Skip to main content

ဦးဖြိုးမင်းသိန်းကြောင့်နိုင်ငံတော် ဘဏ္ဍာ တွေ ဆုံးရှုံးနစ်နာရလေပြီ။



Tin Su Hlaing ၏ ဓာတ်ပုံ

ဦးဖြိုးမင်းသိန်း ရန်ကုန် တိုင်းဝန်ကြီးချုပ်ဖြစ်လပြီး နောက် ယခင်လုပ်ထုံးလုပ်နည်း တွေ ကို ဖယ်ပြီး လုပ်ချင်ရာ လုပ်ခဲ့တာ တွေ့ရတယ်။
ဥပမာ YBS ကိစ္စ ဆိုရင် တရုတ်သံရုံးဖြင့် တိုက်ရိုက်ချိတ်ဆက်ပြီး အစိုးရ ချင်းချိတ်ဆက်ပြီး ဝယ်ယူလိုက်တယ်။ အမှန်တကယ်ဖြစ်သင့်တာ က ယခင် အစိုးရလို တင်ဒါ စနစ်ပဲ ဆက်သွားသင့်တယ်။ ယခင်အစိုးရ အဆက်ဆက်လုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေ ကို သာ ဦးဖြိုးမင်းသိန်း အနေဖြင့် ဆက်ခံကျင့်သုံးသင့်တယ်။
ယခင်အစိုးရ လိုလုပ်မယ် ဆိုရင်
၁။ တင်ဒါမခေါ်မီ မိမိနှင့် ရင်းနှီးသော ကုမ္ပဏီ တစ်ခု သို့မဟုတ် နိုင်ငံတော် အကြီးအကဲများနှင့် ရင်းနှီးသော ကုမ္ပဏီ တစ်ခုကို အရင် ရှာရမယ်။
၂။ ထိုကုမ္ပဏီ သည် YBS လုပ်ငန်းကို တစ်ဦးထဲလုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ တံဆိပ်တုံးဖြင့် ဦးဖြိုးမင်းသိန်းကိုယ်တိုင်လက်မှတ်ထိုးထားသော MOU စာချုပ် အတု တစ်ခု ကို ဦးဖြိုးမင်းသိန်း က လျှို့ဝှက်စွာ အရင် ထုတ်ပေးဖို့လိုမယ်။ နိုင်ငံတကာ က လှမ်းမေးလာရင်လည်း စာချုပ်သည် အစစ်ဖြစ်ကြောင်း E လို ဖြေကြားပေးမယ့် အရာရှိတစ်ယောက် ကို ခန့်ထားပေးဖို့လိုပါမယ်။
၃။ထို MOU စာချုပ်အတု ကို အသုံးချ၍ ထိုကုမ္ပဏီ သည် ပြည်ပမှာ ရင်းနှီးမြှပ်နှံလိုသူ ကိုရှာမယ်။
၎။ ရင်းနှီးမြှပ်နှံလိုသူတွေ ရှာတွေ့ပြီ ဆိုရင် ထိုရင်းနှီးမြှပ်နှံမှု ထဲမှာ သမ္မတ က % ဘယ်လောက်၊ အခြားပြည်ထောင်စု ဝန်ကြီးတွေက ဘယ်လောက် ရာခိုင်နှုန်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးတွေ နှင့် လွှတ်တော်အမတ်အချို့အတွက် ဘယ်လောက် %၊ အစိုးရ မှထောက်ပံ့ထားသော ပြည်တွင်း မီဒီယာများ အတွက် ဘယ်လောက် ရာခိုင်နှုန်း ၊ MOU စာချုပ်အတုဖြင့် လုပ်ပိုင်ခွင့်ရထားသူ ကုမ္ပဏီ က ဘယ်လောက်ရာခိုင်နှုန်း ဆိုပြီး YBS ၏ စုစုပေါင်းရင်းနှီးမြှပ်နှံမှု ထဲမှာထည့်ပေါင်းပြီး လုပ်ငန်း ကုန်ကျစရိတ် ကို တွက်ချက်တယ်။ ပြီးရင် BUS ကား တွေကို တင်ဒါမ ခေါ်မီကြိုတင်ပြီး ဝယ်ထားလိုက်တယ်။
