Skip to main content

မြန်မာစစ်တပ် အရေးယူမယ့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါတယ်။

Aye Aye Khaing အထိ နိုင်ငံရေးသတင်း နှင့် စကားဝိုင်း Breaking News!
အရပ်သါးအစိုးရထိန်းချုပ်မှုအောက်ကို
ရောက်လာတော့မယ့်အလှည့်အပြောင်း
တစ်ခု ......
လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါတယ်။
ဒီ ဥပဒေကြမ်းအရ မြန်မာလုံခြုံရေးအဖွဲ့အစည်းနဲ့ တာဝန်ရှိသူအချို့ကို ဘဏ္ဍာငွေကြေးဆိုင်ရာအရေးယူဒဏ်ခတ်မှုတွေနဲ့ ပြည်ဝင်ခွင့်ပိတ်ပင်တာတွေရှိလာမှာဖြစ်သလို၊ အမေရိကန်နဲ့ မြန်မာစစ်ဖက် ဆက်ဆံမှုအပေါ်မှာလည်း အကန့်အသတ် ဖြစ်သွားစေမှာပါ။ ဒီအကြောင်း ကိုသားညွန့်ဦး အပြည့်အစုံပြောပြပါလိမ့်မယ်။

အခု အောက်လွှတ်တော်က ထောက်ခံမဲ ၃၈၂ မဲ ကန့်ကွက်မဲ ၃၀ နဲ့ အတည်ပြုလိုက်တဲ့ NDAA အမေရိကန်နိုင်ငံကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ မြန်မာနိုင်ငံဆိုင်ရာပြင်ဆင်ချက်မူကြမ်းအရ ရိုဟင်ဂျာ ကချင်၊ ချင်း၊ ကရင်နဲ့ မြန်မာနိုင်ငံက အခြားလူနည်းစုလူမျိုးတွေအပေါ် လူ့အခွင့်အရေးကျူးလွန်တဲ့ စစ်ဖက်နဲ့ လုံခြုံရေးအာဏာပိုင်တွေကို ဘဏ္ဍာငွေကြေးအရ ပိတ်ဆို့အရေးယူဖို့၊ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ဖို့ အစိုးရအာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့
------------------
လူ့အခွင့်အရေးအခြေခံစံနှုန်းတွေ
-------------------------
တိုးတက်ကောင်းမွန်လာပြီး
---------------------- အရပ်သားအစိုးရထိန်းချုပ်မှုအောက်ရှိ
----------------------------
လာတယ်ဆိုတဲ့ အထောက်အထားတွေ
----------------------------
မရှိသရွေ့၊ မြန်မာနဲ့ အမေရိကန်
--------------------------
စစ်ဖက်ဆက်ဆံရေးတွေကိုလည်း
--------------------------
ကန့်သတ်ထားပါတယ်။
------------------
အထူးသဖြင့်တော့ သြဂုတ်လ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာလူနည်းစုတွေအပေါ် ပြုမူဆက်ဆံခဲ့တာတွေကို ထောက်ပြခဲ့ပြီး၊ အခု ပြင်ဆင်ချက်ဥပဒေကြမ်းဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေတိုးတက်လာအောင် ဖိအားပေးတာဖို့ ရည်ရွယ်ထားတာပါ။ ဒီ ပြင်ဆင်ချက်ဥပဒေကြမ်းကို ဦးဆောင်အဆိုတင်တဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ် Eliot Engel က ဒီအဖြစ်အပျက်ကြောင့် ဒုက္ခသည် ၇ သိန်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး၊ အဲဒီက ၈၀ ရာခိုင်နှုန်းဟာ ကလေးနဲ့ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
“ဒါဟာ လူကြောင့်ဖြစ်ရတဲ့ အကြပ်အတည်းပါ။ လူမျိုးနွယ်စုအလိုက် ရှင်းလင်းဖယ်ရှားမှုပါ။ မျိုးတုံးသတ်ဖြတ်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုအချိန်အထိ ဒီဖြစ်ရပ်အတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိသေးပါဘူး။”
အောက်လွှတ်တော်က အခု အတည်ပြုပေးလိုက်တဲ့ NDAA ရဲ့ မြန်မာပြည်ဆိုင်ရာပြင်ဆင်ချက်မူကြမ်းမှာ အဓိကကတော့ မြန်မာစစ်တပ်ကို ပိုပြီး ပစ်မှတ်ထားတာဖြစ်ပါတယ်။ ဒီအရေးယူမှုတွေဟာ အပြောင်းအလဲကိုဖြစ်စေမယ်လို့ ယုံကြည်တဲ့အကြောင်းလည်း အောက်လွှတ်တော် အမတ် Eliot Engel က ပြောသွားပါတယ်။
