Skip to main content

အရူးမီးဝိုင်းဖြစ်နေကြသော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ၂ ယောက်၊ စာသား

ခင်းဗျားတို့ဖက်ချင်ဖက် မဖက်ချင်နေ ကျုပ်ကြိုက်လို့ copy ယူထားတယ်
အရူးမီးဝိုင်းဖြစ်နေကြသော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ
============================
"တိုင်းပြည်အတွင်း လူ့အခွင့်အရေးကို ချိုးဖောက်မှုများရှိနေသည့်
မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ကာကွယ်ပေးမည်မဟုတ်
ကြောင်း" ၂၀၁၈ ဇွန်လ၂၂ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့သည်..
"ဈေးဖိုး တစ်ရာ၊ ဝမ်းစာဖြည့် အစိတ်" ဆိုသူများသို့ ရည်ညွှန်း၍...
ပြောလည်း ပြောသင့်ပါသည်...သည်လိုလူတွေက ရှေ့တစ်မျိုး၊
ကွယ်ရာတစ်မျိုး အမျိုးမျိုးပလီ၍ ပြောတတ်သည်...
နိုင်ငံတကာမှ ရခိုင်မြောက်ပိုင်းပဋိပက္ခတွင် မြန်မာ့လုံခြုံရေးတပ်များ
ဘင်္ဂါလီများကို ၂၀၁၇ စက်တင်ဘာ၂ရက်နေ့မှစ၍ နယ်မြေရှင်းလင်း
ရာတွင် လူသားမျိုးနွယ်စုပေါ် ရာဇဝတ်ကျူးလွန်မှု( Crimes Against
Humanity)လုပ်ခဲ့သည်ဟု ကုလလုံခြုံရေးကောင်စီ(UNSC)တွင် တံခါး
ပိတ်ဆွေးနွေးနေချိန်ဖြစ်သည်... ၂၀၁၇ အောက်တိုဘာ၁၄ရက်တွင်
ရခိုင်အကြံပေးကော်မရှင်ဥက္ကဌ ဒေါက်တာကိုဖီအာနန်နှင့် ကုလလုံခြုံ
ရေးကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီး၊ ဒေါက်တာကိုဖီအာနန်က
"One Country, Two Government " ဟု ထုတ်ဖော်ပြောဆိုခဲ့သည်...
၂၀၁၇ ခုနှစ် အောက်တိုဘာ၁၁ရက်...
ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ ပတ်သတ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်
မှုနောက်တွင် တပ်မတော်ကလည်း ကူညီဆောင်ရွက်မှုများ ပေးလျှက်ရှိ
ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ် Mr. Scot Alan Marcielအား ရန်ကုန်မြို့ ကုန်းမြင့်သာယာရှိ
ဇေယျာသီရိဧည့်ခန်းမဆောင်၌ ဆိုခဲ့သည်...။
ဤသူနှစ်ဦးလုံးသည် ၂၀၁၇ စက်တင်ဘာလ၁၉ရက်နေ့၌ နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အခြေပြမိန့်ခွန်း
အပြီး နှစ်ဦးစလုံး ပြဿနာဖြစ်ပွားရာ မောင်တောဒေသသို့ ရှေ့ဆင့်
နောက်ဆင့် သွားသူများဖြစ်သည်...စက်တင်ဘာ၂၁ရက်နေ့၌ ကာချုပ်
မင်းအောင်လှိုင်က အမှတ်(၅၅၃) ခြေမြန်တပ်ရင်းတွင် အရာရှိစစ်သည်
များကို အကြမ်းဖက်ဘင်္ဂါလီများနှင့် ဆက်သွယ်သည့် မည်သူကိုမဆို
အရေးယူမည်ဖြစ်ကြောင်း ဆိုခဲ့သည်...။
*အိုးမလုံ အုံပွင့်လာခြင်းလား... ရှေ့ကဖုံး၊ နောက်က ပေါ်ခြင်းလား...
အမေရိကန်သံအမတ်စကော့မာစီရယ်နှင့် အမေရိကန်ဒုလက်ထောက်
နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီတို့လည်း မောင်တောဒေသသို့
သွားရောက်ခဲ့ပြီး ၊ စက်တင်ဘာ၂၃ရက် ထိုင်းနိုင်ငံသုဝဏ္ဏဘုမ္မိလေဆိပ်
ခရီးတစ်ထောက်နားစဉ် မာဖီက မြန်မာလုံခြုံတပ်များ၏ နယ်မြေ
ရှင်းလင်းမှုသည် Ethnic cleasing ဖြစ်ခဲ့သည်ဟု သုံးနှုန်းခဲ့သည်...
သည်အခြေအနေကို ခဏထား...
တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဥက္ကဌ
အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ၂၀၁၇ခုနှစ် အောက်တိုဘာ၁၃ရက်
နေ့မှ နိုဝင်ဘာ၇ရက်နေ့ထိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်
များသို့ ၂၆ရက်ကြာ သွားရောက်စစ်ဆေးခဲ့သည်... နယ်မြေခံ(၃၂၁၇)ယောက်
ကို တွေ့ဆုံမေးမြန်းခဲ့ပြီး၊ အသိသက်သေစုစုပေါင်း (၈၀၄) ဦး၏ သက်သေ
ထွက်ချက်ကို ရယူခဲ့ပြီး၊ စုံစမ်းစစ်ဆေးချက်အရ တပ်မတော်တွင် အပြစ်မရှိ
ဟု ဆုံးဖြတ်ချက်ချခဲ့သည်...
တပ်မတော်သည် အကြမ်းဖက်နှိမ်နှင်းရာတွင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်
ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်တိုက်ဖျက်ရေးတာဝန်ထမ်း
ဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့်ဥပဒေသ (Rule Of Engagement)
ပါ အချက်အလက်များကို ခေါင်းဆောင်ပိုင်းမှစ၍ လက်အောက်တပ်သား
အဆင့်ထိ အလေးထားသိရှိ လိုက်နာဆောင်ရွက်ခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ရ
သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဆိုသည်...
တပ်မတော်စစ်ဆေးရေးချုပ်အေးဝင်း အခိုင်အမာ စုံစမ်းလေ့လာအပြီး....
Reuters သတင်းထောက်နှစ်ဦးကို ရဲလျှို့ဝှက်ချက်စာရွက်စာတမ်းများကို
လက်ဝယ်တွေ့ရှိသည်ဆိုကာ ၂၀၁၇ ဒီဇင်ဘာ၁၂ရက်တွင် မင်္ဂလာဒုံမြို့နယ်
ထောက်ကြန့်လမ်းဆုံ၌ ဖမ်းဆီးခဲ့သည်... ၁၉၂၃ ကိုလိုနီအက်ဥပဒေ နိုင်ငံ
တော်လျှို့ဝှက်ချက်ဥပဒေပုဒ်မ -၃-၁-(ဂ) ဖြင့် ရိုက်တာသတင်းသမားနှစ်ဦး
ကို စွဲချက်တင်ခဲ့သော်လည်း၊ တကယ်တမ်း အင်ဒင်ကျေးရွာ ပဲရုံနတလ
သုဿန်အနီး ဘင်္ဂါလီ၁၀ဦးကို ပစ်သတ်ခဲ့သည့်အကြောင်းကို ထုတ်ဖော်
ရေးသားခဲ့သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်....
အင်ဒင်းရွာလူသတ်မှုနဲ့ပတ်သတ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ၂၀၁၇
ဒီဇင်ဘာ၂၀ရက်နေ့ကကနေ ၂၀၁၈ ဇန်နဝါရီ၂ရက်နေ့ထိ တပ်မတော်အရာရှိ
စစ်သည် ၂၁ဦး၊ ရဲတပ်ဖွဲ့ဝင်၃ဦး၊ အမှတ်၈ လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်၁၃ဦး
ဌာနဆိုင်ရာဝန်ထမ်း ၆ဦးနဲ့ အင်ဒင်းရွာသား၆ဦးတို့ကို စုံစမ်းမေးမြန်းခဲ့သည်...
တပ်မတော်ပြန်ကြားရေးမှ တပ်မတော်အရာရှိစစ်သည် ၇ဦးကို အရေးယူ
ကြောင်း မတ် ၁၀ရက်နေ့ ညနေပိုင်းတွင်သတင်းထုတ်ခဲ့သည်...ဧပြီ၁၁ရက်
တွင် တပ်မတော်သား၇ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၀နှစ်ချမှတ်ခဲ့
ကြောင်းသိရသည်...
နယ်မြေရှင်းလင်းရေးတွင် ခေါင်းဆောင်ခဲ့သော အမှတ်(၃) စစ်ဆင်ရေး
အထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော(BSO-3)ကို
အနားပေးကာ ဗိုလ်အေးဝင်းကို အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် နေရာပေးခဲ့သည်....။
ထွက်ပြေးဘဂါင်္လီ၇သိန်းကို အကြောင်းပြု၍...
ဘင်္ဂလားနဲ့OICနိုင်ငံများက Crimes Against Humanity လူသားမျိုး
နွယ်စုကို ရာဇဝတ်ကျူးလွန်ဖောက်ဖျက်မှုဖြင့် ICCတင်ရန်ကြိုးပမ်းမှုကို
မြန်မာစစ်ခေါင်းဆောင်များကို ခုံရုံးတင်နိုင်ရန် စတင်ကြိုးပမ်းလာသည်...
တစ်ဖန် ဧပြီလ၃၀ရက်တွင် UNSCကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့
ရောက်လာပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ခဲ့သည်...
"အထောက်အထားရှိရင် ပေးပါ..ကျမကိုယ်တိုင်အရေးယူပေးပါမယ်"လို့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်စကားသည် မြန်မာ
စစ်ခေါင်းဆောင်များကို ကာကွယ်ပေးလို၍ မဟုတ်ပဲ လေးပစ်သူ သောနု
တ္တိုလ်ကိုသာ အပြစ်ပုံချပြီး အသွားစေခိုင်းသူနှင့် အစွယ်လိုသူတို့က ကိုယ်
လွတ်ရုန်းဖို့သာမက အမြတ်ထုတ်မည့်အကြံကို ဟန့်တားလို၍ ဖြစ်သည်...
