ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ (၁)
မိုးမခ၊ မတ် ၂၁၊ ၂၀၁၇
နိဒါန်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့UWSA တို့ကြောင့် တကယ်ဘဲ အမျိုးသားလုံခြုံရေးကို စိန်ခေါ်မှူမှသည် ခြိမ်းခြောက်ခံနေရပြီလား၊ ဒီလိုဆိုရင် ဘယ်လိုစီမံချက်တွေထားရင် ကောင်းမလဲ၊ဆိုတာ မဟာဗျုဟာမြောက် တွေးခေါ်စဉ်စားထားချက်များကို ဖေါ်ပြလိုပါတယ်။ မည့်သူ့ကိုမှ နစ်နာလိုသည့် ရည်ရွယ်ချက်မရှိဘဲ လူထုလိုလားတဲ့ ငြိမ်းချမ်းရေးငတ်မွတ်မှု ပြေပျောက်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ရေးသားထားတာဖြစ်ပြီး အုတ်တချပ်သဲတပွင့် သုံးလို့ ငြိမ်းချမ်းရေးလမ်းနီးစပ်သွားရင်ပင် ဝမ်းသာပီတိဖြစ်မှာ ဧကန်မလွဲ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့သတင်း
၁။ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာရှိ တပ်မတော် တပ်မ ၃၃ တပ်စခန်းအား မတ်လ ၄ ရက် ၊ နံနက် ၀၃း၃၀ နာရီအချိန်တွင်TNLA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၊ စခန်းမှ လက်နက်ငယ် ၈ လက် ကျည်မျိုးစုံနှင့် တပ်မ ၃၃ ၊ ခမရ ၁၁၁ အမှတ်တံဆိပ်ပါ စစ်အသုံး အဆောင် ချပ်ဝတ်တန်ဆာများ သိမ်းဆည်းရမိကြောင်း သိရပါတယ်။မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ (ပထမအကြိမ်) လောက်ကိုင်၊ မူဆယ်၊ မုန်းကိုး ထိုးစစ် မအောင်မြင်တော့တဲ့နောက် (ဒုတိယအကြိမ်)လောက်ကိုင်မြို့ကို ပစ်မှတ်ထားကာ မတ်လ ၆ ရက်နေ့မှာ စစ်ဆင်ရေးပြုလုပ်လာပါတယ်။
ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားက နမ်းဖတ်လွန်းရွာနဲ့ ရှုခင်းသာနေရာတွေ၊ကွတ်ခိုင်မြို့ထဲက မြန်မာတပ်မတော် (၂၄၂) တပ်ရင်းကို မြောက်ပိုင်းမဟာမိတ်တပ်တွေ ၀င်တိုက်တာကြောင့် အရပ်သားအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရလို့ မူဆယ်ဆေးရုံပို့လိုက်ရပါတယ်။ ဒါ့အပြင် TNLA တအာင်းပလောင်တပ်ဖွဲ့ ကနေ မတ်လ (၁၂) ရက်နေ့မှာ ရှမ်းပြည်၊ နမ္မတူမြို့နယ်က မိုင်းတက်ရွာ၊ နောင်စန့်ရွာ၊ မောတောဝ်ရွာ၊ မောနွဲ့ရွာက ရွာသားတယောက်ကို ရွာထဲမှာပင် ပစ်သတ်ပြီး ရှမ်းရွာသား (၉၀) ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ (၂) ဦးကို ထိန်းထားပြီး ကျန်တာ ပြန်လည် လွတ်မြောက်လာပြီးလို့ မိုင်းတက်ရွာအုပ်ချုပ် ရေးမှူး ဦးကောလိယက ပြောပါတယ်။ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွား လမ်းမကြီးပေါ်မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ပြီး ကားဘီးတွေလည်း သေနတ်နဲ့ ပစ်ဖောက်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံရသူ ကားသမားတွေက ပြောပါတယ်။
တပ်မတော်သတင်း