၅။ လုပ်ငန်းကုန်ကျစရိတ်ကိုသေချာ တွက်ချက်ပြီး ပြီ ဆိုရင် တင်သွင်းမည့် BUS များ၏ specification များကို Matrix scale မှာ British scale သို့ပြောင်းတယ်။ တာယာအရွယ်အစား၊ အင်ဂျင်အမျိုးအစားတွေကို ပါ အကုန်ပြောင်းလဲပြီး မှ တင်ဒါ specification ကိုပြုစုပြီး တင်ဒါခေါ်တယ်။(ဒါမှ တင်ဒါဖောင်လာဝယ်တဲ့ ကုမ္ပဏီတွေ specification မှာတင် ကမ္ဘာစံနှုန်းတွေကို သွေဖယ်ထားလို့ တိုင်ပတ်ကုန်မှာလေ။) ထိုကဲ့သို့ တင်ဒါ ခေါ်လိုက်တဲ့ အခါ မှာ project က အရေးကြီးတာကြောင့် တင်ဒါ ခေါ်သော အချိန် တွေနှင့် delivery period အချိန် တွေ ကို နည်းနိုင်သမျှနည်းအောင် လုပ်ထားလိုက်တယ်။ ( အစီးထောင်ချီ ပမာဏ ကို တစ်လ အတွင်းမထုတ်နိုင်ရင် တင်ဒါပြိုင်လည်း delivery period မှာ မယှဉ်နိုင်လို့ ရှုံးမှာပါပဲလေ။ )
၆။ ထိုကဲ့သို့ အချိန်နှင့် ပက်သက်၍ ကန့်သတ်ချက်တွေ လုပ်ထားတာကို ပြည်သူတွေက ထောက်ခံနေအောင် YBS မှ မစီးရပဲ လူတွေ သေတော့မလိုလို၊ YBS မှ မပြောင်းရရင်ပဲ ရန်ကုန်မြို့ကြီးပဲ ပျက်ဆီးတော့မလိုလို၊ YBS မလုပ်ရင် ဦးဖြိုးမင်းသိန်း နှတ်ထွက်ပါ ဘာညာ ဆိုပြီး ထိုလုပ်ငန်းမှာ ကော်မရှင်ရတဲ့ မီဒီယာ တွေက ပြည်သူ နာမည်သုံးပြီး အစိုးရကို ဖိအားပေးချင်ယောင် ဖင်ထောင်ပြီး အော်ပေးကြတယ်။ တင်ဒါလာပြိုင်တဲ့ အထဲ မှာ နာမည်ကြီး ကုမ္ပဏီ တွေ ပါလာရင်လည်း ကလား ကုမ္ပဏီတွေ၊ တရုတ်ကုမ္ပဏီတွေ ဆိုပြိး မီဒီယာ တွေ မှာ သပုတ်လေလွင့် ပြောကြဖို့ ကော်မရှင်ရတဲ့ မီဒီယာ တွေ က လက်ဝဲ စာရေးဆရာ တွေ နှင့် မျိုးချစ်စာရေး ဆရာ တွေ ကို စာမူခ ကောင်းကောင်းပေးပြီးရေးခိုင်းတယ်။
ထိုကဲ့သို့ အဆင့်ဆင့် လုပ်လိုက်တော့ YBS စီမံကိန်းမှာ နိုင်ငံတော် အဆင့်လူကြီးတွေ၊ မိတ်ဖက်မီဒီယာတွေ၊ ခရိုနီ တွေ ကော်မရှင်ရသွားကြတယ်။ တွက်ချေလည်း တော်တော် ကိုက်သွားကြတယ်။ နိုင်ငံပိုင်ဘဏ္ဍ တွေ သည် လူတစ်စု လက်ထဲ အလွယ်တကူရောက်စေခဲ့တယ်။
