Skip to main content

တသောင်းတန် ငွေစက္ကူအတုများ ပျံ့နှံ့နေမှု ဘယ်သူတာဝန်ယူမလဲ


 News Watch ၏ ဓာတ်ပုံ
မကြာခဏဆိုသလို တသောင်းတန် ငွေစက္ကူအတုဖမ်းဆီးရမိမှုများဖြစ်ပေါ်နေသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြိုနယ်တို့တွင် တသောင်းတန် ငွေစက္ကူအတုများဖမ်းဆီးရမိခဲ့သည်။ အောက်တိုဘာ ၂ ရက်နေ့တွင်လည်း အမျိုးသမီးတဦးမှ ဧရာဝတီဘဏ် ဘီးလင်း ဘဏ်ခွဲ၌ ဖွင့်လှစ်ထားသည့်အကောင့်သို့ ငွေလာရောက်အပ်နှံစဉ် စစ်ဆေးရာ တသောင်းတန် ငွေစက္ကူအတု ၃ ရွက်တွေ့ရှိခဲ့သည်။ တသောင်းတန်ငွေစက္ကူအတုများမှာ နေရာအများအပြားတွင် ပျံ့နှံ့နေ သည့်အနေအထားဟု ဆိုနိုင်သည်။
တရားမဝင်ငွေစက္ကူအတုထုတ်လုပ်သူများသည် ကျပ်ငွေ၏တန်ဖိုးအမြင့်ဆုံးဖြစ်သည့် တသောင်းတန်ကို ဦးတည်ထုတ်လုပ်လာကြသည့်အနေအထားလည်း ဖြစ်သည်။ ယင်းငွေစက္ကူအတုများမှာ အစစ်များနှင့် ရောထွေး၍ လည်ပတ်စီးဆင်းနေသည်။ အတုနှင့်အစစ်ဟုဆိုသော်လည်း အသွင်သဏ္ဌာန်အားဖြင့် များစွာ တူညီသည်။ ငွေစစ်စက်ကဲ့သို့ နည်းပညာအကူအညီမပါလျှင် အတု၊ အစစ်ခွဲခြားရန် ခက်ခဲသည့် အနေအထား လည်းဖြစ်သည်။ သို့သော် ငွေအတုကိုလက်ဝယ်ဖမ်းမိလျှင် ဥပဒေကြောင်းအရ ဖမ်းဆီးတရားစွဲဆိုခံရသည်။ ယင်းမှာငွေအတုထုတ်လုပ်သူများကို တားဆီးအရေးယူနိုင်မှုမရှိခြင်းကြောင့် ပြည်သူများမှာငွေအတု၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့် အနေအထားလည်း ဖြစ်သည်။
၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁ဝ၁ တွင် ''မည်သူမျှ ဗဟိုဘဏ်ကထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတမျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရဟုလည်းကောင်း၊ ပုဒ်မ ၁ဝ၂ တွင်“မည်သူမျှ ဗဟိုဘဏ်ကထုတ် ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတမျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းမပြုလုပ် ရ''ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၁ဝ၅ တွင် ''မည်သူမဆို ပုဒ်မ ၁ဝ၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကိုငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်''ဟု လည်းကောင်း၊ ပုဒ်မ ၁ဝ၆တွင် ''မည်သူမဆို ပုဒ်မ ၁ဝ၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံးထောင် ဒဏ်နှစ် ၂ဝ အထိချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စု ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်''ဟုလည်းကောင်း၊ ပုဒ်မ ၁ဝ၇ တွင် ''မည်သူမဆို ဤဥပဒေအရ ပြစ်မှုတခုခု ကျူးလွန်ခြင်းကို အားပေးကူညီလျှင်ဖြစ်စေ၊ ကျူးလွန်ရန်အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရန် ပူးပေါင်းကြံစည် လျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်'' ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။
