ဒီဆောင်းပါးခေါင်းစဉ်ကို မြင်လိုက်ကတည်းက
ပြည်သူလူထုအပေါ်မှာတုနှိုင်းစရာ လူတူမရှိလောက် အောင်မေတ္တာတရားကြီးမားလွန်းတာ
ဘယ်သူဖြစ်မလဲ ၊ ပြည်တွင်းမှာ မဟုတ် ပြည်ပအထိပါ အဆင့်အတန်း မြင့်တဲ့
နိုင်ငံရေးဗျူဟာတွေချမှတ်နိုင်တာ ဘယ်သူ ဖြစ်မလဲ ။ ဘယ်သူမှမဖြစ်နိုင်ဘူး
ကျွန်မတို့ရဲ့လူထုခေါင်း ဆောင် မြန်မာနိုင်ငံရဲ့ပြည်ထောင်
စုမိခင်ကြီးဒေါ်အောင်ဆန်းစုကြည်ပေါ့ ။ အာဆီယံခေါင်းဆောင်တွေအထဲက တစ်ဦးတည်း
သော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးဒေါ်အောင်ဆန်းစုကြည်ပေါ့ ။
ကမ္ဘာပေါ်မှာရှာမှရှား အင်အား ငါးသိန်းကျော်ရှိတဲ့ လက်နှက်ကိုင်စစ်တပ်ကြီးကို
ဘရိတ်ဓါးတစ်ချောင်းတောင် ကိုင်မထားပဲ နှစ်ပေါင်းနှစ်ဆယ်
ကျော်ရင်ဆိုင်အံတုခဲ့တဲ့တစ်ဦးတည်းသောအမျိုးသမီး သံမဏိနှင်းဆီ
ဒေါ်အောင်ဆန်းစုကြည်ပေါ့ ။
အမွှန်းတင်လိုက်တာဗျာလို့ ပြောရင်လည်းခံရမှာပါပဲ ဒါပေမယ့်ကျွန်မတို့ခေါင်းဆောင် မှာလည်းနှိမ့်ချပြောရ လောက်အပြစ်အနာအဆာကလည်း မရှိလောက်အောင်ရှားလေတော့ ကျွန်မတို့ပြည်သူတွေနှုတ်ဖျားကထွက် သမျှ သူမနဲ့ပတ်သက်သမျှအကောင်းတွေချည်းပဲဖြစ် နေတာတော့မတတ်နိုင်ဘူးပေါ့ မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့်အသွားအပြန် ရှိတယ် ဆိုတဲ့အတိုင်း လူထုအပေါ်ဒေါ်အောင်ဆန်းစုကြည်ထားတဲ့ မေတ္တာအင်အားကြီး မားလွန်း သလိုမြန်မာပြည်သူလူထုတစ်ရပ်လုံးရင်ထဲမှာလည်း အောင်ဆန်းစုကြည်ဆိုတာ ကိုယ့်ကိုမွေး ထုတ်ပေး ခဲ့တဲ့ မိခင်ပြီးရင် “ အမေ ” လို့ ရင်ထဲကခေါ်လို့ရလောက်အောင် ပြည်ထောင်စုမိခင် ကြီးအပေါ် မေတ္တာတုန့်ပြန်ခဲ့ ကြတယ် ။ တကယ်ကိုပဲ တစ်နိုင်ငံလုံးရဲ့မေတ္တာတွေ အချစ်တွေ စုပြုံရောက်ရှိခြင်းခံရတဲ့ အမေစု အဲဒီအမေစုကိုကျွန်မတို့ဒီလိုပွင့်ပွင့်လင်းလင်းချစ်ခွင့်ရအောင် နှစ်ပေါင်း၃၀နီးပါးစောင့်ခဲ့ရတာပါ ။ တိုက်တိုက် ဆိုင်ဆိုင် Firstweeklyဂျာနယ်ဖတ်ပရိသတ် ကြီးအတွက် ဒီအပတ် ဘာအကြောင်းဆောင်းပါးရေးရင်ကောင်းမလဲ ကျွန်မ စဉ်းစားလိုက် တဲ့အခါ ပထမဦးဆုံးကျွန်မအတွေးထဲရောက်လာတာတော့ ဒီလနိုဝင်ဘာလပါလား ဆိုတဲ့ အတွေးပါ ။ ဟုတ်တယ်လေ နိုဝင်ဘာလဟာကျွန်မတို့ပြည်သူတွေအတွက်မမေ့နိုင်တဲ့လ တစ်လပေါ့ ။ လွန်ခဲ့တဲ့ ၂ နှစ်က ဒီလို နိုဝင်ဘာလဆန်း ၈ ရက်နေ့မှာ အမေစုကိုကျွန်မတို့ ပြည်သူတွေ ဘယ်လောက်ချစ်ကြောင်း ဘယ်လောက် အားကိုးကြောင်း ဘယ်လောက်ယုံ ကြည်ကြောင်းသက်သေပြခွင့်ရခဲ့တယ် ။ ကျွန်မတို့ မဲပေးခဲ့ကြတယ် လေ ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာအမေစု ဦးဆောင်တဲ့ အစိုးရကို ကျွန်မတို့ဆန္ဒပေး ရွေးချယ်ခဲ့ကြ တယ် ။ အမေစု ပြောစကားနားထောင်ပြီး လူကိုမကြည့်ပဲ ပါတီကိုကြည့်ပြီးမဲပေးခဲ့ကြတာ ။ တစ်နည်းအားဖြင့် အာဏာရှင်အုပ်စုကို ပြည်သူတွေ ဘယ်လောက်ထိရွံရှာမုန်းတီးကြောင်း သက်သေပြခဲ့ကြတာ ။
ဒါကြောင့် ဒီရွေးချယ်မှုဟာ နိုဝင်ဘာလရောက်တိုင်း ပြန်လည်သတိရကြရမယ့်ရွးကောက် ပွဲဆိုပါတော့ ။ ကျွန်မတို့နိုင်ငံရဲ့ ပြောင်းလဲခြင်းအစ ။ ပြောင်းလဲချိန်တန်တာတောင် မပြောင်း ပေးပဲ ပေကပ်နေသူတွေ အတွက် နေရာမရှိဘူးဆိုတာ ကျွန်မတို့ပြည်သူလူထုအားနဲ့ ပြခဲ့တဲ့ ဒီလ နိုဝင်ဘာလ ။ အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်မတို့ကြုံခဲ့ ကြားခဲ့ရင်ဆိုင်ဖြေရှင်း ခဲ့ကြရတာတွေကို ပြန်တွေးကြည့်လိုက်တဲ့အခါ ရုပ်ရှင်ပြကွက်တွေလို တစ် ကွက်ချင်းပေါ်လာ တော့တယ် ။ ပြန်ပြောပြချင်ပါတယ် ကျွန်မ မမေ့သလို စာဖတ်သူများကိုလည်း မမေ့စေချင်တဲ့ စေတနာပါ ။ တိုင်းပြည်အာဏာကိုတစ်သက်လုံးလက်မလွှတ်ချင်သူတွေရဲ့အောက်တန်းစား နိုင်ငံရေးလှည့်ကွက် တွေကြားမှာ ကျွန်မတို့ခေါင်းဆောင်ရဲ့နိုင်ငံရေးဗျူဟာက အဆင့်မြင့်လွန်း နေတာ ထင်ရှားလွန်းလို့ပါ ။