ဒါပေမယ့် ဦးဖြိုးမင်းသိန်း က ထိုကဲ့သို့ လုပ်ဆောင်ရမည့် အစား တရုတ်သံရုံးကို ချိတ်ဆက်ပြီး ဝယ်လိုက်တယ်။ တရုတ်ဆိုတာလည်း လာဘ်စားရင် သေဒါဏ်ပေးတဲ့ အစိုးရ ဖြစ်တယ်။ ဒါကြောင့်တရုတ်သံရုံးကလည်းသူတို့ကိုယ်တိုင်မလုပ်ရဲကြတော့။ ဒီတော့ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ကို အကူအညီပြန်တောင်းပြန်တယ်။ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန က သူတို့ ၏ များပြားလှတဲ့ အတွေ့အကြုံပေါ် အခြေခံပြီးတင်ဒါခေါ်ဝယ်ပေးလိုက်တယ်။ ထို့အတွက် တိုင်းပြည်ဘဏ္ဍာ တွေ ခရိုနီတွေ နှင့် အစိုးရလူကြီးတွေ လက်ထဲ မစီးဆင်းတော့ပဲ အများကြီးနစ်နာခဲ့တယ်။
နောက် ရန်ကုန်ရေလမ်းတက်ဆီဖြစ်တဲ့ YWB လုပ်ငန်းမှာလည်း ဦးဖြိုးမင်းသိန်း က ကုမ္ပဏီ တစ်ခုကို တင်ဒါခေါ်ပြီးလုပ်ပိုင်ခွင့်ပေးလိုက်ပြန်တယ်။ ထိုကုမ္ပဏီ ကလည်း တော်တော်ပဲ့ တဲ့ ကုမ္ပဏီပါ။ လုပ်ပိုင်ခွင့်ရတာနှင့် နိုင်ငံခြားက သဘောင်္တွေ ဝယ်သွင်းပြ၊ ဆိပ်ခံတံတားတွေ ဆောက်ပြနှင့် လုပ်ငန်းတွေ ချက်ခြင်းအကောင်အထည်ဖော်လိုက်တယ်။
ယခင်အစိုးရလက်ထက် လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆို လုပ်ပိုင်ခွင့်ရရင်တောင် ယခုလို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်စရာ မလိုပါဖူး။
လုပ်ပိုင်ခွင့်ရရင်တောင် ထိုကုမ္ပဏီ က ရှုံးလို့ပါဆိုပြီး ငိုပြမယ်။ ဦးဖြိုးမင်းသိန်းက လုပ်ငန်းအောင်မြင်အောင် ဆိုပြီး အခြား သေချာပေါက်မြတ် တဲ့ လုပ်ပိုင်ခွင့်တွေ ပြန်ချပေးမယ်။ ထိုလုပ်ငန်းလုပ်ပိုင်ခွင့်တွေ က ပါးစပ်ဖြင့် အလုပ်ပြပြီး တခြားလူကို ရှယ်ယာပြန်ခေါ်မယ်။ ထိုက ရတဲ့ အမြတ်လေးတွေဖြင့် YWB ကို တဖြည်းဖြည်းတည်ထောင်တာမျိုးတွေ အများကြီး လုပ်ရမှာပါ။