၂။ ပွိုင့်-၂၁၄၅ ဒေသ ခန့်မှန်းမြေပုံညွှန်း (MG – ၇၁၇၅၅၇) တ၀ိုက် မြေအသာစီးရရှိမှုနှင့် နှစ်နိုင်ငံနယ်စပ် အလွန်နီးကပ်မှုအပေါ် အမြတ်ထုတ်လျက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းမှာ ကွန်ကရစ်ဘန်ကာများ၊ သစ်တုံးဘန်ကာများအပြင် ဆက်သွယ်ရေးမြောင်းများဖြင့် အခိုင်အမာစခန်း တည်ဆောက်တပ်စွဲလျက် ဆောင်ရွက်လာကြောင်း မြေပြင်/ဝေဟင်သတင်း ဖော်ထုတ်ရရှိခဲ့တယ်လို့တပ်မတော်က ဆိုပါတယ်။ အဆိုပါ ပွိုင့်-၂၁၄၅ တောင်ကြောတစ်လျှောက် အခိုင်အမာတပ်စွဲ အခြေပြုလျက်ရှိတဲ့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား တပ်မတော်စစ်ကြောင်းများမှ ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီ ၁၉ ရက်မှစတင်ကာ အဆင့်ဆင့်ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်လျက် ဖေါ်ပြထားပါတယ်။
၂၀၁၇ ခုနှစ်၊ မတ် ၆ရက်မှစတင်ပြီး လောက်ကိုင်မြို့နှင့် နှစ်နိုင်ငံနယ်စပ်ကြားတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူများ ၀င်ရောက်နေရာယူထားသော ပွိုင့်-၁၂၆၉၊ ပွိုင့်-၁၀၈၈၊ ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အနီးတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေအေးချမ်းတည်ငြိမ်ရေး ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ မတ် ၆ ရက်နေ့မှ ၁၄ ရက်နေ့အထိ တိုက်ပွဲ ကြီး/ငယ် ၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၇ လောင်းနှင့် လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
ပွိုင့်-၂၁၄၅ အနီး ရင်ဆိုင်ထိန်းချုပ်ထားသော တပ်မတော်စစ်ကြောင်းများက ရရှိသည့်အခွင့်အရေးကို လက်လွတ်မခံဘဲ အမြောက်၊ သံချပ်ကာနှင့် ခြေလျင်လက်နက်ကြီး ပစ်ကူများရယူ၍ အနီးကပ် တိုက်ပွဲဆင်နွှဲခဲ့ရာ ပွိုင့် ၂၁၄၅ တောင်ကုန်းအား မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၅) နေရာအား မွန်းလွဲ ၂ နာရီခွဲခန့်တွင်လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၃)နေရာအား ညနေ ၄ နာရီခန့်တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။
၃။ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လောက်ကိုင်နယ်မြေအတွင်း MNDAA အကြမ်းဖက်သောင်းကျန်းသူများက နှစ်နိုင်ငံနယ်စပ်နီးကပ်မှုကို အခွင့်ကောင်းယူ၍ ရန်လုံကျိုင်းနယ်စပ် စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် လောက်ကိုင်-ရန်လုံကျိုင်းလမ်းကြောင်းကိုစိုးမိုးနေပြီး ယာယီခံစစ်စခန်းပြင်ဆင်ခြေကုပ်ယူထားသော ပွိုင့် ၁၀၈၈ တောင်ကုန်း ကို တပ်မတော်စစ်ကြောင်းများက မတ် ၈ ရက်မှ စတင်တိုက်ခိုက် ရင်ဆိုင်ထိန်းချုပ်ကာ ယနေ့ နံနက် ၆ နာရီခန့်မှ စတင်၍ အမြောက်၊ လက်နက်ကြီးပစ်ကူယူတိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင် သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။
