ငြိမ်းချမ်းစေလိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန် တော်တို့ဒီနေရာမှာ၊ ဒီအချိန်မှာ စုစည်းပြီး သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြတာ ဖြစ်ပါ တယ်။ သမိုင်းပေးတာဝန်ကို တပ် မတော်အနေနဲ့ ကျေပွန်စွာ ထမ်း ဆောင်နိုင်ရေး၊ တဒင်္ဂငြိမ်းချမ်း ရေးမဟုတ်တဲ့ ထာဝရငြိမ်းချမ်း ရေးနှင့်ဒီမိုကရေစီခိုင်မာရေးကို ဖော်ဆောင်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါ တယ်။
တပ်မတော်အနေနဲ့လည်း ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြီးမြောက်စေရေးအ တွက် သန္နိဋ္ဌာန်ချထားကြောင်းကို လည်း ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံအ ဖွင့်မိန့်ခွန်းမှာ ပြောကြားပြီး ဖြစ်ပါ တယ်။ တပ်မတော်အနေနဲ့ ဒီ သန္နိဋ္ဌာန်အတိုင်းပဲ ဖြစ်မြောက် အောင် ဆောင်ရွက်ပြီး တိုင်းရင်း သားပြည်သူလူထုလိုလားတောင့် တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ် နှင်းမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
တစ်ချိန်က စစ်မြေပြင်မှာ တစ်ဖက်နဲ့တစ်ဖက် လက်နက် ကိုင်ပြီး တိုက်ခိုက်နေရာကနေ တစ်စားပွဲတည်းထိုင်ပြီး စကား ပြော၊ သဘောတူညီချက်တွေ ထုတ်နိုင်တာဟာ လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ NCA က ပေးတဲ့စုပေါင်းစိတ်ဓာတ်ညှိနှိုင်း ဆွေးနွေးခြင်းရလဒ်တွေပဲဖြစ်ပါ တယ်။
ဒီနေ့ ငြိမ်းချမ်းရေးညီလာခံ မှာ ဆွေးနွေးရခက်နေတယ်လို့ ပြောနေကြတဲ့ ခွဲမထွက်ရဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောလိုပါ တယ်။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရာမှာ အမြဲဦးတည်ထားရ မှာက ဒို့တာဝန်အရေးသုံးပါးဖြစ် ပါတယ်။ ဒါကြောင့် ပြည်ထောင် စုပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှုပြိုကွဲရေးကို ဦးတည်တဲ့ ကိစ္စတွေကို မူလဆွေးနွေးမှု မှာကတည်းက ရှောင်ရှားဖို့လိုမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုရဲ့ မည်သည့် အစိတ်အပိုင်းကိုမဆို ပြည် ထောင်စုက ခွဲထွက်ခြင်းမပြုရလို့ လည်း ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၁၀ မှာ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ် ပါတယ်။ ဒါကြောင့် ခွဲမထွက်ရ ဆိုတဲ့ စကားရပ်ဟာ ထာဝရငြိမ်း ချမ်းရေးအတွက် အမှန်တကယ် လိုအပ်တဲ့ စကားရပ်တစ်ခု၊ အာ မခံတစ်ခုဖြစ်ကြောင်း ပြောကြား လိုပါတယ်။
ယနေ့ကျင်းပပြုလုပ်နေတဲ့ နှစ်ပတ်လည်နေ့အပါအဝင် ငြိမ်း ချမ်းရေးညီလာခံများဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က အစပျိုးခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းဆိုတဲ့ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ဆွေးနွေးရာ မှာ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာလက်ခံဖို့၊ ခွဲထွက်ရေးကိစ္စကို မပြောဖို့ ကနဦးသဘောတူပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်ဆောင်ရွက်ခဲ့တယ်ဆို တာကို အမှတ်ရကြဖို့လိုပါတယ်။ ဒါကြောင့် ခွဲမထွက်ရဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်၊မထည့်သင့် အငြင်းပွားနေရာစရာ မလိုပါဘူး။ NCA ရဲ့အခြေခံမူ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အခြေခံမူတွေအရ ထည့်ကို ထည့် ရမယ့် သဘောတူညီချက် ဖြစ် ကြောင်း ပြောလိုပါတယ်။