ဒါမှ တိုင်းပြည်ဘဏ္ဍာ တွေ မိမိအိပ်ကပ်ထဲ အများအပြားဝင်လာမှာပါ။ ထိုကဲ့သို့ မလုပ်ပဲ ကျားဆွဲသလို အမြန်အဆန်လုပ်မိလိုက်တော့ တိုင်းပြည်ဘဏ္ဍာတွေ မိမိအိပ်ကပ်ထဲ မရောက်ခဲ့လို့ အများအပြားနစ်နာတာပေါ့ဗျာ။ ထို့အပြင် ထိုကုမ္ပဏီ က လုပ်ငန်းတွေ အများအပြားထပ်ရခဲ့ရင် ချေးငွေထုတ်ပေးမယ့် ဘဏ်တွေ ချေးငွေထုတ်ခွင့်မရလို့နစ်နာသလို၊ ထိုကုမ္ပဏီက လုပ်ငန်းတွေ ထပ်ရခဲ့လို့ ပြည်သူတွေ အသံ ထွက်လာရင် ထိုလုပ်ငန်းတွေ မလုပ်ရင်ပဲ ရန်ကုန်မြို့ကြီးသေတော့မသလိုလို ပြည်သူတွေ ပဲ ဆန္ဒပြတော့မလိုလို ရေးပေးမည့် မီဒီယာ တွေ လည်း စာမူခ မရ၍ နစ်နာတာပေါ့ဗျာ။ မီဒီယာ စကားကို ငှားသုံးမယ် ဆိုရင် တိုင်းပြည်ဘဏ္ဍာတွေ မီဒီယာ ဘက်ကို မစီးဆင်းတဲ့ အတွက် “ တိုင်းပြည်ဘဏ္ဍာ တွေ အလကား ဖြစ်ကုန်တာပေါ့ဗျာ။”
နောက်ဆုံး ဦးဖြိုးမင်းသိန်းကို ခရိုနီတွေ အခဲမကြေကြတာ ရန်ကုန်မြို့သစ် စီမံကိန်း ကြောင့်ဖြစ်ကြတယ်။
ဒီမှာလည်း ဦးဖြိုးမင်းသိန်း မှားတာတွေ တပုံကြီး။
တကယ်ဆို ဦးဖြိုးမင်းသိန်းလုပ်ရမှာ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ကလို လုပ်ရမှာ။ ဥပမာ
၁။ မြန်မာပြည်မှာ အဆောက်အဦးကန်ထရိုက်လုပ်ကိုင်သူ တွေထဲက နေ တိုင်းဝန်ကြီးချုပ်တွေ ကိုအိမ်ဆောက်ပေးသူတွေ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ၏ သားသမီးတွေကို ကိုယ်ပိုင်လုပ်ငန်းထူထောင်ပေးထားတဲ့ အဆောက်အဦးကန်ထရိုက်တွေကို စုပြီး ရန်ကုန်အများပိုင် ကုမ္ပဏီ ဆိုပြီး ထူထောင်ပေးရမှာ။ ပြီးရင် လယ်သမားတွေ ထံမှ မြေတွေကို နိုင်ငံတော် အတွက်ဆိုပြီး အလကားသိမ်းပြီး ထို သူ အိမ်ဆောက်ပေးတဲ့ သူဌေးတွေကို ခွဲပေးလိုက်ရမှာ။
၂။ ဒီမှာ မီဒီယာ တွေ ဆော်လာရင် နှတ်ပိတ်ဖို့၊ မိမိဘက်မှ ပြန်ရေးပေးဖို့ မိတ်ဖက်မီဒီယာ သူဌေးကြီးတွေကို ဒေါ်လာသန်းချီပေးခိုင်းဖို့ ထိုခရိုနီသူဌေးတွေ ကို အမိန့်ပေးဖို့ လိုပါတယ်။ ဒါမှ ရန်ကုန်မြို့သစ်ကြီးမဆောက်ရင် ရန်ကုန်မြို့ကြီးပျက်ပြီ၊ ရန်ကုန်မြို့ဟောင်းဟာ တချိန်မှာ အမှိုက်ပုံပဲ ဖြစ်တော့မှာ ၊ ရန်ကုန်မြို့သစ်မှာ မနေရင် ဝမ်းလျှောရောဂါစတဲ့ ရောဂါ တွေ ဖြစ်ပြီးသေမယ်။ ရန်ကုန်မြို့သစ်ကို