တပ်မတော်အနေဖြင့် ပွိုင့်-၁၀၈၈တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တစ်ဖက်နိုင်ငံနှင့် မီတာ ၈၀၀ ခန့်အကွာ နှစ်နိုင်ငံနယ်စပ်နီးကပ်နေသဖြင့် အမြောက်၊ လက်နက်ကြီးများရဲ့ ပစ်ခတ်မှုများကို တစ်ဖက်နိုင်ငံသို့ ကျည်ကျော် ကျရောက်မှုမရှိဘဲ တိကျစွာတွက်ချက်ထိန်းချုပ်ပြီး စနစ်တကျ ပစ်ခတ်ထိန်းသိမ်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး မိမိထံမှအရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကကြေညာသွားပါတယ်။
၎။ အဆိုပါနယ်မြေရှိ လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်းသို့ ဆက်သွယ်ထားသော လမ်းကြောင်းအား စိုးမိုးနေသည့် ပွိုင့် -၁၂၆၉တောင်ကုန်း အခြေပြုကာ ပိတ်ဆို့ထားသော MNDAA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူပစ်အားရယူပြီး တိုက်ခိုက်ခဲ့ရာ မတ် ၁၅ ရက် နံနက် ၁ နာရီချိန်တွင် တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း ၃ လောင်းနှင့် အာရ်ပီဂျီ ၂ လက် အပါအ၀င် လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်တချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆက်လက် ကြေညာသွားပါတယ်။ ယခုအခါလောက်ကိုင် မြို့တွင်းနှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်ကားလမ်း တစ်လျောက် စိုးမိုးတောင်ကုန်းများတွင် နေရာယူထားသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက ဖယ်ရှားနိုင်ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ဘီပီ ၁၂၅ နှင့် ဘီပီ ၁၂၆ အနီးတစ်ဝိုက်တောင်ကုန်းများတွင် ယာယီခြေကုပ်ယူ အခြေပြုထားတဲ့ MNDAA အကြမ်းဖက် သောင်းကျန်းသူများကိုလည်း တပ်မတော်စစ်ကြောင်းများက ဆက်လက်ရှင်းလင်းတိုက်ခိုက်ဆဲဖြစ်ကြောင်း သတင်းရရှိ ပါတယ်။
၅။ အလားတူ KIA ရင်း ၉ စခန်းနဲ့ AA စခန်းတခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ လူမှုမီဒီယာတခုမှာ ဖေါ်ပြလာတာ တွေ့ရပါတယ်။ တပ်မတော်က ကျဆုံးဒဏ်ရာရစာရင်းကို စိတ်ဓါတ်ရေးရာထိခိုက်ပြီး တဖက်မှ အသုံးချမည် စိုးရိမ်သဖြင့် မထုတ်ပြန်ပေးတာ နားလည်ပေးသော်လည်း ပြည်သူလူထုရဲ့သနားကရုဏာရရှိစေဖို့ ရည်ရွယ်ပြီး ယနေ့(မတ်၁၈ရက်) ထိ တပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိအခြားအဆင့်စစ်သည် ခန့်မှန်း ၂၀၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရ အရေအတွက်ကိုတော့ မထုတ်ပြန်ပေးတာ နားလည်ပေးစေလိုပါတယ်။
ဆောင်းပါးရည်မှန်းချက်
