Skip to main content

ဘဏ်ချေးငွေဖြင့် YBS မော်တော်ယာဉ်များဝယ်ယူ ထားပြီး အတိုး၊ အရင်းပြန်မဆပ်သည့် ပုဂ္ဂလိကကုမ္ပဏီသုံးခုကို တရားစွဲရန် ဧရာဝတီဘဏ် စီစဉ်

မိုး သူစောင့်ကြည့်ရန်
“ကိုကျော်နေ၀င်းကလဲ ဒါကိုမပေးနိုင်တာမဟုတ်ဘူး။
သူ့မှာအ ခက်အခဲရှိတယ်။ဒါပေမယ့် ဒီငွေကိုသူ့အနေနဲ့တ ပြိုင်တည်းဆက်လို့ရတယ်။ပြဿာနာမရှိဘူး။
ဒီငွေပမာဏကို သူခေါင်းထဲထည့်မထားဘူး။သူပြောတဲ့ဟာကသူ့ရဲ့အခက်အခဲတွေကိုဖြေရှင်းမပေးဘူး။
သူလိုချင်တဲ့ပုံစံမဖြစ် ဘူး။ဒါကြောင့် သူတို့အဖွဲ့တွေ
အရှုံးပေါ်နေ တယ်။ဒါကိုဦးတည်ပြောချင်တာ”
===============================
ဘဏ်ချေးငွေဖြင့် YBS မော်တော်ယာဉ်များဝယ်ယူ
ထားပြီး အတိုး၊ အရင်းပြန်မဆပ်သည့် ပုဂ္ဂလိကကုမ္ပဏီသုံးခုကို တရားစွဲရန် ဧရာဝတီဘဏ် စီစဉ်
--------------------------------------------
ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့(YRTA)၏ လမ်းညွန်မှုဖြင့် YBS Foton City Bus Model 2017 ယာဉ်များအားဝယ်ယူရန် ပုဂ္ဂလိကကုမ္ပဏီ သုံးခုက ဧရာဝတီဘဏ်မှချေးငွေရယူထားသည့်အပေါ် ချေးငွေအရင်းအတိုးပြန်လည်ပေးရန်ပျက်ကွက်မှုကြောင့် ဥပဒေ ကြောင်းအရအရေးယူဆောင်ရွက်သွားရန်စီစဉ်နေကြောင်းသိရသည်။
ဧရာဝတီဘဏ်က ရန်ကုန်တိုင်းဒေသကြီးအများ
ပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲ မှုအာဏာပိုင် အဖွဲ့(YRTA)လက်အောက်ရှိ ပုဂလိကကုမ္ပဏီ သုံးခုဖြစ်သည့် Omni Focus General Service Public Co,Ltd ၊ Central Yangon Nerwork Co,Ltd နှင့် Keen Support Co,Ltd တို့ကိုဥပဒေကြောင်းအရ အရေးယူဆောင် ရွက်နေသည့်အခြေအနေနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီး၊လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်ထံသို့ ၂၀၁၈ခုနှစ် ၊ဒီဇင်ဘာ ၃ရက် ရက်စွဲဖြင့်ပေးပို့အကြောင်းကြားခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်းက လူမှုကွန်ရက်စာမျက်တွင်ထွက်ပေါ်လာသည့်ဧရာဝတီဘဏ်၏အကြောင်းကြားစာအရသိရသည်။
ယင်းသို့ ပုဂ္ဂလိကကုမ္ပဏီ သုံးခုဖြစ်သည့် Omni
Focus General Service Public Co,Ltd ၊ Central
Yangon Nerwork Co,Ltd နှင့် Keen Support
Co,Ltd တို့အနေဖြင့် ရယူထားသည့်ချေးငွေအရင်း
အတိုးပြန်လည်ပေး ရန်ပျက်ကွက်မှုနှင့်ပတ်သက်၍
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊စီးပွားရေး၊
စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီ က မတ် ၇ရက်
