17 October 2018 19:21(+0630)
![]() |
| ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဉ် / Photo: Win Ko Ko Latt/RFA |
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ အမွေခွဲဝေရရှိရေးအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး တို့ကို တစ်ယောက် တစ်ဝက် ခွဲဝေယူဖို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ဆုံးဖြတ်ခဲ့ပေမယ့် နှစ်ထပ်တိုက်အိမ်ပါဝင်တဲ့အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့တာကို မကျေနပ်တဲ့ အတွက်ကြောင့် အခုလို အယူခံဝင်တာလို့ သိရပါတယ်။
ဒါ့အပြင် နေအိမ်ကို သိန်း ၁ သောင်း ၈ ထောင် အကုန်ခံ ပြန်လည် ပြင်ဆင်ခဲ့တဲ့ ဒေါ်ခင်ကြည်နဲ့ အမျိုးတော်စပ်တဲ့ ဦးခင်မောင်အေး (ကွယ်လွန်သူ စာရေးဆရာ ခင်မောင်အေး (မန္တလေး) ) ကိုလည်း ပေ ၁၀၀ - ၇၀ မြေကွက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာကိုလည်း ကန့်ကွက်ထားတယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေ ဦးအေးလွင်က ပြောပါတယ်။
RFA Burmese
https://www.rfa.org

Comments
Post a Comment