UWSA “ ၀ ” အဖွဲ့က အရွယ်မရောက်သေးသည့် ကလေးငယ်များအား အဓမ္မလူသစ် စုဆောင်းလျက်ရှိသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် 15 November 2017
11:34(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
နေပြည်တော် ၊ နိုဝင်ဘာ - ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့နယ်(ခွဲ)အတွင်း UWSA “ ၀ ” အဖွဲ့မှ အရွယ်မရောက်သေးသည့် ကလေးငယ်များအား အဓမ္မလူသစ် စုဆောင်းမှုများကြောင့် မိုင်းယန်းမြို့နယ်၏အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ နမ့်ဆော်(အာခါ)ကျေးရွာနှင့် တုံဖကော်ကျေးရွာတို့မှ လားဟူတိုင်းရင်းသားများသည် နိုဝင်ဘာ ၁၁ ရက်တွင် နမ့်မော်ခမ်း ကျေးရွာနှင့် လေးအိမ်စုကျေးရွာများသို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိမ်းရှောင်ထွက်ပြေးလာသည့် လားဟူတိုင်းရင်းသားများ၏ ပြောပြချက်များအရ UWSA “ ၀ ” အဖွဲ့က ကျေးရွာ များမှ အိမ်ထောင်စုတစ်စုလျှင် အမျိုးသား ၃ ဦးရှိပါက ၂ ဦးကို ၎င်းတို့အဖွဲ့သို့ မဖြစ်မနေ၀င်ရောက်တာဝန်ထမ်း ဆောင်ရန်နှင့် အမျိုးသမီးများအား တရုတ်စာသင်ပေးမည်ဟု အကြောင်းပြ၍ လိမ်လည်ခေါ်ဆောင်ခြင်းများ ဆောင်ရွက် လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
တိမ်းရှောင်ထွက်ပြေးလာသည့် မိသားစုဝင်များအား နိုဝင်ဘာ ၁၃ ရက်တွင် နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Comments
Post a Comment