၆။ အထက်ပါဖြစ်စဉ်တွေအပေါ် ဇာတ်သဘင်တခုအနေနဲ့ ပုံဖေါ်ကြည့်လိုက်ရရင် ကန့်လန့်ကာနောက်ကွယ် နောက်မှာ ဇက်ကြိုးဆွဲသူ လက်မဲကြီးက တရုတ်လား၊ ဇာတ်ညွှန်းရေးဒါရိုက်တာက KIA လား၊ လူကြမ်းမင်းသားက MNDAA လား၊ ဗီလိန်မင်းသားတွေက TNLA နဲ့AA တို့လား၊ ဘီးလူးဆိုင်းတီးသူ ရွာစားကြီးဆိုင်းဆရာက စိန်လဝ UWSA လား ဆိုတာတွေကို မဟာဗျူဟာမြောက် ခွဲခြား စိတ်ဖျာ သုံးသပ်တင်ပြသွားပါမယ်။ အပျိုတော်ဝင်ခါစ တနှစ်သား မဒီမိုကရေစီမင်းသမီး နုနုထွဋ်ထွဋ်လေးနဲ့ ကိုယ်ရံတော်တပ်မှူးလေး ကိုအာမီတို့ကို ထမီမနိုင်၊ ပုဝါမနိုင်၊ ပုဆိုးမနိုင် ဖြစ်နေအောင် သူတို့က ဘယ်လို ပညာတွေပြကြတယ်ဆိုတာ မီးမောင်းထိုးပြလိုပါတယ်။
ဘယ်ခြေလှမ်းလှမ်းဖို့ နမိတ်တွေကဘာလဲ
၇။ ပန်ဆန်းကြေညာချက်ကို ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ထုတ်ပြန်ခဲ့လို့ အဲဒီကြေညာချက်ဟာ တရုတ်က UWSA ကို ခရိုင်းမီးယားစတိုင်ချိုးခိုင်းပြီး တိုက်ပွဲခေါ်သံ ပါနေတယ်၊ ပြည်သူတွေကို မသနားကြတော့ဖူးလားဆိုပြီး စာရေးသူရဲ့ ၂၁ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း ဆောင်းပါးကို ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှာပင် ရေးသားဖေါ်ပြကာ ချက်ခြင်းသတိပေးထားလျှက်နဲ့ နောက်၁၀ရက်အတွင်းမှာ TNLA စတင်တိုက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တိုက်စစ် အဟုန်အရှိန်မြင့်လာတာကိုက လယ်ပြင်မှာဆင်းသွားသလို သိပ်ထင်ရှားသွားပြီဖြစ်ပါတယ်။
စာရေးသူရဲ့ဆောင်းပါးထဲမှ အရေးပါတဲ့ အချက်အလက်အချို့ကို ကောက်နှူတ်တင်ပြပေးလိုက်ပါတယ်-
လူကြမ်းမင်းသား MNDAA
၉။ သူတို့က MNDAA စစ်စခန်းတွေကို သူတို့အဆို လူမသိသူမသိ တပ်မတော်က တိုက်ခိုက်နေလို့ ဂွင်ပိတ်လာတာကြောင့် ပြန်လည်တိုက်ခိုက်ရတာလို့ ဆိုပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စွပ်စွဲသလို
တပ်မတော်က ဖိအာပေး စစ်ဆင်ရေးလုပ်တယ်လို့ဆိုပေမဲ့ စစ်ဖက်နီးစပ်သူ မိုးကျော်ခေါ် သူရစစ်သွေးကတော့ သူရဲ့လူမှုမီဒီယာမှာ အမြင်တမျိုးနဲ့တင်ပြလာတာတွေ့ရပါတယ်။ သူက မြောက်ပိုင်းအဖွဲ့တွေဟာ ဒုတိယအကြိမ်လောက်ကိုင်ကို တိုက်လိုတဲ့ ရည်ရွယ်ချက် အကြံအစည်ရှိလို့ ပွိုင့် ၂၁၄၅ ကို စစ်စခန်းဆောက်ကာ တပ်မတော်မှ တပ်တွေကို မြူဆွယ်ဆွဲထုတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ ရဲ့ဖေ့ဘုတ်မှာ မတ်လရရက်နေ့က တင်လာတာကို အောက်ပါအတိုင်း ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။