အမှောင်အတိဖုံးခဲ့တဲ့ စစ်အာဏာရှင်ခေတ်ကိုတော့ အစပြန်မကောက်တော့ပါဘူး ။ ဆောင်းပါးသိပ်ရှည် သွားမှာစိုးတာလည်းတစ်ကြောင်း ပြီးတော့ရင်နာစရာ ဒေါသဖြစ်စရာတွေ တစ်ဖန်ပြန်သတိရလာပြီး အကုသိုလ် တွေသာပိုပွားလာစရာရှိတာမို့ ကျွန်မတို့လူထု ဘာမှ လုပ်ခွင့်မသာခဲ့တဲ့မြန်မာ့နိုင်ငံရေးကိုအသာထားလို့ အမေစု နဲ့ကျွန်မတို့ ပြည်သူလူထု ဟာမိုနီ ကျကျလှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးကနေပဲ အစပြန်ကောက်ကြည့်ကြရအောင် ။ ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်မှာထားခဲ့ကြစဉ်ကာလ မြန်မာပြည်ကြီးမှာ သူတို့မှ မရှိရင်ပဲမဖြစ် တော့သလိုလို မြန်မာပြည်သူလူထုက သူတို့ကိုပဲ တစ်ခဲနက်ထောက်ခံနေသလိုလို လေလုံး ထွားခဲ့ကြတဲ့ စစ်ဗိုလ် ချုပ်တွေဟာ မြန်မာ့နိုင်ငံရေးစင်မြင်ထက်မှာဒေါ်အောင်ဆန်းစုကြည် လည်းရောက်လာရောအလိုလို ဘေးရောက် ကုန်ပါတော့တယ် ။ ပြည်သူလူထုရဲ့အာရုံထဲမှာ သူတို့ရဲ့အနာဂါတ်သူတို့ရဲ့ဘ၀တွေကို အကောင်းဘက်ရောက် အောင်ကြိမ်းသေပြောင်းပေး နိုင်သူဟာ ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားမရှိဆိုတာကို မြန်မာလူထုတစ်ရပ် လုံးက အလိုလိုသိတယ်လေ ။ ပြောပြီးပါကကော မေတ္တာဆိုတာ အသွားအပြန်ရှိပါတယ်လို့ ။
ဒေါ်အောင်ဆန်းစုကြည်ရောက်လေရာ အရပ်ဒေသတိုင်းမှာ “အမေစုကျမ်းမာပါစေ” ဆိုတဲ့ ဆုတောင်းမေတ္တာပို့သသံဟာ ပြည်သူလူထုရင်ထဲကထွက်ကျလာတဲ့ တုန့်ပြန်မေတ္တာစစ်စစ်ပါ ။ ဘယ်သူကမှ လိုက်ဆိုခိုင်းတာမ ဟုတ်သလို ဒီလိုဆုတောင်းပေး အော်ပေး လို့လည်းဘယ်သူ ကမှ အကြပ်ကိုင် ခိုင်းစေခဲ့တာမဟုတ်ခဲ့ဘူး ။ မေတ္တာပေး လို့မေတ္တာပြန်ရတဲ့သဘောဆိုတာ အထင်းသားပေါ့ ။ ပြည်သူကို သေနတ်မိုးပြီးအုပ်ချုပ်သွားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနှစ်ပေါင်းသုံး ဆယ်နီပါး မြန်မာပြည်အနှံ့တစ်ယောက်ထဲရော မိသားစုတစ်ပြုံတစ်မကြီးကိုပါခေါ်ပြီး တိုင်းခန်း လှည့်လည်ခဲ့ကြဖူးတာပဲလေ ။ ၁၉၆၂ အာဏာသိမ်းခေါင်းဆောင်ဦးနေ၀င်း အုပ်စိုးခဲ့တဲ့ တစ်ပါ တီ အာဏာရှင်စနစ် ၂၆ နှစ်တာ ကာလမှာ “အဖေနေ၀င်းကျမ်းမာပါစေ”လို့ဘယ်ပြည်သူ ဆုတောင်းဖူးလဲ ။
