ကာလုံကို ဖျက်သိမ်းရန်နှင့် ကာကွယ်ရေး၊ နယ်လုံနဲ့ ပြည်ထဲရေးဝန်ကြီးကို သမ္မတကသာ တိုက်ရိုက်ခန့်အပ်ရန် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီမှာပြင်ဆင်ချက်တင်သွင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ၉ ကြိမ်မြောက်အစည်းအဝေးကို ယနေ့ ဧပြီလ ၂၂ နေ့မှာ နေပြည်
တော်က ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
တော်က ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့အစည်းအဝေးမှာ အခန်း ၅ ဖြစ်တဲ့ အုပ်ချုပ်ရေးအခန်းကို စတင်ဆွေးနွေးခဲ့တာ ဖြစ်ပြီး အကြံပြုချက် ဆွေးနွေးချက်တွေ
အများကြီးရရှိခဲ့တယ်လို့ ကော်မတီအဖွဲ့ဝင်
ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
အများကြီးရရှိခဲ့တယ်လို့ ကော်မတီအဖွဲ့ဝင်
ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
`` အခန်း ၅ က တကယ်တမ်းမှာ ပုဒ်မ ၁၉၉ ကစတာလေ။ ဒါပေမယ့် တကယ်တမ်း ပြင်
ဆင်ချက်တွေက တော့ ပုဒ်မ ၂၀၀ ကနေ စတယ်။ အခု ၂၃၅ အထိ ပြီးသွားပြီ။ အကြံပြုချက်တွေ၊ ဆွေးနွေးချက်တွေကတော့ အများကြီးပဲ။ နိုင်ငံရေးပါတီတွေက တင်ကြတာတွေ အများကြီးပဲ။ အပြောင်းအလဲရှိလားမရှိလားဆိုတာက တော့ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်လို့ရတယ်၊ မရဘူးဆိုတဲ့အပေါ်မှာပဲ ကြည့်ရမှာဖြစ်တယ်။ အခုကတော့ ဥပဒေကြမ်းတောင်မထွက်သေးဘူးဆိုတော့ ပြောင်းလဲမှုရှိတယ်၊ မရှိဘူးဆိုတဲ့ မေးခွန်းကိုတော့ ပြောလို့မရ သေးဘူး´´ လို့ ၎င်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)၊ အုပ်ချုပ်ရေးအခန်းမှာပါတဲ့ ပုဒ်မ (၂၀၁) ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းနဲ့ပတ်သက်လို့လည်း ပြင်ဆင်ချက်အဆိုတင်သွင်းမှုတွေရှိခဲ့ပြီး ရခိုင်အမျိုးသားပါ တီကတော့ ကာလုံဖွဲ့စည်းခြင်းကို ပယ်ဖျက်ပေးဖို့ ပြင်ဆင်ချက်အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
``ကာလုံရယ်လို့ သီးခြားအဖွဲ့မထားတော့ဘူး။ ကျွန်တော်တို့ပါတီကတော့ သမ္မတရဲ့လုပ်ပိုင်ခွင့်အရ အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ကာလုံအလုပ်ကိုလုပ်ဖို့ ပြင်ဆင်ချက်တင်သွင်းခဲ့တယ်။ နိုင်ငံခြား စစ်ရေးစစ်ရာကအစ၊ လုံခြုံရေးကအစ သူ့သက်ဆိုင်ရာ သူ့(သမ္မတ) အနေနဲ့ ညှိပြီး အကောင်အထည်ဖော်၊ ကာလုံအဖွဲ့အစည်းရယ်လို့ Permanent (အမြဲတမ်း) အဖွဲ့အစည်းရယ်လို့ မရှိတော့ဘူး´´ လို့ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင် ကျော်စံက ပြောပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးများခန့်
အပ်ခြင်းနဲ့ပတ်သက်လို့လည်း ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ခြင်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသူများကို နိုင်ငံတော်သမ္မတက ခန့်အပ်ခြင်းအစား
နိုင်ငံတော်သမ္မတကသာ တိုက်ရိုက်ခန့်အပ်
ရန် ပြင်ချက်အဆိုတင်သွင်းမှုများရှိခဲ့တယ်
လို့ သိရပါတယ်။
မြတ်သူရ
#KKL.🚩

Myanmar Harp Media ရဲ့သတင်းတွေကို www.myanmarharp.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
Comments
Post a Comment