ရခိုင်မြောက်ပိုင်းပဋိပက္ခသည် အကယ်၍များ ပုဒ်မ-၄၁၇အရ စစ်အုပ်ချုပ်
ရေးအာဏာပြန်အသက်ဝင်ခဲ့လျှင် ကျိန်းသေပေါက် နယ်မြေပဲ့ပြီး၊ တရုတ်
နှင့် ဘင်္ဂလားဒေ့တို့အတွက် အောင်သေ၊ အောင်သား စားဖို့ ချိန်ညှိထားပြီး
သားဆိုတာ မြေကြီးလက်ခတ်မလွဲပင်...
၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ၇ရက်...
"ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ တပ်မတော်နှင့်စဖြစ်ခြင်းမဟုတ်၊ အစိုးရ
နှင့် တိုင်းရင်းသားများဖြစ်ပွားခဲ့ခြင်း"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
မင်းအောင်လှိုင်က ပြင်ဦးလွင်စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၆၀)သင်
တန်းဆင်းအခမ်းအနားမှာ ပြောကြားခဲ့တယ်...
အင်မတန် မိုက်လုံးကြီးတဲ့သူ... ဘယ်လိုမှကို statesman မဖြစ်ထိုက်တဲ့သူပါ...
အသွင်ကူးပြောင်းရေးကာလမှာ လက်တွေ့ဆန်တဲ့ Civilin -Military
Relationship ကို ညင်ညင်သာသာပြောင်းလဲနိုင်အောင် master keyကို
ကိုင်ထားပါလျှက် နိုင်ငံရေးမလိုင်ဖက် ခပ်စားဖို့ ခေါင်းထဲထည့်သူပါ...။ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ပြည်တွင်းမှာ ညစ်ကျယ်ကျယ် လုပ်လို့ရပေမယ့်
ခု နိုင်ငံပြင်ပကို ခြေတစ်လှမ်းထွက်ဖို့ ကြောက်နေတယ်... ကုလအချက်အလက်
ရှာဖွေရေး(FFM)ရဲ့ အစီရင်ခံချက်အရ ၂၀၁၈ နိုဝင်ဘာ ၁၆ရက်မှာ လူ့
အခွင့်အရေးချိုးဖောက်တယ်လို့ ကုလလူ့အခွင့်အရေးကော်မရှင်မှာ ထောက်ခံမဲ
၁၄၂နဲ့ အတိအလင်းဆုံးဖြတ်ချက်ချထားပြီးသား.... ယခုဒီဇင်ဘာလမှာ နောက်
ထပ်မြန်မာစစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ result တစ်ခုချဖို့ ရှိနေတယ်...။
ICCအသံကျယ်လောင်လာပြီးနောက်....
စစ်တစ်ပိုင်းအစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝဏ္ဏ
မောင်လွင်က "တပ်မတော်ကို ချောင်ပိတ်မိအောင် လုပ်နေတာတွေကို လက်ပိုက်ကြည့်နေသလဲ"ဟုမချိတင်ကဲ ပြောကြားခဲ့သည်... ခုချိန်ထိ
၎င်းတို့အပြစ်ကို မမြင်ပဲ အရပ်သားအစိုးရကို အပြစ်ဖို့တာချည်း လုပ်
နေသည်...။ ၂၀၁၈ ဧပြီလ၉ရက်တွင် ICCရှေ့နေချုပ်ရဲ့ ထုတ်ပြန်ချက်၊
ဧပြီလ၁၂ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တို
နီယို ဂူတာရက်စ်တို့ မြန်မာစစ်တပ်ကို လိင်အကြမ်းဖက်မှုဆိုးရွားသည့်
အဖွဲ့အစည်းစာရင်းထဲတွင် သွတ်သွင်းမှုအပါအဝင် နယ်မြေရှင်းလင်းမှု
တွင် အခွင့်အရေးချိုးဖောက်မှုများကို စွပ်စွဲသံလှိုင်လှိုင်ထခဲ့သည်...။
တစ်ပါတည်း တံဆိပ်ကပ်ခံရသူများစာရင်းတွင် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့အပါအဝင်
၆ဦးအား ICCမှ ထုတ်ပြန်ခဲ့သည်...။ ကျန်၎ဦးမှာ..
