Skip to main content

ကုလ နှင့် အမေရိကန်

BrainWave ဉာဏ်လှိုင်း အင်္ဂါနေ့က ဂျီနီဗာ တွင် ဘင်္ဂလားဒေ့ရှ် နှင့် ဆော်ဒီအာရေးဗီယား တို့၏ တောင်းဆိုမှုဖြင့် အထူးခေါ်ယူကျင်းပခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာနိုင်ငံအနေဖြင့် "လူသားများ အပေါ် ကျုးလွန်သော ရာဇ၀တ်မှု" အလားအလာများ တွေ့ရသည်ဆိုကာ ပြင်းထန်သော စကားလုံးများဖြင့် ရှုတ်ချကြောင်း ဆုံးဖြတ်ချက် တရပ် ချမှတ်ခဲ့ပါတယ်။
ယင်းသည်ကား နှစ်နိုင်ငံအကြား ဒုက္ခသည် ပြဿနာ ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့သည်ကို ကုလ အနေဖြင့် အားပေးကြိုဆိုခြင်း မရှိပဲ ဟူစိန် အမည်ပါ ကော်မရှင် ဥက္ကဌ က မီးလောင်ရာ လေပင့် လုပ်ခဲ့ကြခြင်းသာ ဖြစ်သည်ကို အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။
မနေ့က တချိန်တည်းမှာ အမေရိကန် အောက်လွှတ်တော်က မြန်မာအစိုးရ၏ "လူမျိုးရေး သန့်စင်ဖယ်ရှားနေမှု" အား ပြစ်တင်ရှုတ်ချကြောင်းအဆိုကို ချမှတ်ခဲ့ကြပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အနေနှင့်လည်း နှစ်နိုင်ငံ သဘောတူညီချက်ကို ကောင်းမကောင်းရက် လက်မှတ်ထိုးပြီး မှင်တောင် မခြောက်သေးခင်မှာ မြန်မာနိုင်ငံ နဲ့ ပါတ်သက်ပြီး အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ ၎င်းတို့ အနေနဲ့က နှစ်ဖက် ဆွေးနွေးပွဲတွေမှာ ဒုက္ခသည် ပြန်ပို့ရေး အတွက် နိုင်ငံတခု၏ အချုပ်အခြာအာဏာ နဲ့ နယ်မြေတည်တံ့ပိုင်ခွင့် ဘောင်အတွင်းမှ တောင်းဆိုသည်များကို မလိုက်လျော၍လည်း မဖြစ်သဖြင့် လက်မှတ်ရေးထိုးလိုက်ရခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံကို ဒုက္ခသည် ပြန်ပို့ရန် မသင့်သေးဟူသော ထင်မြင်ချက်များ ကို ပါးစပ်က ပြောလာပြီး အခုလို ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။
ယခုလည်း ရိုဟင်ဂျာ ဆိုသူ တသိန်းခန့်အား နိုင်ငံတကာ အကူအညီ ဒေါ်လာ သန်း ၂၈၀ နဲ့ အချိန်မရွေး ပင်လယ်ဒီရေ တက်ပြီး ရေလွှမ်းမိုးခြင်း ခံရနိုင်တဲ့ သင်ဂါ ချား ဆိုတဲ့ ကျွန်းဆီကို ၂၀၁၈ နိုဝင်ဘာ မတိုင်မီ ပို့ဖို့ လုပ်နေပါတယ်။ လောလောဆယ် မိမိ ဆန္ဒအလျောက် ပြန်မယ့်သူ စာရင်း ပြုစုနေတယ်လို့ ဆိုပါတယ်။
ကုလ သမဂ္ဂ အနေနဲ့ ၎င်းတို့ လက်နက်တွေ အကုန်ထုတ်သုံးပြီး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံထက် များစွာ အခြေအနေဆိုးသော နိုင်ငံများ ရှိနေပါလျက် အခုလို အနိုင်ကျင့်တဲ့ လုပ်ရပ်က မြန်မာနိုင်ငံလို နိုင်ငံလေးတခုက ၎င်းတို့ကို ပေလျကံပြုကာ အာခံနေတာကို ဘယ်လိုမှ လက်သင့်ခံလို့မရ ဖြစ်နေပါတယ်။ နောက်တကြောင်းက လည်း ဒါကို ခွင့်ပြူလိုက်ရင် သူတို့အဖွဲ့ကြီးလည်း ဘယ်သူမှ လေးစားမှု မရှိတော့ပဲ ဂျနီဗာ မှ ပါတ်စာခွာ ဖျာသိမ်းပြီး သွားရဖို့ပဲ ရှိပါတယ်။
