Skip to main content

အခု ရခိုင်မှာဖြစ်ပျက်နေတဲ့ အပေါ်ဘယ်လိုသဘောထားလဲ သန်းဝင်း

အခု ရခိုင်မှာဖြစ်ပျက်နေတဲ့ အပေါ်ဘယ်လိုသဘောထားလဲ?
လူအများ က ကျုပ်ကိုမေးကြတယ်...
သိချင်လို့ မေးကြတယ် ဆိုတော့လည်း ကျုပ်ရဲ့
ယုံကြည်ချက်၊ရပ်တည်ချက် ကို ရေးသား ဖြေကြား ပေးလိုက်ပါတယ်...
ရခိုင် လူမျိုးစစ်စစ် မိဘနှစ်ပါးကမွေးဖွားပေးလိုက်တဲ့
ကျနော်က ရခိုင် စစ်စစ် တယောက်ဖြစ်တယ် ဆိုတာ
အမှန်ပါ..ဒါကြောင့် မေးကြတယ်လို့ ထင်ပါတယ်..
ကျနော်က ၈၈ မျိုးဆက်ပါ...
ဒီတိုင်းပြည်မှာ လူမျိုးအားလုံး ၊ဘာသာအားလုံး
မတူကွဲပြားစွာ အတူယှဉ်တွဲ နေထိုင်ကြပြီး တန်းတူ
အခွင့်အရေး၊ တန်းတူ ဖွံ့ဖြိုးတိုးတက်စေတဲ့မူဝါဒကိုသာ လက်ခံယုံကြည်ပါတယ်...
ဒီတိုင်းပြည်မှာ အတူနေထိုင်ကြတဲ့ မည်သည့်လူမျိုးကိုမှ သီခြားခွဲထွက် နိုင်ငံထောင်မဲ့ အယူအဆကို ကျုပ်က
လုံးဝလက်မခံပါ...ဒါမှန်ကန်တဲ့ အယူအဆလို့လည်း
မယူဆပါ....
လူမျိုးတွေ ဘာသာတွေ ဘယ်လောက်ကွဲပြားနေပေမဲ့
တကယ်တော့ အားလုံးဟာ လူသားတွေ အတူတူပါ..
လူသားရဲ့ သဘာဝအတိုင်း အကောင်း အဆိုး ဒွန်တွဲလျက် ရှင်သန် နေကြတာပဲ..ဘာမှမကွဲပြားကြပါဘူး
ကောင်းတဲ့သူကောင်းတယ် ဆိုးတဲ့သူဆိုးတယ် ဒါ လူမျိုးတိုင်း၊ဘာသာတိုင်း မှာရှိကြတာပဲ ..ဒါကြောင့်
လူသား တူချင်း ဘာမှ ခွဲခြားဆက်ဆံစရာမလိုဘူး..
လူကောင်း၊လူဆိုးပဲ ခွဲခြား မြင်ဘို့ပဲလိုအပ်တယ်လို့
ကျနော်က ယူဆယုံကြည်တယ်...
ကျနော်နေထိုင်တဲ့ အမေရိကန်နိုင်ငံမှာ တကမ္ဘာလုံးက လာကြတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လာရောက်
နေထိုင်တဲ့ နိုင်ငံ ဖြစ်တယ် အလုပ်ခွင် အားလုံးမှာ ချစ်
ခင်ရင်းနှီးစွာ အတူ ယှဉ်တွဲလုပ်နေကြတယ် ဘယ်သူမှမခွဲခြားဘူး၊ လူကောင်းလူဆိုးကိုပဲခွဲခြားတယ်...အရာရာကို ဥပဒေ နဲ့ပဲ ထိမ်းချုပ်တယ်.. အားလုံး တန်းတူ
အခွင့်အရေး ရကြတာပဲ..
ကျနော်တို့နိုင်ငံကို ဒီလိုပဲ ကျနော်ကဖြစ်စေချင်တယ်..
ရခိုင်လူမျိုး ကို ဗမာ လူမျိုးက နှိမ်တယ် ဆိုတဲ့ ရခိုင်တချို့ရဲ့ အယူအဆတွေ ကို တွေ့လိုက်ရတယ်...
ဒါ လုံးဝ မဟုတ်ဘူး၊ လုံးဝ မမှန်ဘူး လို့ ကျုပ်ယူဆ
တယ်..
အာဏာရှင်တွေနဲ့ ဘက်တော်သားတွေကတော့ဖြစ်ကောင်းဖြစ်ကောင်းဖြစ်နိုင်တယ်...
ခင်ဗျားတို့ပြောတဲ့ ဗမာလူမျိုးကိုယ်တိုင် တခြားလူမျိုး
တွေ နဲ့ အတူ အာဏာရှင်တွေရဲ့ဖိနှိပ်မှု ရက်စက်မှုတွေကို တန်းတူခံနေရတာပဲ..ဒါကြောင့် ဒီလို စွပ်စွဲတာက
မတရားကြဘူးလို့ ကျုပ် ကထင်မြင်ယူဆတယ်..
ခင်ဗျားတို့ ပြောသလိုသာ ရခိုင်ကို နှိမ်ကြတယ် ဆိုရင်
ကျနော်လို ရခိုင်စစ်စစ်ကို ၁၉၈၈ တုန်းက လူမျိုးပေါင်းစုံ ပါဝင်တဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှာ ခေါင်းဆောင် တယောက်အဖြစ် ရွေးချယ် အသိအမှတ်ပြုခြင်း ခံရမှာ မဟုတ်သလို...လူမျိုးပေါင်းစုံပါဝင်ပြီး
နယ်စပ်မှာလက်နက်ကိုင်တော်လှန်ခဲ့တဲ့ ABSDF မှာ
လည်း ခေါင်းဆောင်တယောက်အဖြစ် ရွေးချယ် အသိအမှတ်ပြု ခံရမှာ အကြောင်းမရှိပါဘူး..ဒါသက်သေပါပဲ..
ဒါကြောင့် လူမျိုးခြင်း မမှန်ကန်ပဲ အမုန်းတွေ ကြီးထွားလာအောင် မိမိအကျိုးအတွက် ဝါဒမှိုင်းတိုက်ကြတာကတော့ သိပ်အန္တရယ်ကြီးသလို လူ့အသက်တွေ များစွာဆုံးရှုံးနိုင်တယ် ဘာရလဒ်မှလည်း ရမှာမဟုတ်ဘူး
ဒါမျိုးကို လုံးဝမလုပ်သင့်ကြသလို၊မှန်ကန်တဲ့အတွေးအခေါ်အယူအဆလည်း မဟုတ်ဘူးဆိုတာ ကျုပ်ခိုင်မာစွာ ယုံကြည်တယ်..
ရခိုင်ပြည်သူများအားလုံး မဟုတ်မမှန် ဝါဒမှိုင်းတိုက်သူများ ဘေးမှ လွတ်ကင်းကြပြီး သတိရှိစွာဖြင့် ဘေးဘယာ
ကင်းဝေးပြီး ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်နိုင်ကြ
ပါစေ...
အားလုံးကို လေးစားစွာဖြင့်....
သန်းဝင်း
၈၈ မျိုးဆက်..

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...