ရခိုင်မြောက်ပိုင်းနယ်မြေရှင်းလင်းမှုတွင် အဓိကခေါင်းဆောင်အဖြစ်
အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်
ဇော(ကြည်း-၁၇၄၄၄)ကို ၂၀၁၈ မေလ၂၄ရက်တွင် တပ်မတော်မှ ထုတ်
ပယ်ကာ အနားပေးလိုက်သည်... DSA အပတ်စဉ် ၂၄ဆင်း ဒုတိယဗိုလ်
ချုပ်ကြီးအောင်ကျော်ဇောသည် အနောက်တောင်တိုင်း၊ တောင်ပိုင်းတိုင်း
နှင့် အနောက်ပိုင်းတို့ ပါဝင်သည့် ကစထမှူး-၃(BSO-3)အဖြစ် ကိုင်တွယ်ခဲ့သူ
ဖြစ်ပြီး၊ ရခိုင်မြောက်ပိုင်းပဋိပက္ခဖြစ်ပြီး နယ်မြေရှင်းလင်းမှုတွင် အဓိက
ပါဝင်ခဲ့သူအဖြစ် ICC, EU, USနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များမှ
စွပ်စွဲထားသူ ဖြစ်သည်...
နောက်ထပ်တစ်ဦးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
မောင်မောင်စိုး(ကြည်း-၁၉၅၇၁) ... DSAအပတ်စဉ် (၂၇)ဆင်း ဗိုလ်ချုပ်
မောင်မောင်စိုးကို ၂၀၁၈ မတ်လ၆ရက်နေ့ကတည်းက တာဝန်ကရပ်နား
ထားပြီး ၂၀၁၈ ဇွန်လ၂၅ရက်ကတည်းက တပ်မတော်က ထုတ်ပယ်အနား
ပေးလိုက်ပြီးလို့ ကြေညာချက်ထဲမှာ ဖော်ပြတယ်... တပ်မ၃၃ တပ်မမှူး ဗိုလ်
မှူးချုပ်အောင်အောင်၊ တပ်မ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦးတိုကိုပါ ၂၀၁၈
ဇွန်လ၂၅ရက်နေ့က တစ်ပါတည်း ထုတ်ပယ်ခဲ့တယ်...
သည် ၆ဦးအပြင် တစ်ပါတည်း အမှုတွဲ တွဲခံရသူတွေက ဘူးသီးတောင် အခြေ
စိုက် အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ်ခင်မောင်စိုး၊ နယ်
ခြားစောင့် တပ်ဖွဲ့မှူး ရဲမှူးချုပ်သူရစန်းလွင်၊ အမှတ်၈ လုံခြုံရေးရဲတပ်ဖွဲ့မှူး
သန့်ဇင်ဦးတို့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေအဖြစ် ပါဝင်လာတယ်...။ အမှတ်(၈) လုံခြုံရေးရဲတပ်ဖွဲ့မှူးသန့်ဇင်ဦးကတော့ ၂၀၁၇
ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ဗိုလ်မှူးချုပ်အောင်အောင်ဦးစီးတဲ့ ခြေမြန်
တပ်မ၃၃က ကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေမှာ ပူးပေါင်းပါဝင်မှုနဲ့
EUရဲ့ ဒဏ်ခတ်အရေးယူမှုထဲမှာ ထည့်သွင်းခံခဲ့ရတာ ဖြစ်တယ်...>
၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃ရက်နေ့က ဝါရှင်တန်အခြေစိုက် International
Law and Policy Group(PILPG)နိုင်ငံတကာမူဝါဒရေးရာအဖွဲ့က
ထုတ်ပြန်တဲ့အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ ဘင်္ဂါလီတွေအပေါ်
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ယုံကြည်
လောက်တဲ့ အထောက်အထားတွေ့ရကြောင်းဆိုခဲ့သည်...။ PILPG
သာမက United States Commission on International Freedom
နဲ့ Holocaust Museum တို့ပါ ဝိုင်းဝန်းတောင်းဆိုကြတယ်...
ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလည်း လွှတ်တော်
အမတ်တွေဖိအားပေးခြင်း ခံနေရတယ်...အထက်လွှတ်တော် နိုင်ငံခြားရေးရာ
ကော်မတီဝင် ဝါရင့်ဒီမိုကရက်အထက်လွှတ်တော်အမတ် Edward Markey
လည်း ဒီင်္်ဇင်ဘာ၎ရက် လွှတ်တော်ကြားနာပွဲမှာ အခုလိုပြောသွားတယ်...
"လက်ရှိအမေရိကန်အစိုးရအနေနဲ့ ethnic cleasing လူမျိုးစုအလိုက် ရှင်း
လင်းဖယ်ရှားမှုအဖြစ် ဆက်ပြီးသတ်မှတ်မှာလား၊ ဒါမှမဟုတ် genocide လို့
ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ crimes against humanity
လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုအဖြစ် သတ်မှတ်မှာလား ရှင်းရှင်းလင်း
လင်းသိဖို့ အလွန်အရေးကြီးတယ်.... ဒီလို သတ်မှတ်ခေါ်ဝေါ် ထုတ်ပြန်ဖို့ အမေ
ရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတယ်"...
