Skip to main content

ရန်ကုန်မြို့တော်စည်ပင်ပိုင် နို့စားနွားမွေးမြူရေးခြံတွင် နွားထီးများသာတွေ့ရှိခဲ့ရဟုဆို


ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ၂ ယောက်၊ ရပ်နေသော လူများ နှင့် အခန်းတွင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်နို့စားနွားမွေးမြူရေးခြံအား စစ်ဆေးရာနွားထီးများသာ တွေ့ရှိခဲ့ရခြင်းကြောင့် ပြန်လည်ရောင်းချခိုင်းထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာန၏ ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်စီမံဆောင်ရွက်သွားမည်ကို”မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားစဉ်ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ထုတ်လုပ်ရေးဌာနတွင် စိုက်ပျိုးမွေးမြူရေးစခန်း (၁၂)ခု၊ စက်ရုံ (၂)ခု၊ စုစုပေါင်း လုပ်ငန်း (၁၄)ခု ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းနှင့်စာရင်းများ စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအရ စိုက်ပျိုးမွေးမြူရေးစခန်း (၅)ခုမှ (၅)နှစ်ဆက်တိုက် အရှုံးဖြစ်ပေါ်နေသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်အတွက် မစို စိုက်ပျိုးမွေးမြူရေးနှင့် အပန်းဖြေစခန်းသည် အရှုံး ကျပ်သန်း ၈၈.၀၄၇၊ အောင်ချမ်းသာရေငန်ပုစွန် မွေးမြူရေးစခန်းသည် အရှုံး ကျပ်သန်း ၃၈.၄၀၈ ၊ ထောက်ကြန့်ကြက်မွေးမြူရေးစခန်းသည် အရှုံးကျပ်သန်း ၃၄၀.၈၆၂၊ ဥတိုစိုက်ပျိုးမွေးမြူရေး စခန်းသည် အရှုံးကျပ်သန်း ၁၇၅.၆၅၁ ၊ နှစ်ရှည်ပင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် အရှုံးကျပ်သန်း ၈၁.၅၇၈ ရှိသည်။
အဆိုပါ စိုက်ပျိုးမွေးမြူရေးစခန်း (၅)ခုတွင်နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်း အနေဖြင့် ကြက်ဆူပင်မှ နှစ်ရှည်ကျွန်းပင် ပြောင်းလဲစိုက်ပျိုးဆဲ ဖြစ်ပါသဖြင့် စိုက်ပျိုးစရိတ် ရင်းနှီးမြှုပ်နှံထားရှိခြင်းကြောင့် အရှူံးဖြစ်ပေါ်ရခြင်းဖြစ်ပြီး ကျန်စိုက်ပျိုးမွေးမြူရေးစခန်း (၄)ခုမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် စတင်ရင်းနှီးမြှုပ်နှံငွေများနှင့် ပုံသေပိုင်ပစ္စည်းများ နှစ်စဉ်တန်ဖိုးလျော့ချခြင်း တို့ကြောင့်လည်းကောင်း၊ သတ်မှတ်နှုန်းထားနှင့်အညီ ငှားရမ်းဆောင်ရွက်မည့် ကုမ္ပဏီမရှိသေး၍ ဝင်ငွေမရှိခြင်းကြောင့်လည်းကောင်း အရှုံးဖြစ်ပေါ်ရခြင်း ဖြစ်သည်။
သို့ဖြစ်ပါ၍ စာရင်းစစ်ချုပ်ရုံးမှ ဖော်ပြထားသော (၅)နှစ် ဆက်တိုက် အရှုံးပေါ်နေသည့် လုပ်ငန်းများအနက် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းမှ လွဲ၍ ကျန်လုပ်ငန်း(၄)ခုမှာ ယခုအခါ ရပ်နားထားပြီး စခန်းပိုင်မြေများအား ရေရှည်တွင် အကျိုးအမြတ်ရရှိနိုင်ရေး စီးပွားရေးအသွင်ဆောင်သည့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အငှားချထားရန် ဆောင်ရွက်ခဲ့သည်။
ယခုအခါ မစိုစိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေးစခန်းမြေနေရာတို့ကို သတ်မှတ်သည့် နှုန်းထားနှင့်အညီ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူဆောင်ရွက်ပြီး ဖြစ်ပါသဖြင့် ကော်မတီအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝင်ငွေနှင့်အကျိုးအမြတ်များ တိုးတက်ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် ကျန်လုပ်ငန်း (၂)ခုအား သတ်မှတ်နှုန်းထားနှင့်အညီ ငှားရမ်းနိုင်မည့် ကုမ္ပဏီများရှိလာပါက ဆက်လက်အငှားချထားနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ရှင်းလင်းဖြေကြားခဲ့သည်။
The Ladies News

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video