တရုတ်၊ ဖီလစ်ပိုင် နိုင်ငံနဲ့ အာဖရိကရှိ ဘူရွန်ဒီ တို့ကကန့်ကွက်ပြီး ကုလ ရဲ့ အဆိုပြုချက်သည် နှစ်နိုင်ငံအတွက် မည်သို့မျှ အကျိုးမရှိစေသည့်အပြင် ရပြီးသား သဘောတူညီချက်ကို ထိခိုက်အောင် လုပ်သလို ဖြစ်နေတယ်လို့ တရုတ်က ဆိုပါတယ်။
အဆိုပါ သဘောတူညီချက်ကို အိန္ဒိယ နဲ့ ဂျပန်အပါအ၀င် နိုင်ငံပေါင်း ရှစ်နိုင်ငံက ကြားနေခဲ့ပါတယ်။ သို့အတွက် သုံးနှစ်သက်တမ်း ရွေးကောက်တင်မြှောက်ထားသော အဖွဲ့ဝင် ၄၇ နိုင်ငံ အနက် ၃၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။ သို့သော်လည်း အဖွဲ့ဝင် အဖြစ် ပါဝင်နေတဲ့ ဆော်ဒီအာရေးဗီယား အပါအ၀င် ကိုးနိုင်ငံလောက်က လူ့အခွင့်အရေး အချိုးဖေါက်ဆုံး နိုင်ငံများ အဖြစ် မှတ်တမ်းဝင်နေပြီး ကျန် နိုင်ငံ ၂၀ လောက်ကပဲ အနည်းနဲ့ အများ ဆိုသလို ပြစ်ချက်တွေ ရှိနေကြပါတယ်။ အစိုးရ အတော်များများကလည်း ဒီမိုကရေစီ နည်း နဲ့ ရွေးကောက်တင်မြှောက်ခံထားရသူ တွေ မဟုတ်ကြပါဖူး၊ ၎င်းတို့ကပဲ မြန်မာနိုင်ငံကို ဆန့်ကျင်ရှုတ်ချကြောင်း ဆုံးဖြတ်ကြတာကိုက ပျက်လုံးသဖွယ် ဖြစ်နေရသော ကုလ ရဲ့ လုပ်ရပ်များ သာ ဖြစ်ပါတော့တယ်။
၎င်းတို့ရဲ့ တောင်းဆိုချက်များကို လိုက်လျောရမည်ဆိုက ပြန်လာသူများ အနေနဲ့ လယ်ကွင်းထဲမှာ စစ်ရေးလေ့ကျင်နေရင်တောင် မြန်မာ အစိုးရက နောက်နောက် အစွပ်စွဲခံရမှာစိုးလို့ ဒီတိုင်း လက်ပိုက်ကြည့်နေရမယ့် သဘော ဖြစ်နေပါတယ်။
ဂျနီဗာ ရှိ မြန်မာ သံအမတ်ကြီး ဖြစ်သူ ဦးထင်လင်းက ကုလရဲ့ ဆုံးဖြတ်ချက်သည် ကျင့်ဝတ်နဲ့ မညီတဲ့ အပြင် ကုလ ရဲ့ လုပ်နည်းလုပ်ဟန် မဆန်ကြောင်း နဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဖေါက်ဖျက်ရာ ကျနေတယ်ဆိုကာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မဲခွဲဆုံးဖြတ်မှုမှာ မပါဝင်ပဲ နေခဲ့ပါတယ်။
သို့သော်လည်း OIC နိုင်ငံများ၊ ၎င်းတို့ရဲ့ လက်ဝေခံ လူ့အခွင့်အရေး အဖွဲ့များ နဲ့ "ရိုဟင်ဂျာ" လောဘီ များ အတွက် အောင်ပွဲခံတဲ့ နေ့လည်း ဖြစ်သွားခဲ့ရပါတယ်။
သို့သော် ကုလသမဂ္ဂ နဲ့ အမေရိကန် ၏ ပြုမူဆောင်ရွက်များသည် ၎င်းတို့ လိုလားချက်များကို လူ့အခွင့်အရေး ပေတံ ကြီးနဲ့ တိုင်းတာပြီး ဒီမိုကရေစီ နည်း ဖြင့် ရွေးကောက်တင်မြှောက်ခံ ထားရသော အစိုးရ ကိုသာမဟုတ် ပြည်သူပြည်သားများ၏ လိုအင်ဆန္ဒများကိုပါ အတိုက်အခံ ပြုလုပ်လာတာ ဖြစ်တဲ့ အတွက် ၎င်းတို့၏ လုပ်ရပ်များကို မြန်မာ တမျိုးသားလုံးက ဘယ်တော့မှ မမေ့ပဲ ဆန့်ကျင်သွားကြမည်သာ ဖြစ်ပါတော့တယ်။
HSW

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...