Skip to main content

ကျောက်ဖြူ စီမံကိန်း နှင့် ပါတ်သက်ပြီး

U Myo
အဘတို့ရေ..အဘတို့ရဲ့..လုပ်ရက်လေခြင်းဗျာ
©©©©©
ကျောက်ဖြူ စီမံကိန်း နှင့် ပါတ်သက်ပြီး အစိုးရ အဖွဲ့အတွင်း သဘောကွဲလွဲမှုများ ရှိလာနေ
•••••••••••••••••••••••••••••••••••••••••
မြန်မာ အနေဖြင့် တရုတ်၏ ရခိုင် ပြည်နယ် အတွင်း ပရိုဂျက်များ အပေါ် တတ်နိုင်သမျှ ကုန်ကျစရိတ် နဲနဲ နှင့် ပြုလုပ်ရမှာ ဖြစ်တယ်လို့ စီမံ ဘဏ္ဍာ ၀န်ကြီး အသစ် ဦးစိုးဝင်းက Nikkei Asian Review နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်း မှာ ပြောကြားလိုက်ပါတယ်။
အလွန်အကျွံ ရင်းနှီးမြုပ်နှံခြင်းသည် တခါတရံ တွင် မကောင်းသည်ကို ကျွန်တော်တို့ရဲ့ အိမ်နီချင်းများမှ လေ့လာသိရှိ ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေး ဇုံ များ တည်ဆောက်ရေးသည် ဒေါ်လာ ၁၀ ဘီလျံ နီးပါး ကုန်ကျ မှာ ဖြစ်တဲ့အတွက် တရုတ်ပြည်ထံမှ ငွေချေးငှားရမယ့် အရေး အပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေတာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းသည် တရုတ် သမ္မတ စီရှင်ပင့်ရဲ့ Belt and Road စီမံကိန်းကြီးအတွက် အဓိက နေရာ က ပါဝင်လာနေပါတယ်။
အဆိုပါ စီမံကိန်း လုပ်ပိုင်ခွင့်ကို တရုတ် အစိုးရ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ Citic Group မှ ဦးသိန်းစိန် အစိုးရ ရာထူးမှ ဆင်းမပေးရခင် ၂၀၁၅ မှာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ကျောက်ဖြူ ဆိပ်ကမ်းသည် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်း တခု ဖြစ်လာမှာ ဖြစ်ပြီး ကုန်တင်သင်္ဘော အကြီးစားများ ကို ကိုင်တွယ်နိုင်မှာ ဖြစ်တဲ့ အပြင် အနီးတွင်လည်း ဧက ၂၅၀၀ ခန့်ကျယ်ဝန်းတဲ့ အထူး စီးပွားရေး ဇုံကြီးလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
သို့သော်လည်း အကြွေးမဆပ်နိုင်၍ တရုတ် လက် နှစ် ၉၉ နှစ်ကြာ လုပ်ပိုင်ခွင့် နဲ့ မနှစ်ကမှ ထိုးအပ်လိုက်ရတဲ့ သီရိလင်္ကာ အဖြစ်ကြောင့် မြန်မာက စိုးရိမ်မကင်း
ဖြစ်လာနေပါတယ်။
အကြွေး မဆပ်နိုင် ဖြစ်လာမှာကို စိုးရိမ်နေရတဲ့ အဓိက အကြောင်း ကတော့ ၀င်ငွေ ရရှိ နိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်။ ကျောက်ဖြူသည် ရန်ကုန်မှ အလှမ်းဝေးကွာလွန်းလှတဲ့ အတွက် ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ကြောင့် တောင်းဆို ၀ယ်လိုအား တွေ တိုးတက်လာမှာ မဟုတ်နိုင်ဖူး ဆိုတာပဲ ဖြစ်ပါတယ်။
ဒီအတွက် ကျွန်တော်တို့ အနေနဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်ကို တတ်နိုင်သမျှ နည်းအောင် ဖြတ်တောက်ပြစ်ရပါမယ်။ ဒါမှလည်း ကျွန်တော်တို့ အနေနဲ့ အကြွေးကို ပြန်ဆပ်နိုင်မှာ ဖြစ်ပါတယ် လို့ သတိပေးသွားပါတယ်။
ဘယ်လောက်အထိ ကုန်ကျစရိတ်ကို လျော့ချ ဖြတ်တောက်နိုင်မလဲဆိုတာ ဆွေးနွေးနေတဲ့ ရလာဒ်အပေါ် မူတည်နေပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ မိမိတို့ အနေနဲ့ Clean cut လို့ ခေါ်တဲ့ ဒီလောက်ပမာဏ လျော့ချရမယ်လို့တော့ မရှိဖူးလို့လည်း ဆိုပါတယ်။
တရုတ်အနေနဲ့လည်း ကျိုးကြောင်း ဆီလျော်စွာ နဲ့ နှစ်ဖက် အကျိုးရှိရာ ရှိကြောင်း ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ ထင်မြင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။
ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဌ နဲ့ နိုင်ငံတော် လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကတော့ ဝေဖန်သူတွေ ပြောနေတဲ့ သီရိလင်္ကာ ဆိပ်ကမ်း ကိစ္စ ကို သိထားပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ကျောက်ဖြူ ပရိုဂျက်သည် တိုင်းပြည်အတွက် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အရေးပါနေတယ်လို့ ဆိုပါတယ်။ ထို့အပြင် သီရိလင်္ကာ ရဲ့ အကြွေးပြဿနာသည် ပြောသလောက် မဆိုးလှဟုလည်း ပြောခဲ့ပါတယ်။ ထို့အပြင် မိမိတို့ အနေနဲ့ ဒီပရိုဂျက် အမြန် စ တာကို မြင်လိုတယ်လို့ လည်း ဟောင်ကောင် သတင်းစာ နဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။
၂၀၁၇ အထိ မြန်မာရဲ့ ပြည်ပကြွေးမြီက အမေရိကန် ဒေါ်လာ ၉.၆ ဘီလီယံ ရှိနေပြီး ဒီအထဲက ၄၀% ဖြစ်တဲ့ ၃.၈ ဘီလီယံ က တရုတ်ကို ပေးဆပ်စရာ ရှိနေပါတယ်။
ဦးစိုးဝင်းက နိုင်ငံတနိုင်ငံ တည်းကို ဒီလောက် ပမာဏ တင်နေခြင်းအပေါ် မိမိအနေဖြင့် ကောင်းသည့် အချက် ဟု မမြင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။
အစိုးရ အနေနဲ့ သဘောကွဲလွဲမှု ရှိနေတာက မည်သို့ မည်ပုံ ချည်းကပ်ပြီး လုပ်ဆောင်သွားရမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်း ကြီးက အရင်အစိုးရမှ မစဉ်းစား မဆင်ခြင်ပဲ ချုပ်ဆိုသွားခဲ့ပြီးသား ဖြစ်နေလို့ ဖျက်သိမ်းလို့တော့ မဖြစ်နိုင်တော့ပါဖူး၊ NLD အစိုးရ အနေနဲ့လည်း ယခင် အစိုးရရဲ့ တရုတ် အရှုပ်တော်ပုံ နဲ့ စစ်တပ်ရဲ့ ရခိုင်ပြည်နယ် အတွင်း လက်လွန်ခြေလွန် လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ နိုင်ငံတကာ အကြပ်အတည်းကြီးကို ရင်ဆိုင်နေရပြီ ဖြစ်ပါတော့တယ်။
HSW

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...