စားပွဲပေါ် ၊ စားပွဲအောက် အပေးအယူလုပ်ပြီး ရောင်းစားထားတာ ..
အဲဒီတော့ .. အဲဒါကို ဆက်မလုပ်ဖို့ဆိုရင် စာချုပ်ပါအတိုင်း လျော်ကြေးပေး အပြီးတိုင် ဖျက်သိမ်းမှ ရမှာ ..
စားပွဲပေါ်ပေးထားတာတမျိုး .. စားပွဲအောက်မှာ ပေးထားတာတမျိုးနဲ့ ..
ဒီကြားထဲ ဒူးမနာသားတွေ မွေးပြီး မြန်မာ့အရေးထဲ ဝင်မွှေ ၊ ဝင်ကစားတာကပါသေးတယ် ...
ဒီကြားထဲ ဒူးမနာသားတွေ မွေးပြီး မြန်မာ့အရေးထဲ ဝင်မွှေ ၊ ဝင်ကစားတာကပါသေးတယ် ...
စားပွဲအောက်က ပေးထားတာ တရားမဝင်ဘူး အလွယ် ပြောလို့ရကောင်း ရပေမဲ့ .. အဲဒီ တရားမဝင် စားပွဲအောက် ပေးထားရတာအတွက် တရားဝင်စာချုပ်မှာ ပြန်ယူထားပြီးသား .. တရုတ်က အဲ့လောက်တော့ မအဘူး ..
ရှိသမျှ အကုန်လက်ညှိးထိုးရောင်းစားခဲ့တဲ့ ဟိုတာရိုးကနွားတွေက .. ဒါတွေကြိုမြင်လို့ နောက်ကြောင်းပြန် အရေးမယူရဆိုပြီး ကြိုတင်ကာကွယ်ထားခဲ့တာပေါ့ ..
နိုင်ငံ နဲ့ အစိုးရက လွယ်လင့်တကူ စာချုပ်ဖျက်သိမ်း လျော်ကြေးပေးဖို့ဆိုတာကလဲ .. ဟိုတာရိုးကနွားတွေ ဆင်းသွားတော့ သူတို့တွေ ချန်ထားရစ်တဲ့ .. ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့စဉ် တင်ရှိနေတဲ့ နိုင်ငံတကာက အကြွေး တနင့်တပိုး လည်ပင်းနစ်လုမတတ်ကို နှစ်စဉ် အတိုးတွေပေး မနည်းပြန်ဆပ်နေရတာ ..
ပြီးခဲ့တဲ့ ဦးသိန်းစိန် ဖွတ်အစိုးရလက်ထက်မှာ မြစ်စုံစီမံကိန်းကို ဝိုင်းဖိအားပေး ၊ အော်ကြလို့ သူတို့အကြပ်အတည်း မဖြစ်ရအောင် ထွက်ပေါက်အနေနဲ့ မျက်နှာကောင်းယူ အကြံအဖန်လုပ် ခေတ္တခဏ ရပ်ဆိုင်းထားတဲ့အတွက် .. တရုတ်ဆီကနေ အဲဒီ မြစ်ဆုံစီမံကိန်းအတွက် ယူထားတဲ့ .. ဘာအတွက် ဘယ်မှာသုံးမှန်း ၊ ဘယ်ပျောက်သွားလို့ ဘာမှန်းကို မသိလိုက်ရတဲ့ ငွေတွေအတွက် နှစ်စဉ် အတိုးတွေလဲ မနည်းထပ်ပေးနေရတယ် ..
မြစ်စုံစီမံကိန်းကို ဆက်လုပ်ရေး ၊ ဆက်မလုပ်ရေး ဆိုတာထက် .. နောက်ကွယ်မှာ ထင်ထားတာထက် ရှုပ်ထွေးပွေလီ ရှင်းရခက်တဲ့ အဲဒီ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမဲ့ .. ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ရှိအစိုးရကို ကူညီပံ့ပိုးပေးရာမရောက် ဘေးကြပ် နံကြပ် ဖြစ်စေမဲ့ အလုပ်မျိုး .. စတန့်ထွင် လူတွင်ကျယ် မလုပ်မိဖို့က အရေးကြီးတယ် ..
နိုင်ငံအတွက် တခေတ်မှာတယောက် ပေါ်လာဖို့မလွယ်တဲ့ ရှားရှားပါးပါး ခေါင်းဆောင်ကောင်းတယောက် ရှိနေချိန်မှာ ၊ နောက်ကနေ ဝိုင်းပြီး လိုအပ်တာ မပံ့ပိုး ၊ မကူညီကြဘူး ၊ မကြိုးစားကြဘူးဆိုရင် .. နောက်ဆို ဘာမှ မစဉ်းစားနဲ့တော့ ဖြစ်သမျှ လည်စင်းခံဖို့သာ စဉ်းစား ...
ဒီလို ခေါင်းဆောင်မျိုးရဲ့ ဦးဆောင်မှုမျိုးမှ မယုံကြည် ၊ သံသယရှိနေတယ်ဆိုရင်လဲ .. ဘယ်လိုလူမျိုးကိုများ ခေါင်းဆောင်အဖြစ် မြင်နေကြလို့လဲ ထုတ်ပြစမ်းပါဦး တယောက်လောက် ....
Comments
Post a Comment