Skip to main content

တပ်မတော်သတင်းများကို စိစစ်အတည်ပြုခြင်းမရှိဘဲ ဖော်ပြပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်


ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ချက်များအပေါ် အ ထင်အမြင်လွဲမှားစေမည့် မဟုတ် မမှန် သတင်းထုတ်ပြန်မှုများ မပြုလုပ်ရန် လိုအပ်ကြောင်းနှင့် တပ်မတော်သတင်းများကို စိစစ် အတည်ပြုခြင်းမရှိဘဲ ဆက်လက် ထုတ်ပြန်လာပါက သက်ဆိုင်ရာ သတင်းဌာနများကို ဥပဒေနှင့် အညီိ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့က သတင်းထုတ်ပြန် သည်။
သတင်းဌာနများအနေဖြင့် တပ်မတော် သတင်းများကို သက်ဆိုင်ရာ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးများနှင့် တိုင်းစစ် ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူး ကြီးများထံ သတင်းစိစစ်အတည် ပြုပြီးမှသာ ပြည်သူသို့ အမှန်အတိုင်းတင်ပြနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်တွင် ဒီဇင်ဘာ ၂၄ ရက် က တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း တအာင်းလက်နက် ကိုင်အဖွဲ့(TNLA) ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ် ပြန်မှု၊ သီပေါမြို့နယ်ရှိရှမ်းအဖွဲ့ (SSPP)အား တပ်မတော်နှင့် RCSS က ပူးပေါင်းတိုက်ခိုက်ခဲ့ သည်ဟု SSPP က သတင်းထုတ် ပြန်မှု၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် တပ်မတော် နှင့် ပအိုဝ်းအဖွဲ့(PNLO) တို့ ပူး ပေါင်း၍ RCSS အား တိုက်ခိုက်ခဲ့ ကြောင်း RCSS ကထုတ်ပြန်ခဲ့မှု စသည့် တိုင်းရင်သားအဖွဲ့အချို့ ၏ သတင်းထုတ်ပြန်မှုအပေါ် သ တင်းဌာနအချို့က စိစစ်အတည် ပြုခြင်းမရှိဘဲထုတ်ပြန်ခဲ့သည်ဟု တပ်မတော်ထုတ်ပြန်ချက်၌ ပါရှိ သည်။
တပ်မတော်အပေါ်အထင် အမြင်လွဲမှားစေရန် တစ်ဖက် တည်းမှပြောဆိုမှုများကို ကိုးကား ၍ ငြိမ်းချမ်းရေးရရှိရန် ဆောင် ရွက်နေမှု ပျက်ပြားစေရန်ရေး သားထုတ်လွှင့်နေကြောင်းတွေ့ရသည်ဟုလည်း ဖော်ပြထားသည်။
တပ်မတော်အနေဖြင့်TNLA နှင့် ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့ ကြောင်း၊ အလားတူ SSPP နှင့် RCSS ပဋိပက္ခဖြစ်ပွားမှုတွင် တပ် မတော်မှ မည်သည့်ဘက်မှ ပါဝင် ကူညီပေးခြင်းမရှိကြောင်း သက် ဆိုင်ရာ တပ်မတော်တာဝန်ရှိသူ များက ထုတ်ပြန်ပြောဆိုပြီးဖြစ် သည်ဟု ဆိုသည်။
တပ်မတော်၏ အနာဂတ် လုပ်ငန်းများနှင့် အများပြည်သူ မသိသင့်၊ မသိထိုက်သော အ ကြောင်းအရာများမှလွဲ၍ကျန်ဖြစ် စဉ်များကို သက်ဆိုင်ရာလုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူးကြီးများထံမှ သတင်းရယူ ရန်နှင့် စိစစ်အတည်ပြုနိုင်ရေး ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ တရား ၀င်ညွှန်ကြားထားပြီး ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ကွတ်ခိုင်တွင် တပ်မတော် နှင့် TNLA တိုက်ပွဲဖြစ်ပွားဟု သ တင်းဖော်ပြခဲ့သည့် ကိစ္စနှင့်ပတ် သက်ပြီး ကန့်ကွက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသို့ အကြောင်းကြားစာ ပေးပို့ခဲ့၍ ကောင်စီကလည်းသက် ဆိုင်ရာ သတင်းဌာနခုနစ်ခုသို့ အ သိပေးအကြောင်းကြားစာ ထပ်မံ ထုတ်ပြန်ခဲ့သည်။