စစ်ခေါင်းဆောင်ဦးသန်းရွှေလက်ထက်အနှစ် ၂၀ တိုင်းပြည်မှာအမှောင်မိုက်ဆုံးကာလ “ အဖေသန်းရွှေကျမ်း မာပါစေ ” ဆိုတဲ့ မေတ္တာနဲ့ဆုတောင်းမျိုး ပြည်သူစစ်စစ်ထဲက ကြားဖူးခဲ့ကြသလား ။ စစ်ယူနီဖောင်းချွတ် ချိတ်လုံ ချည်ပြောင်းဝတ်တဲ့ ဦးသိန်းစိန်လက်ထက် ၅ နှစ်လုံးလုံး “ အဖေသိန်းစိန်ကျမ်းမာပါစေ” ဆိုတဲ့ဆုတောင်းသံ ဘယ်လူထုတွေ့ဆုံပွဲမှာ ကြားဖူးသလဲ ။ ဘယ်မှာမှ တစ်ခါမှမကြားဖူးခဲ့ဘူး ။ ကိုယ့်အတ္တအတွက် ကိုယ့်မိသားစု ကိုယ့်အသိုင်းအ၀ိုင်းရဲ့အကျိုးစီးပွားတွေအတွက် တိုင်းပြည်ကို ချနင်းသွားကြသူတွေကို ပြည်သူမချစ်တာ ဘာ ဆန်းလဲ ။ အဲဒီလိုလူတွေကြားထဲမှာ ကိုယ့်နိုင်ငံနဲ့ကိုယ့်ပြည်သူအတွက် သူ့မိသားစု ဘ၀အပျက်ခံခဲ့သူ ။ တိုင်း ပြည်ကောင်းစားရေးအတွက် သူ့ရှိသမျှ သူပိုင်ဆိုင်သမျှ သိုးမွှေးအနွေးထည်ကစပြီး အိမ်ခြံစည်းရိုးရဲ့ခြံတံခါးကို တောင်လေလံတင်ရောင်းပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လိုမိခင်နဲ့တူတဲ့ ခေါင်းဆောင်ကို ရောက်လေရာအ ရပ်မှာ ပြည်သူလူထုက သဲသဲ လှုပ်ချစ်နေကြတာလည်း ဘာဆန်းလဲ ။ မနာလိုတော့မဖြစ်ကြနဲ့ပေါ့ မေတ္တာလို ချင်ရင် မေတ္တာနဲ့ရင်းရတယ်လေ ။
တိုင်းပြည်ကြီးကိုဂုဏ်ရှိစေချင်တဲ့သူ ပြည်သူတွေကို ကောင်းစားစေချင်တဲ့သူ အဲဒီလို မေတ္တာကြီးမားသူရဲ့ စိတ်ကူး အကြံဥာဏ်တွေကို နတ်ကောင်းနတ်မြတ်တွေက ကူညီနေ လေသလားတောင်မပြောတတ်ဘူး အခု တလောမှာ အမေစုရဲ့နိုင်ငံရေးဗျူဟာတွေဟာ အဆင့်မြင့်သလောက် အောင်မြင်မှုတွေလည်းကြီးလာတယ် ။ ကံဇာတာနိမ့်ပါးစဉ်အာဏာ ရှင်တွေပြုသမျှနုခဲ့ရတဲ့ဘ၀ ဘာပြစ်မှုမှမလွန်ကျူးပါပဲနဲ့ နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ ရသမျှ ။ အကောင်းကံတွေကြောင့် ကံဇာတာပြန်တက်လာတဲ့အခုလိုအချိန်မှာ ပြောသမျှအရာထင်လာ ခဲ့ပြီ ။