ဒီဇင်ဘာ၎ရက် အဂါင်္နေ့က အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှာ
သံအမတ်သစ်ခန့်အပ်ဖို့ သမ္မတက အမည်စာရင်းတင်သွင်းခြင်းခံရသူတွေကို
ကြားနာပွဲလုပ်ခဲ့တာပါ... ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
အဖြစ် အမည်စာရင်းတင်သွင်းထားတဲ့ လက်ရှိအမေရိကန်နိုင်ငံခြားရေးဌာန
အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick
Murphy လည်း တက်ရောက်ထွက်ဆိုခဲ့ပါတယ်... Murphy ၂၀၁၇ စက်တင်
ဘာ၂၀ရက်ကတည်းက ရခိုင်မြောက်ပိုင်းအခြေအနေကို ၃ရက်ကြာ သွားရောက်
လေ့လာခဲ့သူဖြစ်တယ်...
ဒီလို ကြားနားပွဲရှိချိန်မှာ အမေရိကန်အထက်လွှတ်တော်အမတ်အချို့က မြန်
မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeoအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်
မှုကျူးလွန်ကြောင်း တရားဝင်သတ်မှတ်ကြေညာဖို့ ဖိအားပေးတောင်းဆို
ခဲ့တယ်..ယခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Rex Tillerson
လက်ထက် ၂၀၁၇ နိုဝင်ဘာ၂၂ရက်နေ့မှာ ရခိုင်ပြည်နယ်ရဲ့အခြေအနေနဲ့ ပတ်
သတ်လို့ ရရှိထားတဲ့အချက်အလက်တွေအရ ethnic cleasing လူမျိုးစု
အလိုက်ရှင်းလင်းဖယ်ရှားမှုတွေ ကျူးလွန်ရာရောက်ကြောင်းထင်ရှားနေတယ်
လို့ တရားဝင်သတ်မှတ်ကြေညာခဲ့တာပါ...
Patrick Murphy ပြောကြားတာက ယခင်က ethnic cleasing လို့ ကြေညာ
ရာမှာ တရုတ်ဘက်ကို ယိမ်းနိုင်တဲ့ ပထဝီနိုင်ငံရေးရာအချက်အလက်တွေကြောင့် ဆိုပေမယ့်၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ethnic cleasing ဆိုတာ
လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ genocide ကို အစပျိုးတာသာ ဖြစ်တယ်လို့
သူ့ကိုပေးထားတဲ့ဘောင်ကနေ ဖြေကြားသွားတယ်... အမေရိကန်အစိုးရအနေ
နဲ့ ရခိုင်အကြံပေးကော်မရှင်ဥက္ကဌကိုဖီအာနန်ရဲ့ One country, two
government ဆိုတဲ့စကား အမေရိကန်အထက်လွှတ်တော်ရီဗက် ဘလစ်ကန်အကြီးအကဲ မစ်ခ်ျ မက်ကောနယ်လ်ရဲ့ ဒေါ်စုကို အဆုံးစွန်ထိ
ထောက်ခံရပ်တည်ပေးနေတာ တစ်ကြောင်းကြောင့် အကဲဆက်လှတဲ့ ရခိုင်
မြောက်ပိုင်းပဋိပက္ခကို အထူးသတိထားကိုင်တွယ်နေရတာ ဖြစ်တယ်...
ရေပေါ် ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ မြင်ရတဲ့အပိုင်း သုံးပုံတစ်ပုံကိုသာ ခန့်မှန်း
နေတဲ့ မီဒီယာတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်အတိုင်းသာ
ဆုံးဖြတ်ရင် အမေရိကန် နိုင်ငံခြားပေါ်လစီ၊ မူဝါဒပိုင်းဆိုင်ရာဟာ ကျိန်းသေ ပြတ်လုံး(joke)ဖြစ်သွားမှာပါ... UNHCR,OICနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက
တော့ ထွက်ပြေးဘင်္ဂါလီ၇သိန်းအရေးအတွက် မြန်မာအစိုးရရဲ့ အားခီလိစ်ခြေဖနောင့်ဖြစ်တဲ့ စစ်တပ်ကို ဖိအားပေးရုံကလွဲပြီး ဆုပ်လည်းစူး၊
စားလည်းရူးပဲ...။ တရုတ်ကတော့ လက်ရှိအခြေအနေမှာ trade warနဲ့ မြန်မာ
ဘက်ကို အရေးမစိုက်အားပါဘူး...။ တရုတ်တို့ရဲ့ စီးပွားရေးလုပ်နည်း၊
လုပ်ဟန်တွေကလည်း တစ်ဖို့တည်းသမား၊ ဘနဖူးသိုက်တူးတာကလွဲလို့
ကျန်တာ ဝိသမလောဘသားတွေပါ...
