Skip to main content

မြစ်ဆုံစာချုပ်ချုပ်ဖျက်သိမ်းပေးရန်တောင်ဆိုမှု တရုတ်လက်ခံ ဖျက်သိမ်းလိုက်ပြီ

အမေစု မြစ်ဆုံအရေးပြတ်ပြတ်သားသား လုပ်လိုက်ပြီ (နိုင်ငံကပြည်သူတွေများများသိရအောင် ၀မ်းသာရအောင် များများ ရှဲပေးကျပါ.. ကော်ပီယူတင်ပေးကျပါ)
~~~~~~~~~~
မြစ်ဆုံစာချုပ်ဖျက်သိမ်းပေးရန်တောင်ဆိုမှု တရုတ်လက်ခံ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သဘောတူ ရေးထိုးမည်
ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ပေကျင်းကို မြန်မာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ချက်နိုင်ငံသမ္မတ၊ ချီလီသမ္မတ၊ မလေးရှားဝန်ကြီးချုပ်အစရှိတဲ့ နိုင်ငံအသီးသီးက ထိပ်တန်းခေါင်းဆောင်တွေ ရောက်ရှိနေပါတယ်။
ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မနေ့ညနေပိုင်းက ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတနဲ့တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေ အဓိကအားဖြင့် မြန်မာပြည်သူတွေလိုလားနေသော မြစ်စံအရေး ဦးစားပေး ပြောဆိုခဲ့ပါတယ်။
မနေ့ညနေပိုင်းကတော့ တရုတ်သမ္မတ မစ္စတာရှိကျင့်ဖျင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံသီးသန့်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ ပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ ပိုးလမ်းမစီမံကိန်း ခေါင်းစဉ်အောက်ကနေ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေအကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေပြန်လည်လက်ခံရေး၊ ပြည်သူတွေ မလိုလားတဲ့ မြစ်ဆုံရေကာတာ မတည်ဆောက်ရေး အစရှိတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထိုသို့တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့ပြည်သူတွေလက်ရှိအချိန်မှာ မြစ်ဆုံ ရေကာတာ မတည်ဆောက်ဖို့အရေး တစ်ဦးလျှင် (၁)ဒေါ်လာစီဆိုက်ပြီး မြစ်ဆုံကို ပြန်ရွေးဖို့လုပ်နေကြောင်း၊
နိုင်ငံကတက်သိပညာရှင်တွေကလည်း မလုပ်ဖို့တောင်းဆိုနေကြောင်း၊ မြန်မာလူမျိုးတို့ရဲ့ အသက်နှလုံးဖြစ်သော ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆိုလိုကြောင်း၊ ပြောကြားခဲ့ရာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က ပြည်သူတစ်ရပ်လုံးထောက်ခံပြီး ဖြစ်လာသော လက်ရှိမြန်မာအစိုးရကို ကူညီဖို့အသင့်ရှိကြောင်း၊ မြစ်ဆုံရေကာတာကို မလုပ်ဖို့ပြောပြီးတက်လာခဲ့သည့်
အစိုးရလက်ထက်မှာ ပြန်လုပ်မယ်ဆိုရင် နိုင်ငံရေးသိက္ခာကျပြီး လူထုထောက်ခံမှုကျဆင်းသွားမှာကို မလိုလားကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူကထောက်ခံသော လက်ရှိအစိုးရ ပြန်လည်ဖြစ်တာမြင်ချင်တာကြောင့် ဒီပြောကြားချက်ကိုသဘောတူကြောင်း၊ မိမိလက်ထက်မှာ ဒါကို လုပ်လို့ရတာဖြစ်တဲ့အတွက် သဘောတူလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တဆက်တည်းမှာပဲ မြစ်ဆုံရေကာတာ ဖျက်သိမ်းရေးလက်မှတ်ရေးထိုးရေးကို ဒေါ်အောင်ဆန်းစုကြည်မပြန်ခင် တစ်ရက်ရက်မှာ ရေးထိုးပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
Belt and Road ဒုတိယအကြိမ်မြောက်ဖိုရမ်ကို ဒီနေ့ကနေ ဧပြီလ ၂၇ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video