တပ်မတော်မှAAအဖွဲ့ကို ထိုးစစ်အရှိန်အဟုန်ဖြင့် ဆက်လက်ပြု့လုပ်ပါက လုပ်သင့်လုပ်ထိုက် သည့် ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းအဖွဲ့ သတင်းထုတ်ပြန်
ရန်ကုန်၊ဧပြီ ၂၄
တပ်မတော်မှAAအဖွဲ့ကို ထိုးစစ်အရှိန်အဟုန်မြှင့်မြှင့်ဖြင့် ဆက်လက်ပြုလုပ်ပါက လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဧပြီ (၂၄)ရက်၌ သတင်းထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်မှ (၄)လကျော်ခန့် တစ်ဖက်သတ်အပစ်အခတ်ရပ်ဆဲခြင်းသည် စစ်အင်အားကို စုစည်းပြီး AAကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရန်သာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ (AA၊TNLA၊MNDAA) ၏ သတင်းထုတ်ချက်၌ ဖော်ပြထားပါတယ်။
ထို့အတူ မြောက်ပိုင်းဒေသ၌ အပစ်ရပ်ထားသည်ဟု ဆိုသော်လည်း တပ်မတော်မှ စစ်ရေးပြင် ဆင်လှုပ်ရုားမှုကြောင့် တိုက်ပွဲများရံဖန်ရံခါ ဖြစ်ပွားကြောင်း ဆိုသည်။
အလားတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် လျင်မြန်စွာအကောင် ထည်ဖော်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကြားဝင်စေ့စပ်ပေးပါရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။
Comments
Post a Comment