တကယ့်ကို အရူးမီးဝိုင်းနေတာက မြန်မာစစ်ခေါင်းဆောင်တွေပါ.... ဒီပြဿနာ
စက်ကွင်းက ရုန်းထွက်ဖို့က စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးကနေ နောက်ဆုတ်ထွက်ခွာရဖို့ မြေကြီးလက်ခတ်မလွဲပါ... တဖြည်းဖြည်း ပိတ်ဆို့မှုကြားမှာ အရူးချီးပန်းဖြစ်နေပြီး နယ်လည်း ကျဉ်းမြောင်း
လာပါတယ်... ဒီခုချိန်ဆိုရင် တပ်ချုပ်ဟာအရင်းနှီးဆုံးဆိုတဲ့ ထိုင်းနိုင်ငံကို
သွားဖို့တောင် ခြေမလှမ်းရဲပါဘူး... နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘောနဲ့ ခုလက်ရှိထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်တို့ ချီးမြှင့်ထားတဲ့ နှစ်ထပ်ကွမ်းဆင်ဖြူသူရဲကောင်းဘွဲ့ခံ တပ်ချုပ်မင်းအောင်
လှိုင်အနေနဲ့ ခုချိန်မှာ ထိုင်းသွားမယ်ဆိုရင် ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ
လက်ခံဖို့က ၂၀/၈၀ပါ...
မွေးစားဖေဖေ ထိုင်းဘုရင့်တော်ဝင် ဗိုလ်ချုပ်ကြီးဟောင်း ပရင်တင်ဆူလာနွန်ဒါလည်း ခုချိန်မှာ bye bye My son ဆိုပြီး
အဝေးကနေ ဆုတောင်းမေတ္တာပို့သတာက လွဲပြီး....
တိုင်းပြည်အနှံ့မှာ တပ်မတော်ထောက်ခံပွဲတွေလုပ်တာ ၂၀၁၈ နိုဝင်ဘာ၃ရက် ကြားဖြတ်ရွေးကောက်ပွဲရက်တောင် မရှောင်ဘူးဆိုတော့ ဒီရဲ့အကျိုးဆက်က
မလွဲမသွေ ဆက်ဒမ်ဟူစိန်၊ ကဒါဖီ၊ ပီနိုချေးတို့လို လမ်းစဉ်လားဆိုတာ...
ယတြာချေတာနဲ့ တပ်တွင်းစည်းရုံးရေးလုပ်ရတဲ့အပြင် အာဏာရှင်ဟောင်း
ဗိုလ်သန်းရွှေရဲ့ ထိုးကျွေးကွက်လည်း ကြောက်ရသေးတယ်... နိုဝင်ဘာ၁၆
ရက်မှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဟော်က ဒုတပ်ချုပ်စိုးဝင်းကို
ဘေဂျင်းကို လှမ်းခေါ်ပြီး၊ တရုတ်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ ပူး
ပေါင်းမယ်ဆိုတဲ့အကြောင်း ခေါ်ဆွေးနွေးတယ်...
အခုတော့ တရုတ်လည်း ပျားတုပ်နေပါပြီး... Huawei ကုမ္ပဏီ၏ ဘဏ္ဍာရေး
အရာရှိချုပ် Meng Wanzhouကို ကနေဒါအာဏာပိုင်တွေက ဗန်ကူးဗားမြို့မှာ
ဖမ်းပြီး အမေရိကန်ကို လွှဲပြောင်းပေးဖို့ စီစဉ်ထားသည့်ကိစ္စပေါ်လာသည်...
ဒီဇင်ဘာ၆ရက်နေ့သောကြာနေ့တွင် အာမခံပေးဖို့ကိစ္စ ကြားနာဖို့လုပ်နေတယ်...
ဒီဇင်ဘာ၂ရက်မှာ အာဂျင်တီးနားနိုင်ငံ ဗြူနို့အေရီမြို့မှာ ကျင်းပတဲ့ G-20
စက်မှုထိပ်သီးအစည်းအဝေးမှာ ထရန့်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံချိန်မှာ Man
Wanzhouကို ဖမ်းခဲ့တာပါ... တရုတ်ရဲ့ သွင်းကုန်ပေါ်မှာ အခွန်စည်းကြပ်ဖို့
ရက်ပေါင်း၉၀ဖြေလျှော့ပေးပြီး၊ အမေရိကန်သွင်းကုန်ဖြစ်တဲ့ ပဲပိစပ်နဲ့ ဓာတ်
ငွေ့ရည် တရုတ်ဝယ်ယူတဲ့အပေါ်ကြည့်ပြီး ဆုံးဖြတ်မှာပါ... ထရန့်အနေနဲ့
ဘယ်လိုပဲ တရုတ်ကို ဖြေလျှော့ပေးမယ်ပြောပြော အမေရိကန်ဘဏ္ဍာရေး
နဲ့ ကုန်သွယ်ရေးပိုင်းအရာရှိတွေက trade warအတွက် ဆက်လက် လုပ်ဆောင်နေပါတယ်...
*တရုတ်ရဲ့ ဘယ်တော့မှ မတည်တဲ့ ကုန်သွယ်မှုဆိုင်ရာကတိကဝတ်ကို ယုံ
ကြည်ခြင်းမရှိလို့ တုံ့ပြန်ခဲ့ကြတယ်...