ကောင်စီ၏စာတွင် ယခုအ ချိန်သည် ငြိမ်းချမ်းရေးပြန်လည် တည်ဆောက်နေသည့် အရေး ကြီး အချိန်အခါဖြစ်သဖြင့်သတင်း သမားအနေဖြင့် သတင်းများရေး သားဖော်ပြရာတွင် တိကျစွာ ရေး သားဖော်ပြနိုင်ရေးကို သတိကြီး စွာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ အလားတူ တပ်မတော် အနေဖြင့်လည်း ဆက်သွယ်ရမည့် ပုဂ္ဂိုလ်၊ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာတို့အား တရားဝင် အသိ ပေးအကြောင်းကြားထားရန် လို အပ်ကြောင်း၊ သတင်းမီဒီယာ ဘက်မှ ဆက်သွယ်မေးမြန်းလာပါ က အချိန်နှင့်တစ်ပြေးညီ အမြန် ဆုံးပြန်လည်ဖြေကြားပေးရန် လို အပ်ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးကျော်မင်း ဆွေကမူ တပ်မတော်အနေဖြင့် သတင်းရယူခွင့်အတွက် သေချာ ပြင်ဆင်ဆောင်ရွက်သင့်ကြောင်း၊ ယခင်ကတည်းက တပ်မတော် သတင်းများနှင့်ပတ်သက်ပြီးဆက် သွယ်မေးမြန်းရန် ခက်ခဲခဲ့ကြောင်း ပြောသည်။
‘‘သူ့ဘက်က ဒီဟာတွေကို အတည်ပြုဖို့ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်တွေကို တာဝန်ပေး ထားတယ်ဆိုတိုးတက်မှုလို့ ပြော ရမှာပေါ့။ အဲဒါကို ဆက်သွယ် လို့ရတယ်ဆို ကောင်းတယ်လို့ ပြောရမှာပေါ့။ ဆက်သွယ်လို့မရ ဘဲနဲ့ဆိုရင်တော့ ပိုပြီးတော့အ ခက်အခဲဖြစ်သွားတာပေါ့။ သ တင်းသမားတွေအတွက်။ ပိုပြီး တော့လည်း ဥပဒေနဲ့ ခြိမ်းခြောက် သလို ဖြစ်သွားနိုင်တာပေါ့’’ ဟု ဦး ကျော်မင်းဆွေက ဆိုသည်။
ယခု တပ်မတော် ထုတ် ပြန်ချက်နှင့်ပတ်သက်ပြီး မေးမြန်း ရန် 7Day Daily သတင်းစာက တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့် တာဝန်ရှိသူတစ်ဦးထံ ဆက် သွယ်ရာ အဆက်အသွယ်မရပေ။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ဆက်ဆံရေးနှင့်စိတ် ဓာတ်စစ်ဆင်ရေးညွှန်ကြားရေး မှူးရုံးသို့ ဆက်သွယ်ရာတာဝန်ကျ သူတစ်ဦးက သတင်းမှန်ပြန်ကြား ရေးအဖွဲ့သို့ဆက်သွယ်ရန် လမ်း ညွှန်သည်။
သတင်းမှန်ပြန်ကြားရေးအ ဖွဲ့မှ တာဝန်ကျသူတစ်ဦးက ‘‘ အဲ ဒါကကျတော့ ကျွန်တော်တို့ အောက်ခြေရုံးအဖွဲ့က မသိနိုင် ဘူး။ သတင်းမှန်ပြန်ကြားရေးပြော ရေးဆိုခွင့်ရှိသူတွေကိုပဲ ဆက်မှ ရမှာပါခင်ဗျ။ လောလောဆယ် ပြောရေးဆိုခွင့်ရှိသူတွေက လူ ကြီးနဲ့ ခရီးစဉ်သွားနေတယ်။ရုံးမှာ တော့မရှိဘူးဗျ’’ဟု ပြောကြားပြီး ဖုန်းနံပါတ်တစ်ခုသို့ ဆက်သွယ် ရန် လမ်းညွှန်သည်။ ၎င်းလမ်းညွှန် သည့် ဖုန်းနံပါတ်ကိုဆက်သွယ် ရာ ဖုန်းဖြေဆိုသူက ပြောခွင့်မရှိ ကြောင်း ဖြေကြားပြီး အခြားဖုန်းနံ ပါတ်တစ်ခုကို ဆက်သွယ်ရန် လမ်းညွှန်သည်။ ထိုဖုန်းနံပါတ်ကို ဆက်သွယ်ရာ တာဝန်ကျသူက ပြောရေးဆိုခွင့်ပေးထားသည့် ဗိုလ်ချုပ်ထွန်းထွန်းညီထံ ဆက် သွယ်ရန် လမ်းညွှန်သည်။ ထို့ ကြောင့် ဗိုလ်ချုပ်ထွန်းထွန်းညီထံ သို့ လေးကြိမ်ဆက်သွယ်သော် လည်း အဆက်အသွယ်မရပေ။
တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ များနှင့်ပတ်သက်ပြီး သတင်းရေး သားဖော်ပြရာ၌ တပ်မတော်တာ ၀န်ရှိသူများထံသို့ ဆက်သွယ် ရာတွင် အလွယ်တကူဆက်သွယ် ၍ မရကြောင်း တိုင်းရင်းသားအ ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာသ တင်းရေးသားသည့် သတင်း ထောက်များက ဆိုသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...