နံနက်ပိုင်းတွင် ဧရာဝတီဘဏ်၊ ပုဂလိကကုမ္ပဏီသုံးခု
တို့ကို တစ်ဖွဲ့ချင်းစီအလိုက်တွေ့ဆုံကြား နာမှုများ
ပြုလုပ်ခဲ့ကြောင်း ကော်မတီအတွင်းရေးမှူး တိုင်းဒေသ
ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ
က ပြောကြားသည်။
“ဟုတ်တယ်။ကျွန်တော်တို့တွေ့ခဲ့တယ်။တွေ့တယ်
ဆိုတာ နှစ်ဖွဲ့ကိုတစ်ပြိုင်တည်းတွေတာမဟုတ်ဘူး။
တစ်ဖွဲ့ ချင်းစီတွေ့တာပါ။အဖြေကတော့နှစ်ဖွဲ့စလုံးက
သူတို့ရဲ့အခက်အခဲတွေကိုပြောတာပေါ့။ငွေယူတာ
လဲမှန်တယ်။ မှန်တော့ ကိုကျော်နေ၀င်းတို့ဘက်
ကလည်းဒီလိုပြန်မပေးတာအကြောင်းတွေရှိတယ်။
သူတို့မှာအားနည်းချက် တွေ ၊သူတို့မျှော်မှန်းတဲ့အတိုင်း
မဖြစ်လာဘူး။ဖြစ်မလာတဲ့အတွက် သူတို့အရှုံးပေါ်
နေတယ်။ဒါကြောင့် သူတို့ကဒီလိုအခက် အခဲတွေ
ဖြစ်နေတယ်။သူတို့က အဲ့ဒါကိုပြောချင်တာ” တိုင်း
ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်ဇေယျ
က ပြောကြားသည်။
ယင်းသို့ ချေးငွေပြန်လည်ပေးဆပ်ရန်နှင့်ပတ်သက်၍
ဧရာဝတီဘဏ်က ကုမ္ပဏီများအားဘဏ်လုပ်ထုံး
လုပ် နည်းနှင့်အညီ တွေ့ဆုံညှိနှိုင်း တောင်းခံခြင်း၊
ဘဏ်မှတရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း
(Bank Notice) နှင့် ဘဏ်ရှေ့နေမှ တရားဝင်ချေးငွေ
တောင်းခံလွှာ ပေးပို့ခြင်း (Legal Notice) စသည်
လုပ်ထုံးလုပ် နည်းများနှင့် အညီ အဆင့်ဆင့်
ဆောင်ရွက်ခြဲ့ပီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ
အဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသ ကြီး အများပြည်သူ
သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာာဏာပိုင် အဖွဲ့၊
Yangon Region Transport Authority (YRTA)
အဖွဲ့ကိုလည်း အကြောင်းကြား အကူအညီတောင်းခံ
ထားပြီးဖြစ်ကြောင်းနှင့်ဘဏ်အနေဖြင့် တရားစွဲ
ဆိုရန် ဆက်လက် ဆောင်ရွက်လျက်နေကြောင်း
လည်း ယနေ့မွန်းလွဲပိုင်းက ဧရာဝတီဘဏ် သတင်း
ထုတ်ပြန်ရေးကော်မတီက တရားဝင်ထုတ်ပြန်ခဲ့သည်။
မော်တော်ယာဉ်ပြေးဆွဲသည့် ပုဂ္ဂလိကုမ္ပဏီ သုံးခု
အနက် Omni Focus General Service Public
Co,Ltd ၊ Central Yangon Nerwork Co,Ltd နှင့်
လွှတ်တော် စီးပွား ရေး၊စီမံကိန်းနှင့်ဘဏ္ဍာရေး
ကော်မတီတို့တွေ့ဆုံ ကြားနာမှုတွင် ၄င်းဘဏ်ချေးငွေ
ကိုပေးဆပ်နိုင်သော်လည်း လက်ရှိမော်တော် ယာဉ်
ပြေးဆွဲမှုလုပ်ငန်းတွင် အခက်အခဲများရှိခြင်းကြောင့်
ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ခြင်းဖြစ်ကြောင်းလည်း