တရုတ်နည်းပညာကုမ္ပဏီ Huawei အနေဖြင့် အီရန်အပေါ် ချမှတ်ထား တဲ့အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ခြင်းရှိ၊ မရှိကိုအာဏာပိုင်များ စုံစမ်းနေတဲ့ကိစ္စကို ယခုနှစ်အစောပိုင်းတွင် ဝေါစထရိဂျာနယ်က ဖော်ပြပြီးတဲ့အချိန်မှာပဲ MengWanzhou(မုန်ဝမ်ကျူဝူ)ကို ဖမ်းခဲ့တာပါ...
Huawei နည်းပညာကုမ္ပဏီတည်ထောင်သူ ရင်ကျင့်ဖေရဲ့ သမီးဖြစ်တဲ့
မုန်ဝမ်ကျူဝူဟာ ဘဏ္ဍာရေးအရာရှိချုပ်ပေမယ့် Huaweiရဲ့ ဒုဥက္ကဌအဖြစ်
နာမည်ပေါက်ပါတယ်... ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ရင်ကျင့်ဖေက တရုတ်သမ္မတ
Xi ရဲ့ အားကိုးရတဲ့ ဘီလျံနာသူဌေးကြီးဖြစ်ပြီး ၊ အမေရိကန်က စွပ်စွဲတဲ့ နည်း
ပညာဆိုင်ရာ ဥာဏချိုးဖောက်မှုမှာ စွပ်စွဲခံထားရတဲ့သူဖြစ်တယ်...
တရုတ်ကလည်း မုန်းဝမ်းကျူဝူးက ဘယ်လောက်အရေးကြီးသလဲဆိုတာ
ချက်ခြင်း ကနေဒါအစိုးရကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အပြင်၊ သံတမန်
တင်းမှုမြင့်နေတဲ့ ဒီသတင်းပတ်အစောပိုင်းမှာပဲ ကနေဒါသံတမန်ဟောင်း
Michael Kovrigကို တရုတ်အစိုးရက ဘာအကြောင်းပြချက်မှ မပေးပဲ
ဖမ်းဆီးခဲ့ပါတယ်... ကနေဒါအစိုးရအနေနဲ့ အမေရိကန်ညွှန်ကြားချက်အတိုင်း
သာလိုက်လုပ်တဲ့အပြင် တရုတ်ရဲ့ရန်လိုမှုက ကနေဒါရောက်တရုတ်လူမျိုး
အတွက် အကျပ်အတည်းဖြစ်စေမှာပါ... ကနေဒါနိုင်ငံရဲ့ ထိပ်ဆုံးမှာရှိတဲ့
ချမ်းသာကြွယ်ဝမှုနဲ့ စက်မှုထိပ်သီးနိုင်ငံအတွက်က တရုတ်-အမေရိကန်
ကုန်သွယ်ရေးစစ်အတွက် တစ်ဖတ်သတ်ရှုံးဖို့ ဖြစ်လာစေမှာကို သတိလက်
လွတ်ဖြစ်ခဲ့တယ်....
စိတ်လောကြီးရင် ချောမွေ့တဲ့လမ်းတောင် ခလုတ်တိုက်တတ်တယ်ဆိုတာ
တရုတ်တို့ သတိမမူတော့ ဂူမမြင်ခဲ့ဘူး...
ကဲ...မြန်မာစစ်ခေါင်းဆောင်တွေရော...
စစ်တပ်ရဲ့ လက်သပ်မွေးထားတဲ့ Psy warနဲ့ Propagandist လုပ်ပြီး၊
Brain wash လုပ်ခံထားရတဲ့ အခြေခံပြည်သူလူထုတွေကို ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒမှိုင်း တိုက်တာ ထိရောက်တယ်လို့ ဆိုကြတယ်... Narrow minded nationalism ဆိုတဲ့ အောက်မှာ စီးပွားရေး၊ ဘာသာရေး၊ လူမျိုး
ရေးတွေကို အမှန်၊ အမှားပေါင်းစပ်ပြီး ဝါဒဖြန့်တာ ကောင်း၊ မကောင်းတော့
မသိဘူး... ၂၀၁၈ ဩဂုတ်၃၀ရက်မှာ တပ်ချုပ်ရဲ့age, မြဝတီသတင်းဌာန
နှင့် တပ်မတော်ပြန်ကြားရေးPageတွေကို Social platforms မှာ နံပါတ်တစ်
နေရာယူထားတဲ့ Facebook team က ပိတ်ခဲ့ပါတယ်....
