အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များရဲ့ ထိပ်သီး အစည်းဝေး ဒုတိယနေ့ကို အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းက နေပြည်တော် ရွှေစံအိမ် ဟိုတယ်မှာ ဆက်ပြီး ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွဲပြီး ကျန် ထိပ်သီးခေါင်းဆောင်တွေ အားလုံး စုံစုံညီညီ တက်ရောက်ကြတယ်လို့ သိရပါတယ်။ အစည်းအဝေးကို မနက်ပိုင်း ၁၀း၂၀ နာရီမှာ စတင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် အစိုးရကိုယ်စားလှယ်များ ၊ KNU -ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်
ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးယွက်ဆစ် နဲ့ ဖိတ်ကြားထားတဲ့ NCA-S EAO ခေါင်းဆောင်များအားလုံး စုံညီစွာတက်ရောက်ပါတယ်။ ထိပ်သီးခေါင်းဆောင်များရဲ့ သီးသန့် အစည်းအဝေး အစီအစဉ်အရ အစီအစဉ် (၅) ခုကို ထိပ်သီးခေါင်းဆောင်တွေ အတည်ပြုပေးပြီးတဲ့နောက် ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရေး ကိစ္စ၊ အစီအစဉ် (၇) ပါ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ခွဲမထွက်ရ ကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ထားရှိရေး မူချမှတ်နိုင်ရန် ကိစ္စတွေကို ဆွေးနွေးကြမယ် ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ် အင်းလေး ဖေါင်တော်ဦး ဗုဒ္ဓရုပ်ရှင်တော်မြတ်တွေကို အင်းလေးဒေသ လင်းကင်းကျေးရွာ
ကနေ ညောင်ရွှေမြို့ကို ဒေသစာရီ ကြွချီတော်မူတဲ့ ပွဲကို တက်ရောက်နေပြီး ရုပ်ရှင်တော်တွေကို ပင့်ဆောင်ပေးခဲ့ပါတယ်။


Comments
Post a Comment