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျကဆိုသည်။
“ကိုကျော်နေ၀င်းကလဲ ဒါကိုမပေးနိုင်တာမဟုတ်ဘူး။
သူ့မှာအ ခက်အခဲရှိတယ်။ဒါပေမယ့် ဒီငွေကိုသူ့အနေ
နဲ့တ ပြိုင်တည်းဆက်လို့ရတယ်။ပြဿာနာမရှိဘူး။
ဒီငွေပမာဏကို သူခေါင်းထဲထည့်မထားဘူး။သူပြောတဲ့ဟာက သူ့ရဲ့အခက်အခဲတွေကိုဖြေရှင်းမပေးဘူး။
သူလိုချင်တဲ့ပုံစံမဖြစ် ဘူး။ဒါကြောင့် သူတို့အဖွဲ့တွေ
အရှုံးပေါ်နေ တယ်။ဒါကိုဦးတည်ပြောချင်တာ”ဟု
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျကဆက်လက် ပြောကြားသည်။
ထိုပြင် ဧရာဝတီဘဏ်နှင့်မော်တော်လိုင်းပြေးဆွဲသည့်
ပုဂ္ဂလိက ကုမ္ပဏီတို့ကြား ဘဏ်ချေးငွေနှင့်ပတ်သက်၍ လွှတ်တော် စီးပွား ရေး၊စီမံကိန်းနှင့်ဘဏ္ဍာရေး
ကော်မတီတွင် တွေ့ဆုံကြားနားမှုများနှင့်ပတ်သက်၍
အစီရင်ခံ စာကို အမြန်ကိုဆောင်ရွက်သွားမည်
ဖြစ်ကြောင်းနှင့် နောက်အကျဆုံးအနေဖြင့် လာမည့်
မတ်လ တတိယအပတ်အတွင်း၌ တိုင်းအစိုးရအဖွဲ့
ထံသို့အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်းလည်း
၎င်းကဆိုသည်။
“ကျွန်တော်တို့ကတော့ နောက်အကျဆုံး ရှေ့လာမယ့်
အပတ်၊ဗုဒ္ဒဟူးနေ့လောက်တော့ အစီရင်ခံမှာပေါ့။
ကျွန် တော်တို့တွေ့ရှိချက်က အမှန်တော့ ဒီကိစ္စ
ဖြစ်နေတာကိုအစိုးရအဖွဲ့ကိုလဲ သတင်းပို့တယ်။
ဧရာဝတီဘဏ် ကလည်း ဒါတွေဖြစ်နေတယ်ဆိုတာ
ပို့တယ်။အချိန်နဲ့တပြေးညီပေါ့။အစိုးရအဖွဲ့ကိုရော ၊
YRTA ကရော ညှိ ပြီးတော့ ဆောင်ရွက်မပေးတဲ့
အတွက် ဒီအထိဖြစ်လာတာဗျ။အဲ့ဒိအနေအထားကတော့ အဲ့ဒါပါပဲ။ကျွန်တော် ကတော့ အမြန်ဆုံးဆောင်ရွက်
သင့်ပေါ့။အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့လဲ
ပတ်သက်နေတာကိုး”ဟု တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ဇေယျကဆက်လက်ပြောကြားသည်။
လက်ရှိမော်တော်ယာဉ်ပြေးဆွဲသည့် ပုဂ္ဂလိကုမ္ပဏီ
သုံးခုကို ဧရာဝတီဘဏ်မှ ချေးငွေထုတ်ချေးရန်
အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က
ညွန်ကြားခဲ့ခြင်းဖြစ်ပြီး အကောင်အထည်ဖော်
ဆောင်ရွက်မှု ၂နှစ်တာကာ လကျော်လွန်ချိန်တွင်
ယခုကဲ့သို့လုပ်ငန်းအရှုံးပေါ်နေမှုအခြေအနေ
ထွက်ပေါ်လာခြင်းကြောင့် ယင်းအခြေအနေ နှင့်
ပတ်သက်၍ဖြေရှင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏
တာဝန်သာဖြစ်ကြောင်းလည်း တိုင်းဒေသကြီး
လွှတ် တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ဆိုသည်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...