ရန်ပုံငွေတွေပြန်မရတာကြောင့် ဧရာဝတီတိုင်းအစိုးရဟောင်းရဲ့ဖောင်ဒေးရှင်းကိုတရားစွဲတော့မည်ဖြစ်ကြောင်း တိုင်းအစိုးရထုတ်ပြန်
၅ ဘီလီယံနဲ့ ဒုတိယ အခိုးဆုံးဆုရှင်တော့ ဂျေးအောင်းရတော့မယ် ...
ရန်ပုံငွေတွေပြန်မရတာကြောင့် ဧရာဝတီတိုင်းအစိုးရဟောင်းရဲ့ဖောင်ဒေးရှင်းကိုတရားစွဲတော့မည်ဖြစ်ကြောင်း တိုင်းအစိုးရထုတ်ပြန်
__________
__________
အရင်ဧရာဝတီတိုင်းဒေသကြီးစိုးရက အစိုးရသစ်ကို မလွှဲခဲ့ဘဲ ဝန်ကြီးချုပ်ဟောင်းဦးသိန်းအောင် နာယက အဖြစ်ပါဝင်ပြီး တိုင်းအစိုးရဟောင်းဝန်ကြီးတွေဦးဆောင်တဲ့ ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကိုလွှဲခဲ့တာပါ။ ဒေသဖွံဖြိုးရေးရန်ပုံငွေ ၅.၂ ဘီလီယံ ထဲက ၃.၄ ဘီလီယံ ကိုပြန်လည်ရရှိပြီဖြစ်ပေမယ့် ကျန်ငွေ ၁.၈ ဘီလီယံ ခန့်ကို သတ်မှတ်ထားတဲ့အချိန်ကျော်လွန်တဲ့အထိ မရရှိတာကြောင့် ရန်ပုံငွေလက်ခံထားတဲ့ ဖောင်ဒေးရှင်းကိုတရားစွဲတော့မှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးစီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ဒီကနေ့ညနေမှာပဲ မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပြောကြားခဲ့ပါတယ်။
တရားစွဲဆိုဖို့ကိစ္စနဲ့ပတ်သက်လို့ကတော့ လက်ရှိမှာ တိုင်းဒေသကြီးရှေ့နေချုပ်နဲ့တိုင်ပင်နေတယ်လို့ ဝန်ကြီးကပြောပါတယ်။
လက်တလောရရှိတဲ့ ငွေတွေကိုတော့ ဒေသတွင်းလိုအပ်တဲ့ လမ်းတံတားလုပ်ငန်းတွေမှာ အဓိကထားအသုံးပြုပြီး ဒေသဖွံ့ဖြိုးရေးတွေကိုလုပ်ဆောင်သွားမယ်လို့လည်း တိုင်းဒေသကြီး လျှပ်စစ်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။
#KKL.🚩
#KKL.🚩
သတင်းဓာတ်ပုံ - သော်ဇင်မျိုး
ZN.H 🇦🇺
sh cd-သော်တာ သော်တာ
sh cd-သော်တာ သော်တာ
Comments
Post a Comment