဝေဒနာကို
လေးလေးနဲ့မှန်မှန်စိတ်ကလေးအသာလျော့၍
သည်းခံပြီးရှုမှတ်ပါ။
ဘယ်လိုမှမတတ်နိုင်တဲ့အခါ
ပြင်ချင်တဲ့စိတ်ကလေးကိုစမှတ်ပြီး
အမှတ်ကလေးနဲ့ပြင်ပါ။
ဒါပေမဲ့ခဏခဏမပြင်နဲ့ . . .
အကျင့်ပါသွားလိမ့်မယ်။
နှစ်ကြိမ်ထက်ကျော်လာရင်တော့
ထပြီးစင်္ကြန်လျှောက်ရှုမှတ်ပါ။
ဝေဒနာဆိုတာနိဗ္ဗာန်တံခါးကိုဖွင့်တဲ့ သော့ပါပဲ။
ချမ်းမြေ့ဆရာတော်ဘုရားကြီး
💫💫💫💫💫
ရုပ်နဲ့နာမ်ကိုမတွေ့ချင်ပေါင်ဆိုပြီး
ရှောင်လို့တိမ်လို့များရပါမလား . . .
ထွက်လေဝင်လေနှစ်ရပ်ပာာမွေးကတည်း ကရှိနေတာ . .
ဘုရားဆုံးမတဲ့အတိုင်း
ရုပ်ပေါ်နာမ်ပေါ် ထားရတာ ...
ပင်ပန်းသလား . . .
ပိုက်ဆံကောကုန်သလား . . .
ဌားရချေးရသေးသလား . . .
အချိန်ကောကုန်သလား . . .
တစ်ပါးသူကောသိသလား . . .
ထားတာကဝီရိယ
ထားတဲ့အတိုင်းနေတာက ဝိရိယိဒ္ဓိ
ပါဒ်အခုထားအခုနေအခုပစ္စုပ္ပန်ချမ်းသာ . . .
ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယရှင်သိတယ် . . .
သူများမေးစရာမလိုဘူး
တစ်နေ့ထက်တစ်နေ့
မတိုးတက္ပဲ​ေ​နပါမလား
ဘယ်လူဘယ်နတ်ဘယ်ဗြပ္မာာကမှတားဆီးပိတ်ပင်လို့မရဘူး။
ဝေဘူဆရာတော်ဘုရားကြီး
💫💫💫💫💫
လောကမှာအသုံးအဆောင်တွေ
အဆောက်အအုံတွေမဆန်းကြယ်ဘူးလား . . .
ဒါထက် ...
တရိစ္ဆာန်တွေက
ပိုပြီးဆန်းကြယ်တယ် ...
သဏ္ဍန်အမျိုးးမျိုး. . .
အရောင် အဆင်းအမျိုးမျိုး . . .
စွမ်းရည်အမျိုးမျိုး. . .
အဲဒီ ဆန်းကြယ်တာတွေအားလုံးစိတ်ကဖန်ဆင်းတာ . . .
စိတ်ကြောင့်ဖြစ်ရတာ . . .
ဒါကြောင့်စိတ်ကလောကမှာအဆန်းကြယ်ဆုံးဘဲ။
တစ်လောကလုံးသူခြယ်လှယ်တာခံနေကြရတယ်။
သူပဲအုပ်စိုးနေတာမို့ ...
သူ့အလိုကျအကုန်လိုက်နေကြရတာ...
ဒါကြောင့် ...
ဒီစိတ်တစ်လုံးကိုနိုင်ရင်
ကိုယ်ဖြစ်ချင်တာအကုန်ဖြစ်တယ်။
ဒီလောက်တန်ခိုးကြီးတယ်။
ပိုင်ပစေနော်။
လယ်တီဆရာတော်ဘုရားကြီး
💫💫💫💫💫
မြတ်စွာဘုရားက-
ငါမရှိ သူမရှိ ဆို၏။
အားလုံးကငါသူ သတ်မှတ်လျှက်ပေါင်းဖော်နေကြကုန်၏။
ဘုရားကမမြဲဆင်းရဲဆို၏။
အားလုံးကအစွဲအမြဲထားကြကုန်၏။
အနှစ်ပြည့်အချစ်ပြည့်ထိသမျှကောင်း
မိဘမျှလည်းအပိုင်ပာူ ၍ လက်ခံထားကြကုန်၏။
ဘုရားတပည့်ဘုရားနှင့်မျှမတည့်လျှင် •• •
ဘုရားသား ဘုရားသမီးအမည်ခံဖို့ပင်မကောင်း။
မပာာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
💫💫💫💫💫
အိုခြင်း၊နာခြင်း၊သေခြင်းဆိုးကလွတ်ချင်ရင်၊
ဝေဒနာကို အမြဲဖြစ်ပျက်ရှု။
အကျိုးဖြစ်တဲ့ တဏှာကို သတ်မနေနှင့်
အကြောင်းဝေဒနာကိုသာသတ်။
ဝေဒနာကိုအမြဲဖြစ်ပျက်ရှု
နေတိုင်းရှု၊အမြဲရှု
မိုးကုတ်ဆရာတော်ဘုရားကြီး
💫💫💫💫💫
လောကီအာရုံကာမဂုဏ်ဆိုတာက • • •
"မရခင် အထင်ကြီး...
ရပြီးတော့ နှလုံးနာ • • •
မုန်းစရာတွေက အဖြစ်သဲ ...
အော်ငိုကာနှလုံးကွဲ • • •
နောက်ဆုံးမှာတော့ ရှင်ခွဲ၊သေခွဲ" • • •
ဆိုတာလိုဟာတွေပါ၊
အထင်မကြီးကြပါနဲ့ • • •
တစ်ခု မှထင်သလို ဖြစ်မလာနိုင်တဲ့ အရာတွေပါ။
အရှင်ဇနကာဘိဝံသ
💫💫💫💫💫
သေခါနီးလေ အ​ရေးကြီးလေပဲ။
အ​ရေးကြီးဆုံး အလုပ်က
ခန္ဓာကိုလုပ်ကျွေးဖို့ မဟုတ်။
ခန္ဓာကို အသုံးချပြီး ဝိပဿနာကိုရှုဖို့ပါပဲ။
သဲအင်းဂူ ဆရာတော်ဘုရားကြီး
💫💫💫💫💫
ပါရမီကိုတော့ တွက်မနေနဲ့တဲ့။
မင်း .. နဂိုက ပါရမီ မရှိသေးရင်လည်း
အခု အားထုတ်တာ ပါရမီဖြစ်လိမ့်မယ်။
နဂိုက ပါရမီပါလာရင်လည်း
အခု ပေါက်လိမ့်မယ်။
ပါရမီ ရှိ,မရှိ မသိလို့ အားမထုတ်ဘူးဆိုရင်
မင်း ဘယ်တော့မှ မရဘူး။ ……
မဟာစည်ဆရာတော်
Credit original uploader
Credit photo

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video