ရခိုင်အမျိုးသားပါတီ ( ANP ) ဥက္ကဌ ဒေါက်တာအေးမောင်သည် ပါတီမှ နှုတ်ထွက်ခွင့်ပြု ရန် ပါတီဌာနချုပ်ကို နှုတ်ထွက်စာတင်လိုက်ကြောင်း ANP ပါတီအတွင်းရေးမှူး ဦးသာထွန်းလှဆီက သိရသည်။
ဒေါက်တာအေးမောင်တင်ပြလာသည့်ပါတီမှ နှုတ်ထွက်ခွင့် ကိစ္စကို ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပ ပြီးမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးသာထွန်းလှက ဆိုသည်။
ရခိုင်အမျိုးသားပါတီ(ANP)အတွင်း၌ ခေါင်းဆောင်များ အချင်းချင်းကြား
ညီညွှတ်မှုမရှိသည့်အပြင် အစည်းအဝေး အတွင်း၌သော်လည်းကောင်း၊
ပြင်ပ၌သော်လည်းကောင်း ခေါင်းဆောင်များ၏ တပည့်များမှ နည်းမျိုးစုံဖြင့်
တိုက်ခိုက်ခြင်း၊ လူမှုမီဒီယာများ၌ အုပ်စုဖွဲ့စော်ကားခြင်း၊ အထူးသဖြင့်
ဥက္ကဌတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများကို တွေ့နေရသည့်ဟု
နှုတ်ထွက်စာတွင် ပါရှိသည်။
Com
Comments
Post a Comment