အမြန်ပြောင်းပြိးနေမှ အသက်ရှည်မယ် ကျန်းမာမယ် ဆိုပြီး ဂျင်းသတင်းတွေ မီဒီယာ တွေမှာ အများအပြားပေါ်လာမှာဖြစ်တယ်။ နိုင်ငံတော်ပိုင်မြေသိမ်းတာလည်း သိမ်းသင့်ပါတယ် ဟု မီဒီယာ တွေ ကို ထောက်ခံခိုင်းလိုက်ရင် ဦးဖြိုးမင်းသိန်းဟာ ရန်ကုန်မြို့၏ ကယ်တင်ရှင်ကြီး အလိုအလျှောက်ဖြစ်သွားမှာ ပါ။
၃။ ရန်ကုန်မြို့သစ်ကြီးတည်စဉ် ရန်ကုန်မြို့ထဲမှာ ဆောက်နေတဲ့ အသေးစား ကန်ထရိုက်တွေ က မြို့ဟောင်းမှာ အဆောက်အဦး တွေ ထပ်ဆောက်ကြပြီး ရန်ကုန်မြို့သစ် စီမံကိန်း ကို ပြိုင်ဆိုင်လာတာမျိုး မဖြစ်အောင် နိုင်ငံတော် အတွက် သံချောင်းဘိလပ်မြေတွေ တင်သွင်းရလို့ နိုင်ငံခြားငွေ တွေ ယိုစီးကြောင်း မီဒီယာ တွေနှင့်ရေးခိုင်းမယ်။ ထိုကဲ့သို့ရေးကြပြီဆိုရင် နိုင်ငံခြားငွေယိုစီးလို့ဆိုပြီး ရန်ကုန်အများပိုင် ကုမ္ပဏီမှ အပ မည်သည့် ကုမ္ပဏီ မှ သံချောင်းဘိလပ်မြေ တင်သွင်းခွင့်မရှိဆိုပြီး ဥပဒေ ပြဌာန်းပေးမယ်။ ဒါဆိုမြို့ထဲမှ ဆောက်နေတဲ့ ကန်ထရိုက်တိုက်အသေးလေးတွေ အကုန်ရပ်ကုန်မယ်။ ထိုကဲ့သို့ ဖြစ်လာရင် မြို့ထဲမှာ ဆောက်နေတဲ့ ကန်ထရိုက်အသေးလေးတွေ နင့် တနိုင်တပိုင် သံချောင်းဘိလပ်မြေတင်သွင်းသူတွေဟာ သံချောင်းဘိလပ်မြေရဖို့ အများပိုင် ကုမ္ပဏီ ကို ခယ ရမယ်။ ထိုအချိန်မှာ အများပိုင် ကုမ္ပဏီ က ငါတို့အတွက် ဘယ်လောက်ရန်ပုံငွေထည့်၊ ကွီးဖြိုးနှင့် အထက်က လူကြီးတွေ အတွက်ဘယ်လောက်ပေး၊ မီဒီယာ သူဌေးကြီးတွေက ဘယ်လောက် ဆိုပြီး တောင်းပြီး ခွဲတမ်းရောင်းစားခွင့်ရသွားမယ်။ ဒါဆို တနိုင်တပိုင်လုပ်ငန်းရှင်တွေ ၏ အရင်းအနှီးတွေ လည်း လုပ်ငန်းထဲကို ဝင်လာပြီ ဖြစ်၍ ရန်ကုန်အများပိုင်မြို့သစ်ကုမ္ပဏီလည်း တိုက်မဆောက်ခင်ကတည်းက မြတ်နေပြီ ဖြစ်၍ ရှုံးမှာပူစရာမရှိ။ ထို့ အတွက် ဦးဖြိုးမင်းသိန်းလောက်စီးပွားရေး လုပ်တတ်သူမရှိကြောင်း မီဒီယာ တွေ က ဝိုင်းရေးကြမယ် ဆိုရင် ဦးဖြိုးမင်းသိန်းသည် မြန်မာပြည်ကို တသက်လုံး အုပ်ချုပ်ဖို့ အခွင့်အရေး ပေါ်သွားမှာပါ။
