Skip to main content

ဒေါက်တာအောင်မိုးညို ဒဲ့ပြောပြီ ...


Zawmyo Thet ၏ ဓာတျပုံNLD အစိုးရသည် ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်လက်ထက်ကအကြွေးများကို ဆပ်နေရသဖြင့် ဒေသဖွံ့ဖြိုးရေး ထောင့်စေ့အောင်မလုပ်နိုင်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြော
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၀)ရပ်ကွက် အေးစေတီဘုရားရပ်တွင် ကုတင်(၅၀)ဆံ့ R.C နှစ်ထပ်ဆောင် ပြည်သူ့ဆေးရုံအသစ်ဖွင့်လှစ်ပွဲကို မတ် ၃၁ ရက် နံနက်ပိုင်းကပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တက်ရောက်ဖွင့်လှစ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဒေါက်တာ အောင်မိုးညိုက မိန့်ခွန်းပြောကြားရာ“ကျွန်တော်တို့က ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ လုပ်နေတယ်။ ဆေးရုံတွေ တိုက်နယ်ဆေးရုံတွေ ဒီ ကျန်းမာရေးဌာနတွေဆိုရင်လည်းပဲ ကျွန်တော်တို့ ပြောရဲပါတယ်၊ သတ္တိရှိရှိ ပြောရဲပါတယ်။ အရင်နဲ့ကိုမတူအောင် အရည်အသွေးက ကောင်းလာပါတယ်။ အရည်အသွေးလည်း ကောင်းတယ်။ ဒီရပ်ရွာက လွှတ်တော်ကိုယ်စားလှယ်တွေ ရပ်မိရပ်ဖ ရွာမိရွာဖတွေ မြို့နယ်အုပ်ချုပ်ရေး ခရိုင်အုပ်ချုပ်ရေး တိုင်းအုပ်ချုပ်ရေး ဒါတွေက ပိုပြီးတော့လည်း ဂရုစိုက်တာ စောင့်ကြပ်တာတွေက ထိထိရောက်ရောက် စောင့်ကြပ်ပါတယ်။ ဒါကြောင့်မို့လို့ လိမ်လို့ညာလို့မရအောင် ခိုးလို့ဝှက်လို့မရအောင် တက်နိုင်သမျှလေး ကြိုးစားပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ ဘာကြောင့်တုန်းဆိုတော့ ပြည်သူလူထုအတွက်ပါ .. နော်။ သို့သော်လည်းပဲ တင်ပြချင်တာက ထောင့်စေ့နိုင်တယ်ဆိုတာ မရှိဘူး။ လိုအပ်ချက်တွေက အများကြီးပဲ။ အကြွေးတွေကလည်း ကျွန်တော်တို့ ယခင့်ယခင်က ဦးနေ၀င်းချေးခဲ့တဲ့အကြွေး၊ အရှေ့က ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့ ချေးခဲ့တဲ့အကြွေး အဲဒီအကြွေးတွေကို ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အစိုးရ) က ဆပ်ရမှာ။ အကြွေးဆပ်ရမယ့်အချိန်ရောက်နေပြီဆိုတော့ တနှစ်တနှစ်ကို ဒေါ်လာသန်း(၆၀၀) ဆပ်ရမှာ။ ဒေါ်လာ သန်း (၆၀၀)ဆို ၁ ဒေါ်လာကို ၁၃၀၀ မြှောက် ဘယ်လောက်တုန်းဆိုတာ။ အကြွေးတွေ အဲဒါတွေ ကျွန်တော်တို့ဆပ်ရမှာ။ အဲတော့ ထောင့်စေ့အောက်မလုပ်နိုင်ဘူး။ ပညာရေးလည်းမလုပ်နိုင် ကျန်းမာရေးလည်းမလုပ်နိုင် လိုအပ်ချက်တွေက များနေတာ။ တက်နိုင်သမျှလေး ကျွန်တော်တို့ ကြိုးစားပြီးတော့ ဖြည့်စွမ်းလျက်ရှိပါတယ်။ ဥပမာတခုပြောရမယ်ဆိုလို့ရှိရင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ဒီလိုမျိုး ဖြည့်စွမ်းပေးနိုင်တာလေး မရှိသလောက်နည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အရင်အစိုးရလက်ထက်ကနေပြီးတော့ရတာ၊ ဦးဖုန်းမော်ရွှေအစိုးရဆီကရတာ ကျပ်ငွေသန်းပေါင်း သုံးသောင်းကျော်ရပါတယ်။ သန်းပေါင်း (၃၂၇၉၀) ရတယ်။ အဲဒီပိုက်ဆံလေးနဲ့ မြို့နယ် ၂၅ မြို့နယ်အတွက် လိုအပ်တဲ့ အမှိုက်သယ်တဲ့ကားတွေ မိလ္လာကားတွေ ၀ယ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တက်နိုင်သလောက် ကြိုးစားပြီးတော့ ဖြည့်စွမ်းလျက်ရှိပါတယ်။ ကြွယ်ဝချမ်းသာတဲ့လူတွေအနေနဲ့လည်း ဇီဝိတဒါနလို့သဘောထားပြီးတော့ ဆေးပဲဖြစ်စေ သွေးပဲဖြစ်စေ အဟာရပဲဖြစ်စေ တက်နိုင်သမျှ ကြိုးပမ်းပြီးတော့လှူကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောသည်။
ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ်(၂) ဦးစိုးဝင်း၊ ချောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဆွေဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမောင်မောင်ကျော်၊ ရဲမှူးအေးလွင်၊ စည်ပင်သာယာဦးစီးဌာန ဦးနေမန်း၊ ဌာနအသီးသီးမှ ဝန်ထမ်းများ မြို့မိမြို့ဖများနှင့် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
“ဆေးရုံသစ်ကြီးတော့ဆောက်လုပ်ပြီးစီးသွားပါပြီ။ ဒါပေမယ့် ဆေးရုံမှာ လက်ထောက်ဆရာဝန်မရှိတော့ ဆရာဝန်ကြီးမှာ တယောက်တည်း ပင်ပန်းနေရတာပေါ့။ ဒါကြောင့် ဆေးရုံမှာ ဝန်ထမ်းအင်းအားဖြည့်စွက်ဖို့လိုပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ပြောသည်။
အဆိုပါဆေးရုံဖွင့်ပွဲအား နံနက်(၉)နာရီတွင် ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။
ဒီလှိုင်း(ချောက်)
ZN.H

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...