ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်နို့စားနွားမွေးမြူရေးခြံအား စစ်ဆေးရာနွားထီးများသာ တွေ့ရှိခဲ့ရခြင်းကြောင့် ပြန်လည်ရောင်းချခိုင်းထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာန၏ ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်စီမံဆောင်ရွက်သွားမည်ကို”မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားစဉ်ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ထုတ်လုပ်ရေးဌာနတွင် စိုက်ပျိုးမွေးမြူရေးစခန်း (၁၂)ခု၊ စက်ရုံ (၂)ခု၊ စုစုပေါင်း လုပ်ငန်း (၁၄)ခု ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းနှင့်စာရင်းများ စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအရ စိုက်ပျိုးမွေးမြူရေးစခန်း (၅)ခုမှ (၅)နှစ်ဆက်တိုက် အရှုံးဖြစ်ပေါ်နေသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်အတွက် မစို စိုက်ပျိုးမွေး