၎။ မြို့သစ်စီမံကိန်း တွေ ဆောက်တဲ့ အခါမှာ အလွယ်ဆုံး အလုပ်က အကွက်ရိုက်ရောင်းစားတာပဲ။ အကယ်၍ ကန်ထရိုက်တွေ သံချောင်းဘိလပ်မြေ ကို လိုသလို ထိန်းချုပ်လို့ရပြီ ဆိုရင် အိမ်သစ်ဆောက်လိုသူတွေဟာ ရန်ကုန်မြို့သစ်မှာ ဆောက်မှ အိမ်ဆောက်ခ သက်သာမှာဖြစ်၍ အားပေးဝယ်ယူလိုသူ အင်မတန်များပြားလာမှာ့ပါ။ ထို့အပြင် တိုက်ခန်းတွေ ဆောက်ရင်လည်း ဘယ်လိုပဲ ဆောက်ဆောက် ရန်ကုန်မြို့သစ် က တိုက်ခန်း တွေ သာ အသစ်ရှိမှာဖြစ်၍ ကောင်းကောင်းမကောင်းကောင်း ရောင်းထွက်မှာပါ။
၅။ ရန်ကုန်မှာ အသစ်ဆောက်တဲ့ တိုက်တွေဟာ ရန်ကုန်မြို့သစ်မှာပဲ ရှိရင် လူတွေ အနေဖြင့် လှေနဲ့ပဲသွားရသွားရ၊ ၄ဘီးယက်ကားပဲ စီးပြီးသွားရသွားရ နေထိုင်ရမှာဖြစ်၍ မဖြစ်မနေဝယ်ရမှာ ဖြစ်၍ ရန်ကုန်မြို့သစ်စီမံကိန်း ဟာ ရှယ်ယာ ဝင်တွေ နှင့် အစိုးရလူကြီး တွေ အတွက် အမြတ်ကျန်မဲ့ လုပ်ငန်းဖြစ်၍ နေမှာပါ။
ဒါပေမယ့် ဦးဖြိုးမင်းသိန်းလုပ်တဲ့ ပုံက အကြီးကြီးတွေ လျှောက်တွေးတယ်။ မြေအောက် ရေမြောင်းစနစ်ကြီးတွေကိုဖောက်ပြီး မိလ္လာနှင့် စွန့်ပစ်ရေတွေ ကို စနစ်တကျစီးဆင်းစေချင်တယ်။ လမ်းတွေကို နှစ်ထပ်သွား လေးထပ်သွား တွေ ဖြစ်အောင် လမ်း ဧရိယာ တွေ ကို ကျယ်စေချင်တယ်။ ဖြစ်နိုင်ရင် နောင်တချိန် မြေအောင်ရထား တွေ ထားနိုင်ရင်အောင် နေရာတွေ ချန်ထားစေချင်တယ်။
မြို့သစ်ဆောက်ရာမှာ အဓိက အချက်တွေဖြစ်တဲ့ ဆေးရုံ၊ ဈေး၊ ကျောင်းစတဲ့ အခြေခံအဆောက်အဦးတွေ မဆက်ဟပ်မှုကနေဖြစ်လာတဲ့ လူမှုစီးပွား ခက်ခဲတဲ့ ပြဿနာတွေ ကို အတတ်နိုင်ဆုံး လျှော့နည်းစေချင်တယ်။
ထို့အတွက် အတွေ့အကြုံရှိသူကို မှ ဦးစားပေး ချင်တယ်။
ထိုကဲ့သို့ မြို့သစ်ဆောက်တဲ့ အခါမှာ ပြည်တွင်းမှာ အတွေ့အကြုံရှိတာ ဆို၍ FMI CITY, ပန်းလှိုင်ဂေါက်ကွင်းအိမ်ယာ နှင့် သံလျှင် STAR CITY စတဲ့ လုပ်ငန်းတွေ မှာ သူများထက်သာအောင်လုပ်နိုင်တဲ့ ဦးသိန်းဝေ ပဲ ရှိတယ်။
