လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် မြစ်ဆုံစီမံကိန်းနှင့်ပတ် သက်၍ ပြည်သူကိုသာမျက်နှာ မူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ယမန်နေ့ (ဇန်န ၀ါရီ ၁၈ ရက်)တွင် ပြောကြား သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ
ဇော်မြင့်မောင်သည် ဒေသခံပါတီဝင်များနှင့် တွေ့ဆုံ ရန်
ရှမ်းပြည်နယ်တာချီလိတ်မြို့ သို့ ရောက်ရှိလာစဉ် သတင်း ထောက်များကို
အထက်ပါအ တိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ် ကချင်ပြည် နယ်ခရီးစဉ်မှာ ပြောခဲ့တဲ့စကား လုံးလည်း ခင်ဗျားတို့ကြားမှာပါ။ ဘယ်လိုပဲသတင်းထွက်ထွက်ပါ။ အင်န်အယ်လ်ဒီဟာ ပြည်သူနဲ့ တစ်သားတည်းပဲရှိနေမယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြော သည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်၍ စုံစမ်းရေးကော်မရှင်ကို ထပ်မံဖွဲ့ထားပြီး စိစစ်နေကြောင်း နှင့် စိစစ်နေမှုပြီးစီးခါနီးဖြစ်၍ အဖြေပေါ် လာမည်ဖြစ်ကြောင်း ၎င်းက သတင်းထောက်များအား ပြောသည်။
ထို့အပြင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ချုပ်ဆိုခဲ့သော စာ ချုပ်များကို မဖတ်ခဲ့ရကြောင်းနှင့် မည်သည့် အချက်အလက်မျှ မသိ ရှိခဲ့ရကြောင်း ဒေါက်တာဇော်မြင့် မောင်က ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇန်န၀ါရီ ၁၀ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဘာသာရေး ခေါင်းဆောင်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားလှယ်များကို တွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းကို ဆက်လုပ်၊ မလုပ်တိကျစွာ အဖြေ မပေးခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဘာသာရေး ခေါင်းဆောင်နှစ်ဦးက 7Day Daily အားပြောကြားထားသည်။
တပ်မတော် အစိုးရလက် ထက်တွင် မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်း အကောင်အထည် ဖော်ရန် သဘောတူစာချုပ်ချုပ် ဆိုခဲ့ပြီး သမ္မတဟောင်း ဦးသိန်း စိန်လက်ထက်တွင် ပြည်သူလူထု ကကန့်ကွက်ခဲ့၍ စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။ ဒီချုပ်အစိုးရ တက်လာပြီးနောက် လက်ရှိအ ချိန်အထိ မြစ်ဆုံစီမံကိန်းဆက် လက်အကောင်အထည်ဖော်ရန် သဘောတူခြင်း မရှိသေးသော် လည်း တရုတ်အစိုးရက ယင်းစီမံ ကိန်း ဆက်လက်အကောင်အ ထည်ဖော်ခွင့်ရရှိရန် ကြိုးစားနေ သည်။

Comments
Post a Comment