Skip to main content

ဗဟိုဝန်ထမ်းတက္ကသိုလ် သင်ရိုးများကို ခေတ်ကာလနဲ့အညီ ပြန်လည်စိစစ်ပြုပြင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား


Shwe Pon
ဗဟိုဝန်ထမ်းတက္ကသိုလ် သင်ရိုးများကို ခေတ်ကာလနဲ့အညီ ပြန်လည်စိစစ်ပြုပြင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား
ဗဟိုဝန်ထမ်းတက္ကသိုလ် သင်ရိုးများကို ခေတ်ကာလနဲ့အညီ ပြန်လည်စိစစ်ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများကို တိုင်းပြည်ကို ချစ်တဲ့စိတ် ပြည်သူအပေါ် အလုပ်အကျွေးပြုချင်တဲ့စိတ် ဖြစ်ပေါ်လာအောင်နှင့် ရုံးပိုင်း/အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပညာရပ်များ တတ်မြောက်အောင် ဒီမိုကရေစီနည်းလမ်းကျ သင်ကြားပေးရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးသတင်းဂျာနယ်သို့ ပြောကြားသည်။
ဝန်ကြီးချုပ်က "မိုးကုတ်ဆေးရုံမှာ တာဝန်ကျနေတဲ့ သွားဖက်ဆိုင်ရာဆရာဝန်လေး ဒေါက်တာစိုးသူရဇော်ရဲ့ ဇီးပင်ကြီးကိစ္စဖြစ်စဉ် ကျွန်တော်သိပြီးပါပြီ။ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်က ပြောပြီးပါပြီ။ အေးအေးဆေးဆေးပါ။ ဘာအရေးယူမှုမှ မရှိဘူးဆိုတာ။ ကျွန်တော်ကိုယ်တိုင်လည်း ဖောင်ကြီးတက်ခဲ့ဖူးတယ်။ အဲ့တုန်းက ဆိုရှယ်လစ်လမ်းစဉ်ခေတ်ပေါ့ဗျာ။ ဆိုရှယ်လစ်ဇင်တွေပဲသင်ခဲ့ရတယ်။ အဲ့အချိန်ကလည်း တစ်ကမ္ဘာလုံးက ဆိုရှယ်လစ်ဖြစ်နေတော့ တစ်မျိုးပေါ့။ ဒါပေမယ့် အဲ့တုန်းက ဒီလောက်ကြီးတော့ ဘုန်းတော်ဘွဲ့တွေ မသင်ဘူးဗျ။ သီအိုရီတွေပဲ သင်တာပေါ့။ ရုံးစာရေးနည်းတို့ အုပ်ချုပ်ရေးပိုင်းသင်တာတွေကတော့ ဝန်ထမ်းသစ်တွေအတွက် အကျိုးရှိပါတယ်။ မဆလခေတ်ကတည်းက ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးဆိုတာရှိတယ်။ နောက် စစ်အစိုးရလက်ထက်မှာလည်း ရှိတယ်။ စစ်အစိုးရလက်ထက်မှာ ဘာတွေသင်ခဲ့လဲ။ အခုပြည်သူကရွေးချယ်ပေးတဲ့အစိုးရလက်ထက် ၂၀၁၀ ကစတယ်ပေါ့ဗျာ။ ဒီအခြေအနေမှာ ဒီမိုကရေစီလမ်းစဉ်ပဲ ဖြစ်သင့်တယ်။ ကျောင်းသားနဲ့ဆရာ အပြန်အလှန် ဆွေးနွေးခွင့် ရှိရမယ်။ ရိုက်သွင်းလို့မရဘူးဗျ။ ဝန်ထမ်းကောင်းတစ်ယောက် မွေးထုတ်ပေးဖို့ အရေးကြီးတယ်။ ဒါလက်သင့်ခံတယ်။ ဝန်ထမ်းတွေကောင်းမှ တိုင်းပြည်ကောင်းမှာလေ။ ဝန်ထမ်းအသစ်လေးတွေကို သင်တန်းပေးရမယ်။ ဆိုလိုချင်တာက တိုင်းပြည်ကို ချစ်တဲ့စိတ် ပြည်သူအပေါ် အလုပ်အကျွေးပြုချင်တဲ့စိတ် ဖြစ်ပေါ်လာအောင် နောက် ရုံးပိုင်းဆိုင်ရာတွေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပညာရပ်တွေ တတ်မြောက်အောင် ဒီမိုကရေစီနည်းလမ်းကျ သင်ကြားပေးရမယ်။ ဝန်ထမ်းတွေကိုလည်း သူ့အပိုင်းလိုက် သူ့ကဏ္ဍအလိုက် သင်တန်းခွဲခြား သင်ပေးသင့်တယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ သင်ရိုးတွေကို ပြန်လည်စိစစ်ပြုပြင်ရမယ်။ ခေတ်ကာလနဲ့အညီပေါ့။ ဒီဝန်ထမ်းဟာ ဘယ်ကဏ္ဍက လာတာလဲ ကြည့်ပြီး သင်တန်းပေးရမှာပေါ့။ သင်တန်းဆိုတာကတော့ သင်တန်းနဲ့တူအောင် နေရထိုင်ရတာတော့ ရှိရမယ်။ အရေးကြီးတာ ဝန်ထမ်းကောင်းတွေဖြစ်အောင် မွေးထုတ်ပေးရမယ်။ ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်အောင် သင်တန်းပေးရမယ်ပေါ့ဗျာ။" ဟု ပြောကြားသည်။
#TheMandalayNewsJournal
Helen Aye Kyaw

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video