၁၀။ “လောက်ကိုင်စစ်ပွဲ ပထမအကြိမ်ကို ၂၀၁၅ခု၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ မော်ထိုက်ကို ယောင်ပြစစ်နှင့် စဖွင့်ခဲ့ပြီး ခြေလျှင်တပ်များကို စစ်မြှူထုတ်ကာ ပြည်ထောင်စုနေ့အမှီ လောက်ကိုင်သိမ်းဖို့ စီမံချက်ဆွဲခဲ့တာကို သူရေးသားခဲ့တဲ့ အရှေ့အလယ်ပိုင်းမှ မြန်မာဆီသို့ စာအုပ်မှာ ပြည့်စုံစွာ ဖော်ပြခဲ့ကြောင်း၊ ထိုစစ်ပွဲတွင် တရုတ်ကြေးစားတပ်သားများကို တလ လစာ ဗမာငွေဆယ်သိန်း ၀န်းကျင်ပေးပြီး ကူတိုက်ခိုင်းခဲ့ကြောင်း၊ ဖုံကြားရှင်ဟာ တကယ်တော့ ဒီလိုလုပ်ဖို့ တရုတ်အစိုးရ က ပြန်ဖွင့်ပေးခဲ့တဲ့ သူ့ဘဏ်အကောင့်ထဲက အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကို ၂ နှစ်ကြာသုံးဖို့ ကြို ပြင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ကြီးမားလှကြောင်း၊ သို့ရာတွင် ပွိုင့် ၂၂၀၂ တိုက်ပွဲအပြီး တပ်ပျက်သွားတဲ့ တပ်များကို ပြန်စုရခြင်းနှင့် တိုက်ပွဲမှာ သေဆုံးကျဆုံးသူ ၇၀၀ နီးပါးကို လျှော်ကြေးငွေများ ထုတ်ပေးခဲ့ရခြင်း၊ လစာများ ဆုံးရှုံးခြင်း၊ ပြည်ပသို့ရောင်းရန် စရံသတ်ထားတဲ့ ယာဘမူးယစ်ဆေးဝါးများ ဆုံးရှုံးကုန်သဖြင့် ဘဏ်ငွေပေးချေရခြင်း၊ လက်နက်ခဲယမ်းများ အသစ်ပြန်ဝယ်ရခြင်းတို့ကြောင့် ငွေကြေးပြတ်တောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ယခုလည်း ဒုတိယအကြိမ် လောက်ကိုင်ကို တိုက်လိုတဲ့ ရည်ရွယ်ချက် အကြံအစည်ရှိလို့ ပွိုင့်၂၁၄၅ကို စစ်စခန်းဆောက်ကာ တပ်မတော်မှ တပ်တွေကို မြူဆွယ်ဆွဲထုတ်တဲ့ စစ်ဆင်ရေးစီမံချက် ရေးဆွဲခဲ့တယ်လို့ သူရစစ်သွေးက ဆိုလိုဟန်တူပါတယ်။
ဆက်လက်ပြီး သူက ဆက်လက်ရေးထားရာမှာ ဖုံကြားရှင်ရဲ့သား ဖုန်တာရွှင်ဟာ ထိုငွေကြေးအခက်အခဲကို
ဖြေရှင်းပြီး ယာဘရောင်းဝယ်ရေးလုပ်ငန်းနှင့် MNDAA တပ်မတော်ပြန်ဖွဲ့ရန် ၂၀၁၆ ခု နှစ်လည်တွင် ၄င်းပိုင်ဆိုင်တဲ့ ဟောင်ကောင်မှ ဟော်တယ်များကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်နဲ့ ရောင်းချပြီး အခက်အခဲကိုဖြေရှင်းခဲ့ကာ သူတို့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ရေရှည်ရပ်တည်ရေးအတွက် ယာဘအကြီးအကျယ်ထုတ်လုပ်တဲ့ အဓိကစခန်းများကို တပ်မတော်မှ သိမ်းပိုက်လိုက်သဖြင့် ငွေကြေးအခက်အခဲများစွာ ဖြစ်ပေါ်လာခဲ့တယ်လို့ သူက ဆိုပါတယ်၊
၁၁။ ဆက်လက်ပြီး ထိုငွေကြေးလိုအပ်မှူကို ဖြေရှင်းရန် ယခင် ၂၀၁၅ခုနှစ်လောက်ကိုင်တိုက်ပွဲဖြစ်စဉ်က အလှူငွေ ယွမ် သန်း(၅၀၀) တိတ်တဆိတ် ထည့်ဝင်ကူညီပေးခဲ့တဲ့ လောက်ကိုင်မြို့ပေါ်က ပုံမှန်ဆက်ကြေးပေးနေတဲ့ ဟော်တယ်နှင့် ကာစီနိုများဆီက ငွေများရယူရန်နှင့် လောက်ကိုင်မြို့ စီးပွားရေး၊ လှူမှူရေးများကို ဖျက်ဆီးဖို့နဲ့ မြောက်ပိုင်းသူပုန်အဖွဲ့အနေဖြင့် နိုင်ငံရေးအရ အစိုးရကို ဖိအားပေးရန် လွန်ခဲ့တဲ့ ၅လခန့်မှ Master Plan ဆွဲခဲ့တယ်လို့ သူကဆိုပါတယ်။ တပ်မတော်ကို ပွိုင့် ၂၁၄၅စခန်းများ အပါအဝင် ဟုန်းအိုင်းဒေသကို စစ်မြှူခေါ် ထုတ်ပြီး လောက်ကိုင်မြို့ကို ဖျက်ဆီး