ဒါပေမယ့် သူ့အတွေ့အကြုံဆိုတာကလည်း လက်တလော ကမ္ဘာမှာ ခေတ်အမှီဆုံးနှင့်အကြီးဆုံးမြို့သစ်ဖြစ်တဲ့ ( လက်ရှိရန်ကုန်မြို့၏ ၄ ဆလောက်ကြီးတဲ့) ရှန်ဟိုင်း ပူတုံးမြို့မျိုး ကြီးတွေ၊ လူဦးရေ ၄ သန်းက နေ ၈ သန်းကြားရှိတဲ့ မြို့လတ်ပေါင်း ၂၈ မြို့ကို အစအဆုံး ပြန်တည်ဆောက်တဲ့ တရုတ် ပြည်လို အတွေ့အကြုံမျိုးတော့လည်း မရှိပြန်ဖူး။
ထို့အပြင် တချို့ အခြေခံ အဆောက်အဦး တွေ ခေတ်နောက်ကျ ကျန်နေသော စကာင်္ပူလို မြို့မျိုး ကို ၂၁ ရာစု မှာတည်ဆောက်ရင်လည်း ခေတ် မမှီတော့။
ဒီတော့ ပြည်တွင်းက အကောင်းလုံးအတွေ့အကြုံအရှိဆုံးလုပ်ငန်း ရှင် ဦးသိန်းဝေ နှင့် မြို့သစ်တည်ရာမှာ အတွေ့အကြုံအရှိဆုံး တရုတ်ပြည်က ကုမ္ပဏီတစ်ခုကိုပါ ထို မြို့သစ်စီမံကိန်း အတွက်လုပ်ပိုင်ခွင့်ပေးလိုက်တယ်။
ဒါကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းမှာ တိုင်းပြည်ဘဏ္ဍာတွေ၊ ပြည်သူ လူထုလက်ထဲက ပိုက်ဆံတွေ ကို မျက်လှည့်ပြပြီး မိမိအိပ်ကပ်ထဲ ရောက်လာအောင် အဖိတ်အစင်မရှိ ဝါးကြမယ် ဆိုပြီး ကြုံးဝါးထားကြတဲ့ ခရိုနီတွေ၊ ဘဏ်သူဌေးတချို့၊ မီဒီယာ တချို့ အတွက်အလုပ်အကိုင်အခွင့်အလမ်း တွေကို ဦးဖြိုးမင်းသိန်းက ပိတ်လိုက်သလို ဖြစ်သွားပါတော့တယ်။
ဒါကြောင့်လည်း မီဒီယာ တွေ၊ ခရိုနီ တွေ နှင့် လွှတ်တော် အမတ် တချို့က ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော်ဘဏ္ဍာတွေ ဆုံးရှုံးနစ်နာရပါပြီ ဆိုပြီ အော်ကြတယ်။ တချို့ ဆို သူတို့ကို အလုပ်မပေးရကောင်းလား ဆိုပြီး နိုင်ငံတော် သမ္မတ နှင့် အဂတိကော်မရှင် ကို တိုင်ကြားလွှာပို့ကြတယ် ဆိုတယ်။
ဒါလည်း ဟုတ်တာပဲ လေ။ ဦးဖြိုးမင်းသိန်း ယခုလို ယခင် အစိုးရ အဆက်ဆက် လုပ်ထုံးလုပ်နည်း တွေ နှင့် မညီပဲ လုပ်နေတော့ တချို့လူတွေ ဒုက္ခရောက်ကုန်ပြီလေ။ တချို့ သူဌေးကြီးဆိုပြီး ပိုက်ဆံတွေပဲ ထားစရာမရှိသလို လုပ်ငန်းတွေပြထားကြပေမယ့် လက်တွေ့မှာတော့ မယားငယ်တွေ လျှောက်ထား ၊ နိုင်ငံတကာသွားပြီးဘောပွဲလောင်း၊ စင်တင်မှာ စင်ပြတ်စွပ်လို့ ရတာထက် သုံးတာများပြီး အဟန်သာရှိပြီး အဆံမရှိတဲ့ သူဌေးတွေ မြန်မာပြည်မှာ တပုံကြီးပါ။ အကယ်၍ ဦးဖြိုးမင်းသိန်း ယခုလို ဆက်သွားပြီ ဆိုရင် လုပ်ငန်းပေါင်ပြီး ဘောပွဲ လောင်းထားလို့ ရှုံးနေတဲ့ သူဌေးတွေ၊ မယားတွေ မှိုလိုပေါက်အောင်ယူထားတဲ့ သူဌေးတွေ ၊ တွေ့သမျှကို ခြေတော်တင်ပြီး တိုက်ခန်းတွေခြံတွေဝယ်ပေးနေတဲ့ သူဌေးတွေ ယခုအတိုင်း အကျင့်မဖျောက်ပဲ ဆက်သွားရင် မွဲဖို့သာရှိပါတော့တယ်။