ထာဝရငြိမ်းချမ်းရေးအ တွက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် တကယ်လိုအပ်တဲ့ အ ခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေကို မူအားဖြင့် သဘောတူပါတယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့ မဆိုင်ဘဲ မိမိတို့ရဲ့နိုင်ငံရေးလိုဘ ကို ဖြည့်ဆည်းဖို့ NCA လမ်း ကြောင်းကို တလွဲအသုံးချပြီး အ ခြေခံဥပဒေနဲ့ အခြားဥပဒေတွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကို တော့ သဘောတူညီဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက် လို့ကတော့ အားလုံးဟာ NCA ကို လက်မှတ်ရေးထိုးဖို့ လိုအပ်ပါ တယ်။
ဒီမိုကရေစီအစပျိုးကာလ မှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်း ရေးဟာ အဓိကအရေးကြီးပါ တယ်။ တိုင်းရင်းသားအရေး၊ အ မျိုးသားအကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာမရှိပါဘူး။ စစ် ရေးနဲ့ နိုင်ငံရေးမှာ မတရားတာ မရှိဘူးလို့ ဆိုရိုးစကားရှိပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ရိုးသား တဲ့ နိုင်ငံရေး၊ တရားမျှတတဲ့ နိုင် ငံရေးကိုသာ လိုချင်ပါတယ်။
နိုင်ငံရေးအာဏာရယူလိုရင် တရားဝင်နိုင်ငံရေးထူထောင်ပြီး ရွေးကောက်ပွဲဝင်၊ စီးပွားရေးလုပ် ချင်ရင် ကုမ္ပဏီထောင်၊ ကိုယ့် နိုင်ငံကို ကာကွယ်မယ့် စစ်မှုထမ်း လုပ်ချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အ စည်းဖြစ်တဲ့ တပ်မတော်ထဲကို ဝင် ရောက်ရမှာဖြစ်ပါတယ်။ ဒါတွေ ကို မျက်ကွယ်ပြုပြီး တစ်ဖက်က ငြိမ်းချမ်းရေးကို အကြောင်းပြကာ လက်နက်စွဲကိုင်လျက် နိုင်ငံရေး တည်ဆောက်နေတာတွေ၊ လက် နက်အင်အား၊ လူအင်အားတည် ဆောက်နေတာတွေ၊ နယ်မြေ တည်ဆောက်နေတာတွေ၊ တိုင်း ရင်းသားအချင်းချင်း အနိုင်ကျင့် တာတွေဟာ ပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး သူတစ်လူ ငါတစ်မင်း၊ နယ်တစ် နယ် ဓားတစ်စင်းစနစ်ကို တည် ထောင်လိုခြင်းသာ ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေမှုမှန်သမျှကို နည်း လမ်းပေါင်းစုံနဲ့ တားဆီးသွားရ မှာ ဖြစ်ပါတယ်။
RCSS(SSA) အဖွဲ့ဟာဆို ရင် နိုင်ငံရေးနဲ့ လုံခြုံရေးအ ကြောင်းပြချက်အမျိုးမျိုးနဲ့ ပြောင်းလဲဖွဲ့စည်းလာတဲ့၊ ဦးခွန်ဆာခေါင်းဆောင်တဲ့ (MTA) အဖွဲ့က ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ အစိုးရထံ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာကနေ ဇန်နဝါရီလအကုန် မှာ ပြန်လည်ခွဲထွက်တောခိုခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ NCA စာချုပ်ကို သဘောတူလက်မှတ်ရေးထိုး ထား ပြီး နိုင်ငံရေးလက်နက်အင်အား၊ လူအင်အားတည်ဆောက်မှုသတ် မှတ်ပေးထားတဲ့ နယ်မြေထက် အဆများစွာကျော်လွန်ပြီး နယ်မြေတည်ဆောက်မှုတွေ ပြုလုပ် နေလို့ တခြားတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိတာကို တွေ့ရပါ တယ်။
NCA ကို တလွဲအသုံးမချဖို့ ပြောလိုပါတယ်။ တလွဲအသုံးချ ရင် တိုင်းရင်းသားပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့ လက်ပိုက် ကြည့်နေနိုင်မှာ မဟုတ်ကြောင်း အသိပေးလိုပါတယ်။

Comments
Post a Comment