၅၉(စ)ကိုအသေဆုပ်ကိုင်ထားရင် ပွဲပြီးပြီလို့ ဥာဏ်နည်းသူတွေထင်ထားတဲ့အကွက်ကို “ ကျွန်မသမ္မတ မဖြစ်တော့လို့ ပြည်သူတွေစိတ်ဓါတ်မကျပါနဲ့ NLD ကိုအစိုးရဖွဲ့နိုင်အောင်မဲပေး ပါ အဲဒီအစိုးရအဖွဲ့ကို ကျွန်မဦး ဆောင်ပါ့မယ် ”ဆိုတဲ့ ပြည်သူကို အားကိုးတဲ့ စကားလေး တစ် ခွန်းတည်းနဲ့ဖျက်ပြလိုက်တယ် ။ ပြည်သူလိုချင်တာကလည်း ဒါပဲ ။ နိုင်ငံအပေါ်တကယ် မေတ္တာ ကြီးတဲ့ ပြည်ထောင်စုမိခင်ကြီးအုပ်ချုပ်တာကိုခံချင်တာလေ ။ အဲဒီတော့ ပွဲပြီးပြီပေါ့ ။ NLD သောင်ပြို ကမ်းပြို အနိုင်ရသွားတယ် ။ ၅၉(စ)မြောင်းထဲရောက်သွားပြီလေ ။ သွားလေသူကြီး (စာဖတ်နေသူကြီး) သူ့လူတွေများ အစိုးရအဖွဲ့ထဲပါခဲ့ရင် သူနောက်ကြောင်းပြန်လာဖို့ ဟ ထား ခဲ့တဲ့ “ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” ဆိုတဲ့ရာထူး လူထုခေါင်းဆောင်ရသွားတယ် ။ ဒါပေမယ့် စိတ်မ ကောင်းစရာကတော့ ဒီလိုဥပဒေမျိုးထုတ်ပြနိုင်အောင်အရည်အသွေးမြင့်မားတဲ့ ဥပဒေ ပညာရှင်ကြီးဦးကိုနီ ကို နောက်ဒီလိုအကြံကောင်းတွေမပေးနိုင်အောင်အမေစုနားကနေ ရှင်း ထုတ်ပစ်လိုက်တယ် ။ တရားခံကြည်လင်း နောက်က တရားခံအစစ်တွေကို ပြည်သူကရိပ်မိ တယ်ဆိုရင်မအံ့သြပါနဲ့ပြည်သူတွေ ငတုံးမဟုတ်ဘူး ။
အောက်တန်းစားနိုင်ငံရေးသမားတွေကြားထဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့အရည် အသွေးတွေပိုတောက် ပြောင်ထင်ရှားလာပါတယ် ။ အကုသိုလ်ကြီးလွန်းစွာဘာသာရေးကို ခုတုံးလုပ်ပြီး တိုင်းပြည်ဖျက်ချင်သူတွေရဲ့ ပက်စက်တဲ့အကြံတွေကိုပြည်သူတွေက ရိပ်မိလာ တဲ့အတွက် အရပ်သားအစိုးရကိုအကြပ်အတည်းမတွေ့တွေ့ အောင်ဖန်တီးထားတဲ့ ထောင် ခြောက်တွေကို ပြည်သူ့အားနဲ့ရှောင်ကွင်းလာနိုင်ခဲ့တယ် ။ အခု နောက်ဆုံးအာဏာရူးတွေ ရဲ့အကြံကုန် ဂဠုန်ဆားချက်တဲ့အကွက်ကတော့ ရခိုင်တိုင်းရင်းသားတွေကိုထိုးကျွေးခြင်းပါပဲ ။ အင်မတန်အောက်တန်းကျလွန်းတယ်လို့ ပြောချင်ပါတယ် ။ မောင်တောနယ်စပ်က မြန်မာ နိုင်ငံသားဟိန္ဒူလူမျိုးတွေ မြို ခမီ သက် ဒိုင်းနက် လူမျိုးတွေ သူတို့ခမြာ ခိုးဝင်ဘင်္ဂါလီနဲ့အာဏာ ရူး တွေကြားမှာ ဓါးစာခံဖြစ်ကြရရှာတယ် ။