ဆက်ပြီး ပြောရင် နိုင်ငံတော်ပိုင် ဘဏ္ဍာကို မိမိအိပ်ကပ်ထဲ ရောက်အောင် ဘယ်လို လုပ်ရမယ် ဆိုတဲ့ မြန်မာပြည် သူဌေးအပေါင်း၏ လုပ်နည်းလုပ်ဟန် စီးပွားရေး ပညာ ကို တောင် မသိပဲ ဝန်ကြီးချုပ် တက်လုပ်တဲ့ ဦးဖြိုးမင်းသိန်း လို လူတစ်ယောက် လက်ထက်မှာ ကိုယ်တိုင်မလုပ်ရရင်တောင် တရုတ်ပိုင်မကလို ကလားပိုင်ပဲ လာလာ အမျိုးသားအကျိုးစီးပွား အကြောင်းပြပြီး ဒါးပြတိုက်ဖို့လည်း ခက်သွားပြန်လေပြီ။
ဥပမာ ရေနံပိုက်လိုင်းမှာ မြန်မာတွေ အလုပ်မရဖူး ဘာညာ ဆိုပြီး မီဒီယာ တွေ နှင့် အော်ခိုင်းပြီး လက်တွေ့မှာတော့ မြန်မာကုမ္ပဏီ တွေ ဟာ ပိုက်ဆံတပြားမှ မထည့်ပဲ တဆင့်ကန်ထရိုက်တွေ ပြန်ယူပြီး ကိုယ်လည်းမလုပ်တတ်၊ အတွေ့အကြုံလည်း မရှိပြန်တော့ တရုတ်ကုမ္ပဏီ က ထိုကန်ထရိုက်ကိုပဲ ကော်မရှင်ပေးပြီး ပြန်ယူရတဲ့ ဖြစ်စဉ် တွေ ။ ထိုဖြစ်စဉ်တွေ ကို ပြည်သူမသိအောင် မီဒီယာ လေး တစ်ခုနှစ်ခုလောက်ကို စပွန်ဆာပေးပြီး ကြေးစားရဲရဲတောက် အနီလိုလို စာရေးဆရာ တစ်ယောက်နှစ်ယောက်လောက်ကို တိုက်ခန်းဝယ်ပေး ရုံဖြင့် မျိုးမျိုးမြတ်မြတ် စားခဲ့ရတဲ့ စားပေါက်တွေပါ ပိတ်သွားပါလေပြီ။
ထို့ကြောင့် ဦးဖြိုးမင်းသိန်း လို “ဝေစားမျှစား တိုင်းပြည်ဘဏ္ဍာ ဖျောင်စား စီးပွားရေး အမြင်” မရှိ တဲ့ ဝန်ကြီးချုပ် လက်ထက်မှာ နိုင်ငံတော် ဘဏ္ဍ တွေ သူဌေးတွေ လက်ထဲ မစီးဝင်တော့ တဲ့ အတွက် ဆုံးရှုံးနစ်နာတယ် ဆိုပြီး တချို့ လူတွေ က အော်နေကြရတာလည်း မဆန်းဖူးဗျ။
ဦးဖြိုးမင်းသိန်းကြောင့် သူတို့ တသက်လုံး စားလာတဲ့ နိုင်ငံတော် ဘဏ္ဍာတွေ ထပ်မစားရတော့ လို့ ဆုံးရှုံးနစ်နာကြရတာ အမှန်ပဲလေ။
Credit: Myat Maw
ZN.H 🇦🇺

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...