၂၀၂၀ ရွေးကောက်ပွဲမှာ NLDပါတီ မဲရဖို့မမျှော်လင့်နဲ့လို့ စစ်lobbyတွေနဲ့ ဝမ်း
တွင်းကန်းမျိုးချစ်တွေက ကြွေးကြော်ကြပေမယ့်၊ ၂၀၁၉ နှစ်စပိုင်းလောက်မှာ
စစ်ခေါင်းဆောင်တွေ crimes against humanity ဆိုတဲ့ လူသားမျိုးနွယ်စု
ပေါ် ရာဇဝတ်ကျူးလွန်မှုနဲ့ နိုင်ငံတကာစစ်ခုံရုံးတတ်ရောက်ဖို့က ရာခိုင်နှုန်း၈၀
နီးပါး ရှိနေတယ်... နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) မဟုတ်ဘူးနော်... သေချာ
မှတ်ထားပါ... ICCက ဘင်္ဂလားဒေ့ရှ်နဲ့ OICနိုင်ငံတွေထောင်ထားတဲ့ နှစ်ကျပ်
ကွက်ထောင်ချောက်ပါ... အခုက ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စသာမက
ရှမ်း၊ ကချင်နဲ့ ကရင်မှာကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်ကျူးလွန်မှုကို သုံးကြိမ်
မြောက်လာရောက်စစ်ဆေးတဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာအထူးကိုယ်
စားလှယ် မစ္စခရစ်စတင်းဘာဂျင်နာ ရှရှန်နာရဲ့ အစီရင်ခံစာမှာ ပါပြီးသားပါ...
ထွက်ပြေးဘင်္ဂါလီ၇သိန်းကျော်ကို ရခိုင်ကော်မရှင်အကြံပေးကော်မရှင်
အကြံပြုချက် ၈၈ချက်၊ ၁၉၉၃ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးစနစ် ၄ချက်
နဲ့ ကာထားတာ ၁နှစ်ကျော်ကြာတဲ့ထိ ဘဂါင်္လီတစ်ကောင်မှ လက်မခံရ
သေးဘူး...
NLD ပါတီ၂၀၂၀မှာ မဲနိုင်ဖို့ မနိုင်ဖို့ အသာထား၊ ခုလောလောဆယ် စစ်ခုံရုံး
မတတ်ရအောင် ယတြာချေ၊ ထောက်ခံပွဲလုပ်နဲ့ ခွေးခေါင်းဓားစက်နဲ့ ဖြတ်
ခံ မထိအောင် ကာကွယ်ရတာနဲ့တင် ချာလပတ်ရမ်းနေပြီး... Statesman
ဖြစ်ဖို့အသာထား မောင်ပိုင်စီးထားတဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို လက်ဝါး
ကြီးအုပ်ထားတာ ပေါ်လာတဲ့ပြင်၊ စစ်ဗိုလ်ချုပ်တွေနဲ့ အကျိုးတူခရိုနီစီးပွား
ရေးကလည်း အာဏာပေါ်လုပ်စားတဲ့စီးပွားရေးသာဖြစ်လာတဲ့အတွက်
ဒေဝါလီခံရုံအပြင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ ဝင်လာရင် ခွက်ဆွဲ
တောင်းရမယ့်ကိန်း ဆိုက်နေတယ်...
ရွေးကောက်ပွဲ ကြံ့ခိုင်ရေးနိုင်မယ် ဟုတ်လား... ၂၀၁၅ တုန်းကတောင်
ယူထားတဲ့ အာဏာ၊ ဘုံးထားတဲ့ငွေကြေးနဲ့တောင် ခွက်ခွက်လန် ရှုံးသေး
တာပဲ... ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲတောင် ဝင်ဖို့ ဘယ်ကဏ္ဍကနေ
ငွေကြေး ဘယ်သူကစိုက်ထုတ်မှာလဲ... ဘယ်ခရိုနီမှ အကျိုးအမြတ်မရှိ
ရင် မရင်းဘူး... သိပ်ယုံကြည်ချက်ရှိရင် ခိုးထားတဲ့ပိုက်ဆံကနေ စိုက်ဖို့
Quid pro quo ဆိုတဲ့ ဆန်ပေးမှ ဆေးရတာပါ... တပ်ပိုင်လုပ်ငန်းစုကနေ
မျှော်ဖို့ ၂၀၂၀ကျရင် ယောင်လို့တောင် မတမိစေနဲ့...
ဒါကြောင့် State counsellor ဒေါ်အောင်ဆန်းစုကြည် စိတ်အေးလက်အေး
ရှိနေတာ... အခန့်မသင့်ရင် အင်ဒိုနီးရှားမှာ အရှေ့တီမောကိစ္စကြောင့် လွှတ်
တော်ကနေ ၂၀ ရာခိုင်နှုန်းသော တပ်အမတ်တွေ အကုန်လုံးထွက်ရသလို
ခုလည်း စစ်ခုံရုံးတတ်မယ်ကိစ္စနဲ့ လွှတ်တော်မှာရှိတဲ့ ၂၅% မထွက်ရဘူး
လို့ ဘယ်သူပြောနိုင်သလဲ... လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းက သည်
လိုဖြစ်နေတာ "သတိမူတော့ မြူပင်မြင်" ဆိုသလိုပဲ... အမေစု ရွှေ့တာ အရမ်း
လှတယ်...
ကဲ...
ကျန်တာတော့ အခြေခံပြည်သူလူထုတွေ အချက်အလက်နဲ့စဉ်းစားဖို့ပဲ...
Written by:
A.M.H#(Irony)
Photo #crd
tna

နိုင်ငံခြားရေးဝန်ကြီး ပပက်ထရစ်မာဖီတို့လည်း မောင်တောဒေသသို့

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video