Than Win
ဒီပဲယင်း ကိစ္စမှာ
ကျမပြောချင်တာက
အရိုက်ခံလိုက်ရတဲ့ သူတွေက ကျမတို့ ပါ
ဒါပေမယ့် အဖျက်သမားတွေဆိုပြီး ထောင်ချခံရတာလည်း ကျမတို့ ပါပဲ
အဲဒီတော့ ကျမစဉ်းစားမရတာက ထောင်ချခံရလောက်အောင် ကျမတို့ 
ဘာများလုပ်ခဲ့မိလို့ လဲ
လက်ညိုးလေးနဲ့ ရွယ်တာမျိုးတောင် မလုပ်မိပါဘူး
ဒါပေမယ့် အဲဒီ အတွက်ကြောင့် ကျမကို အကျယ်ချုပ်
ထောင် (၆) နှစ်ထပ်ချခဲ့တယ်
ကျမ ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ အတွေ့ အကြုံတွေက
မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမူ မရှိဘူးဆိုတာကို
နားလည်သွားစေခဲ့တယ်
ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးဖို့  ထားတာမဟုတ်ဘဲ အာဏာရှိသူတို့ က
သူတို့ ကိုယ်ကျိုးအတွက် အသုံးချနေကြတာပါ
လူတစ်ယောက်တည်းကို ထောင်ထဲမှာ
ပိုကြာကြာ ထည့်ထားဖို့  ပြင်လိုက်တယ်ဆိုတဲ့
ဥပဒေမျိုး လူကြီးမင်းတို့  ကြားဖူးပါသလား
ဒါကပဲ ဥပဒေစိုးမိုးမူ အောက်မှာ မရှိဘူးဆိုတာ
ဘာကို ပြောတာလဲဆိုတာ နားလည်စေတာပါပဲ

{ဒေါ်အောင်ဆန်းစုကြည်}
Comments
Post a Comment