ဒီအကွက်တွေ ဒီခြေလှမ်းတွေကိုမြင်ထားတဲ့ အဆင့်မြင့်နိုင်ငံရေးသမားဒေါ်အောင်ဆန်း စုကြည် က အာနန်ကော်မရှင်ကိုကြိုဖွဲ့ထားတာပေါ့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်းတစ်ဦးကို ကမ္ဘာကြီးနဲ့ရင်ဆိုင်ရမယ့် ပြဿနာမှာ ဒိုင်လူကြီးခန့်လိုက်တာလေ ဘယ် လောက်လှလိုက်တဲ့အကွက်လဲ ။ နိုင်ငံရေးဆိုတာ ဒီလိုအမျှော်အ မြင်ကြီးရတယ် ကမ္ဘာ့ နိုင်ငံရေးချိန်ခွင်လျှာကို ဒီလိုညှိရတယ်လို့သင်ပေးနေတဲ့အတိုင်းပဲ။နောက်ကြောကထိုးမယ့် ဓါးတွေကိုလည်းကြိုမြင်မိပုံရပါတယ် ။ မြန်မာ့ရာဇ၀င်မှာလည်းရှိဖူးတယ်လေ ရွှေဖော့ရိုးနဲ့ ဆုံးမလိုက်ပါဆိုတာကို တင်းပုတ်နဲ့ထုသတ်လိုက်သလိုပေါ့ ။ နယ်မြေရှင်းလင်းပါဆိုတဲ့ စကားအပေါ် အင်အားအလွန်အကျွံသုံးပြီး ၀ုန်း လိုက်ကြတော့ ကမ္ဘာကဒေါ်အောင်ဆန်း စုကြည် ကိုလက်ညှိုးတွေဝိုင်းထိုးကြပါလေရော။၂၀၀၈ ခြေ/ဥအကြောင်း အစကမသိကြ ဘူးလေ ။ အဲဒီလိုဒေါသတွေနဲ့ဆူပွက်နေတဲ့ကမ္ဘာကြီးဟာ ကိုဖီအာနန်ရဲ့ရှင်းလင်းချက် အောက်မှာ အားတုံ့အားနာတွေဖြစ်စေလိုက်ပါတယ် ။ မြန်မာပြည်မှာ အစိုးရအဖွဲ့၂ ဖွဲ့ဖြစ်နေ တယ်ဆိုတာ သူပြောမှကမ္ဘာကြီး ကသိလိုက်ရတာကိုး ။ ဒါဆိုရခိုင်ပြည်နယ်မှာပြစ်မှု ကျူးလွန် ကြတာ ဒေါ်အောင်ဆန်းစုကြည် သြဇာမတည်တဲ့အဖွဲ့ အထဲကဆိုတာ ရှင်းလင်းပြတ်သား သွားတာပေါ့ ဒါကြောင့် အပြစ်ပေးရမယ့် တရားခံတွေကို ထင်ထင်ရှားရှားမြင် သွားကြပြီ ။ လူထုခေါင်းဆောင်ရဲ့စေတနာတွေ တူသောအကျိုးပေးလာပါပြီ ။ ဘာပဲပြောပြောရခိုင်မှာ ဘင်္ဂလီ ငါးသိန်းလောက်လျော့သွားတာအမြတ် အာဏာရှင်တွေရဲ့ဥာဏ်နီ ဥာဏ်နက် နာဂစ် ခြေဥရဲ့ယုတ်မာပုံကို ကမ္ဘာ ကြီးကမြင်တွေ့သွားတာအမြတ် ။ မေတ္တာရှင်ကြီး ကျွန်မတို့ အမေစု ရဲ့နိုင်ငံရေးဗျူဟာကိုယှဉ်ဖို့ မစဉ်းစားပါနဲ့သင် ဖို့ပဲ စဉ်းစားပါလို့ အကြံကောင်းပေးလိုက်ချင် ပါတယ် ။ ။
ဂျေလှသင်
Firstweekly ဂျာနယ်
Vol 7 , No 308
.
Credit ... J Hla Thin
.ပြန်လည်မျှဝေသည်
ဘုန်း ကျော် ညွှန့်

Comments
Post a Comment