ဓနုဖြူမြို့နယ်တွင် အောက်တိုဘာ ၈ ရက်က တသောင်းတန် ငွေစက္ကူအတု ၂၆ ရွက်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ဓနုဖြူမြို့၊ (၇)ရပ်ကွက်ရှိ 'စံပယ်ဖြူ' အမိန့်ရအပေါင်ဆိုင်၌ ဓနုဖြူမြို့နယ်နေသူ ထားထားနွယ် (၄၃ နှစ်)သည် ပေါင်နှံထားသော ရွှေထည်ပစ္စည်းများလာရောက်ရွေးယူစဉ် ၎င်းပေးသော ငွေ ၃ဝ၇,ဝဝဝ ကျပ် အနက်မှ ငွေစက္ကူအတု ၁ဝ,ဝဝဝ ကျပ် တန် ၂၆ ရွက်အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် ထားထားနွယ်အား ဓနုဖြူမြို့မရဲစခန်းတွင် (ပ)၆၇၃/၂ဝ၁၈၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။
မြောက်ဦးမြို့နယ်တွင် တသောင်းတန် ငွေစက္ကူအတု ၃၅၇ ရွက်ဖြင့် ကျွဲဝယ်သူအမျိုးသား ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ မြောက်ဦးမြို့ နယ်၊ ကြိမ်ချောင်း ကျေးရွာ၌ ၁ဝ,ဝဝဝ ကျပ်တန် ငွေစက္ကူအတုများဖြင့် ကျွဲများဝယ်ယူသွားကြောင်း သတင်းအရ မြောက်ဦးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှသိန်းရွှေ (၄၄)နှစ်ပါ ၃ ဦးတို့အား ကျွဲ ၁၃ ကောင်နှင့် အတူတွေ့ရှိရ၍ မြောက်ဦးမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းစစ်ဆေးချက်အရ ကျွဲများအား ဦးရွှေနီမောင် (၅၁)နှစ်ထံမှ ဝယ်ယူခဲ့ကြောင်းနှင့် ငွေစက္ကူအတုများမှာ လှသိန်းရွှေ၏ ပစ္စည်းများဖြစ်ကြောင်း၊ လှသိန်းရွှေပါ ၃ ဦး(ဖမ်းမိ)အား မြောက်ဦး မြို့မရဲစခန်းတွင် (ပ)၁၈ဝ/၂ဝ၁၈၊ ဗဟို ဘဏ်ဥပဒေပုဒ်မ ၁ဝ၅/ ၁ဝ၆/ ၁ဝ၇ (သုံးစွဲ မှု/ အတုပြုလုပ်မှု/ ပူးပေါင်းပါဝင်မှု)ဖြင့် အမှုဖွင့်ပြီး ငွေတုကွင်းဆက်အားဖော်ထုတ်လျက်ရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ပါရှိခဲ့သည်။
ပြည်သူများအနေဖြင့် ငွေအတုမှန်းမသိ၍သာ လက်ခံရယူမှုနှင့် လက်ဝယ်ထား ရှိမှုများပြုလုပ်ကြခြင်း ဖြစ်နိုင်သည်။ အတုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လျှင် ယင်းငွေအတုကို သိမ်းဆည်းခံရသည်။ ဖျက်ဆီး ခံရသည်။ အစားပြန်လည်ရရှိခြင်းမရှိပေ။ အရေအတွက်များလျှင် ဖမ်းဆီးတရားစွဲဆို ခံရနိုင်သည်။ ထောင်ကျနိုင်သည်။ ငွေအတုများပျံ့နှံ့နေမှုသည် ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်စေနိုင်သည်။ ဇာစ်မြစ်ဖြစ် သည့် ငွေအတုထုတ်လုပ်ဖြန့်ဖြူးသူများကို ဖော်ထုတ်အရေးမယူနိုင်သေးသမျှ ပြည်သူများမှာ ငွေအတုကြောင့် ဖြစ်သည့် ဆုံးရှုံးနစ်နာမှုများကို ခံစားနေကြရဦးမည့်အနေအထားလည်းဖြစ်သည်။ ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် ငွေအတုထုတ်လုပ်ဖြန့်ဖြူးနေသူများကို ထိထိရောက်ရောက် အရေး ယူဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
မင်းထင်
၈၈၄Wai Lynn နှင့် အခြား ၈၈

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...