တပ်မတော်က နိုင်ငံရေးလောင်းရိပ်အောက်က လွတ်ရမယ်ဆိုတာကမပြည့်စုံသေးပါဘူး
အမှန်က နိုင်ငံရေးအလုပ်က တပ်မတော်အလုပ်မဟုတ်ဘူး
တပ်မတော်သည် ကာကွယ်ရေးအလုပ်ပဲ လုပ်မယ်ဆိုရင်တော့ ပြည့်စုံတဲ့ စကားပေါ့
နိုင်ငံရေးလောင်းရိပ်အောက်ကို တပ်မတော် မရောက်ခဲ့ ပါဘူး
တပ်မတော်လောင်းရိပ်အောက်ကိုသာ နိုင်ငံရေး ရောက်နေတာပါ
နိုင်ငံတစ်နိုင်ငံတည်းမှာ အစိုးရနှစ်ခုဖြစ်နေတာ မြန်မာနိုင်ငံပဲ ရှိပါတယ်
ပြည်သူအလေးစားခံ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ က
ဒီမိုကရေစီ စစ်စစ်ဖြစ်တဲ့  နိုင်ငံဖြစ်ဖို့ အရေးကြီးပါတယ်
ဌာနဆိုင်ရာတော်တော်များများမှာ တပ်မတော်ကရှိနေတာကိုက
ပြည်သူအလေးစားခံရမှုနဲ့ ဝေးနေတဲ့ အဖြေပါ
နိုင်ငံရေးကို တပ်မတော်လောင်းရိပ်ကြီးပိနေတာကိုက နိုင်ငံတိုးတက်မှု နှေးကွေးရတဲ့  အကြောင်းအရင်းတစ်ခုဆို ဘယ်သူမှ ငြင်းမရပါဘူး
နှစ်ပေါင်းများစွာ နိုင်ငံကို တပ်မတော်ချုပ်ကိုင်
လာခဲ့တာ နိုင်ငံဆင်းရဲမွဲတေမှုရလဒ်နဲ့  အကျင့်ပျက်ဝန်ထမ်းအတော်များများမွေးထုတ်နိုင်တဲ့  ရလဒ်ဆိုးတွေသာ ထင်ကျန်ခဲ့ တာမို့ 
ကာချုပ်ကြီးပြောတဲ့  တပ်မတော်က နိုင်ငံရေး
လောင်းရိပ်အောက်ကလွတ်ရမယ်ဆိုတဲ့ စကားထက်
နိုင်ငံရေးလောကဆိုတာ တပ်မတော်အလုပ်မဟုတ်ဘူးဆိုတဲ့ အသိလေးပါ
ရှိစေချင်မိသလို
နိုင်ငံရေးလောက ကိုအုပ်မိုးထားတဲ့ တပ်မတော်လောင်းရိပ်ကြီး
ကို သိက္ခာရှိရှိ လွတ်ကင်းခွင့်ပေးဖို့ လဲ အရေးလဲလိုအပ်တယ်လို့ ပါ ထည့်သွင်း
ပြောကြားမယ်ဆို အင်မတန်သုံးသင့်တဲ့ စကားပေါ့
ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်တာဝန်ကို ကျေပွန်ကြမယ်ဆို ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နောက်အနှစ်၂၀ စင်္ကာပူကို ကျော်တက်ရမယ်ဆိုတာ နှစ်တွေ များနေပါတယ်
နိုင်ငံရေးလောကထဲက တပ်မတော် မရှိတော့ရင်
တစ်အချက်
တရားဥပဒေ စိုးမိုးတဲ့နိုင်ငံဖြစ်လာမယ်
နှစ်အချက်
နိုင်ငံစီးပွါးရေးတိုးတက်လာမယ်
သုံးအချက်
ဘာသာသနာ ထွန်းလင်းတောက်ပလာမယ်
လေးအချက်
အကျင့်ပျက်ဝန်ထမ်းတွေ ပျောက်ကွယ်လာမယ်
ဒီလောက်အချက်လေးပဲ ထောက်ပြချင်ပါတယ်
နိုင်ငံ ဆင်းရဲနေတာ တပ်မတော်ကြောင့် ဖြစ်သလို
တရားဥပဒေ မစိုးမိုးတာလဲတပ်မတော်ကြောင့်ပါ
ကျနော်ပြောတာ တပ်မတော်သားအကုန်မဟုတ်ပါဘူး
အာဏာရှင်လက်ကျန်တွေနဲ့  တပ်မတော်ကြီးကို ပြည်သူ နဲ့ ချစ်ခွင့်မပေးကြတဲ့ 
လူတစ်စု တွေကို ပြောတာပါ
ဒီတော့ နိုင်ငံရေးလောင်းရိပ်အောက်က တပ်မတော်လွတ်ရမယ်ဆိုတာ
နေရာမှားသောလောင်းရိပ်ပါလို့  ပြောပါရစေ
#credit
( ပိတောက်မြေ ခေတ္တလူပြည် )
ထိပ်တင်လတ်

Comments
Post a Comment