သတင်းစာရှင်းလင်းပွဲ (May Kha) မကြာသေးခင်က အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်တဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် ဥပဒေပြင် ဆင်ချက်မူကြမ်းက အမေရိကန်နဲ့ မြန်မာစစ်ဖက် ဆက်ဆံမှုအပေါ်မှာ အကန့်အသတ် ဖြစ်စေမှာမဟုတ်ဘူးလို့ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်အရာရှိတဦးက ဆို လိုက်ပါတယ်။ လက်ရှိနှောင့်နှေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နှောင့်နှေးနေရမှုဟာ တပ်မတော်ရဲ့ စစ်ရေးနည်းနဲ့ဖိအားပေးမှုတွေ ကြောင့်မဟုတ်သလို၊ နိုင်ငံတော်သမ္မတက ညွှန်ကြားလာရင် စစ်ဆင်ရေးတွေ ရပ်ပေးဖို့အသင့်ရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒီသတင်းကို နေပြည်တော်မှာကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ထားပါတယ်။ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တနှစ်တာကာလအတွင်း ဆောင်ရွက်နေမှုတွေနဲ့ပတ်သတ်လို့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့ အတွက်မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် အမေရိကန်နိုင်ငံကာကွယ် ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ ဥပဒေပြင် ဆင်ချက်မူကြမ်းအပေါ် တပ်မတော်ရဲ့သဘောထားနဲ့ပတ်သတ်လို့ ဗွီအိုအေ သတင်းဌာနမေးမြန်းမှုခ