“ ဒီအရေးယူမှုဟာ အပြောင်းအလဲ ဖြစ်စေမှာပါ။ လူ့အခွင့်အရေးအခြေအနေတွ တိုးတက်လာတာကို မမြင်ရသရွေ့ မြန်မာစစ်တပ်ကို အမေရိကန်စစ်ဖက်က အကူအညီ အထောက်အပံ့ပေးမှုတွေ ကန့်သတ်ထားပါမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ စစ်ဖက်နဲ့ လုံခြုံရေးတပ်တွေကို ဘဏ္ဍာငွေကြေးဆိုင်ရာပြင်းထန်တဲ့ အရေးယူမှုတွေ၊ နောက် ပြည်ဝင်ခွင့်ပိတ်ပင်တာတွေ လုပ်ပါမယ်။ နိုင်ငံတွင်း ပွင့်လင်းမြင်သာမှုဖြစ်အောင် အားပေးပါမယ်။ မြန်မာကျောက်မြတ်လုပ်ငန်းပိုင်းမှာ စစ်တပ်ကသြဇာလွှမ်းနေတာတွေကို ပစ်မှတ်ထားပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တွန်းအားပေးပါမယ်။ လူမျိုးနွယ်စုလိုက်ရှင်းလင်းမှုတွေဖြစ်နေတယ်ဆိုတာအပြင် ဘယ်လောက်အတိုင်းအတာဖြစ်ပျက်ခဲ့သလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆန်းစစ်သုံးသပ်ရပါလိမ့်မယ်။”
လူ့အခွင့်အရေးစံနှုန်း ပွင့်လင်းမြင်သာမှု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်မှု စတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်တဲ့ လုပ်ငန်းကုမဏီတွေကို စာရင်းပြုစုခြင်းအားဖြင့် အရပ်သားအစိုးရနဲ့ အရပ်ဖက်အဖွဲ့တွေဖက် မြန်မာ့ကျောက်မြတ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ ကြိုးပမ်းတာတွေကို အားပေးသွားမယ်လို့လည်း အဲဒီ ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ ၁၉၈၂ နိုင်ငံသားအက်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးအပါအ၀င် ရိုဟင်ဂျာအကြပ်အတည်းကို ဖြေရှင်းရေးအတွက် အရပ်သားအစိုးရအနေနဲ့ သူ့စွမ်းဆောင်နိုင်သရွေ့လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အမေရိကန် ကာကွယ်ရေးအက်ဥပဒေမှာ ပြင်ဆင်ချက်တွေကို နှစ်စဉ်နှစ်တိုင်း လွှတ်တော်က ဆုံးဖြတ်လေ့ရှိပြီး၊ အခုနောက်ဆုံး မြန်မာနိုင်ငံဆိုင်ရာ ပြင်ဆင်ချက်ကိုတော့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းမှာတုန်းကလည်း ၂၀၁၈ မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေမူကြမ်းကို အတည်ပြုထားပြီး၊ ဥပဒေအဖြစ် ပြဌာန်းဖို့ အထက်နဲ့ အောက်လွှတ်တော်တွေမှာ မဲခွဲကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ပြီး၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ အဆင့်အထိ ရောက်ခဲ့ကြောင်း အမေရိကန် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားကြပြီး၊ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ တိုက်တွန်းနေကြတာပါ။ ဒီအဖြစ်အပျက်ကိုလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးနွယ်စုလိုက်ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သုံးနှုန်းထားပါတယ်။
https://burmese.voanews.com/a/myanmar-us-sanct…/4408313.html

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...