ဓါးပြတိုက်ရေးနှင့် မြို့တစ်ခုလုံးကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့အထိ ပါတယ်လို့ သိရပါတယ်။ ထိုစီမံချက်အရ ဆောင်ရွက်ရန် လောက်ကိုင်မြို့အတွင်းတွင် လွန်ခဲ့သည့် ၅လ မှစပြီး ဘိနပ်ဆိုင်ကဲ့သို့ လူသုံးပစ္စည်းဆိုင်အသစ်များ ဖွင့်လှစ်စေပြီး အသွင်ယူ ထောက်လှမ်းခဲ့ကြောင်း၊ ထောက်လှမ်းရရှိချက်များအရ ရရှိသည့်သတင်းများအပေါ် အခြေခံပြီး စီမံချက်ရေးဆွဲခဲ့တယ် လို့ သူက ဆိုပါတယ်။
သူက ဆက်လက်ဖော်ပြရာမှာ စီမံချက်မစတင်မီ မတ်လ ၃ ရက်နေ့တွင် တပ်မတော်နှင့် ရင်ဆိုင်ထားတဲ့ ပွိုင့် ၂၁၄၅ မှ တပ်များကို လောက်ကိုင်ဖက်သို့ တရုတ်ပြည်ထဲမှ ဆွဲထုတ်သွားခဲ့ကြောင်း၊ အရပ်ဝတ်နှင့် လူ၁၀၀ကို မြို့တွင်း စိမ့်ဝင်စေခဲ့ပြီး မြို့ကိုဖောက်ခွဲမည့် ဖောက်ခွဲရေးဗုံးကြီးများနှင့် ၁၀၇ မမ တိုက်ရိုက်ပစ် ကျည်များကို မြို့အနီးက ကြံခင်းများထဲတွင် ကြိုတင်ဖွက်ထားစေခဲ့ကြောင်း၊ မတ်လ ၆ရက်နေ့ မနက် (၂) နာရီ မတိုင်ခင် တနာရီအလိုတွင် အဓိကပစ်မှတ်ဖြစ်သော တုံချန်မြို့သစ်ရှိ ဖူလီလိုက်ဟော်တယ် (အသစ်)၊ ကျင်းတင်ဟော်တယ်စသည့် ကြေးကြီးကာစီနိုရှိသော ဟော်တယ်များသို့ မိန်းကလေး ၂၀ စီ စေလွှတ်ပြီး ငွေအများဆုံးထုတ် ကစားစေရန် ပစ်မှတ်ပုဂ္ဂိုလ်များ ရှိမရှိ ထောက်လှမ်းခဲ့ပါကြောင်း၊ ထိုသို့ထောက်လှမ်းပြီး Confirm ဖြစ်မှ ၂ နာရီတွင် ဖိုးဝှီးကား ၂၂ စီးနှင့် ဟော်တယ်များသို့ တပြိုင်နက် စီးနင်းတိုက်ခိုက် ဓါးပြတိုက်ခဲ့ကြောင်း၊ ဟော်တယ်ကာစီနိုတွင် လူအစည်ဆုံးအချိန်၊ ငွေအထုတ်ဆုံးအချိန်ကို ရွေးပြီး ဆောင်ရွက်နိုင်ခဲ့သဖြင့် ဖုန်တာရွှင် အကြံအစည်အောင်မြင်ခဲ့ကြောင်း၊ စုစုပေါင်း ဓါးပြတိုက်ရယူသွားခဲ့သောငွေမှာ ယွမ်ငွေ သန်း သိန်းပေါင်းများစွာ ဖြစ်ကြောင်း (ခန့်မှန်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖြစ်) လူ ၂၀၀ ကို ဖမ်းဆီးသွားပြီး (တပ်မတော်က သတင်းထုတ်ပြန်ရာမှာတော့ တရုတ်ယွမ်ငွေ သိန်းပေါင်း ၃၀၀၀၊ ပြန်ပေးဆွဲ ကျား၊ မ စုစုပေါင်း ၃၂၀ ဦး)၊ မလိုက်ချင်သူ ၃ ယောက်ကို အများရှေ့တွင် ပစ်သတ်ပြခဲ့သဖြင့် အကုန်ကြောက်ရွံ့လိုက်ပါသွားခဲ့ပြီး အမျိုးသမီး ၈၀ ခန့် ပါဝင်ကြောင်း၊ ဖုံကြားရှင်ဟာ စစ်ဆင်ရေးလုပ်ငန်းအားလုံးကို ဖုံတာရွှင်လက်သို့ အပ်ထားပြီး ၄င်းက တရုတ်ပြည်နယ်အစိုးရ၊ တရုတ်ထောက်လှမ်းရေး၊ ပြည်ပဆက်ဆံရေးများကို တာဝန်ယူထားကြောင်း၊ ဖုံတာရွှင်ဟာ လောက်ကိုင်တဖက်ကမ်း နန်ဆန်မြို့၊ ဟိုတယ်တစ်လုံးပေါ်မှ စစ်ဆင်ရေးကို မျက်မြင်ကြည့်ရှု ကွပ်ကဲခဲ့ကြောင်း၊ စစ်ဆင်ရေးမှာ မပြီးသေးဘဲ လောက်ကိုင်မြို့ စိုးမိုးကုန်းများကို သိမ်းပိုက်စစ်မြှူ ခေါ်ထုတ်ပြီး တပ်ကို အမှည့်ချွေစစ်ဆင်နွှဲရန် ပြင်ဆင်ထားပါကြောင်း၊ အာရုံပြောင်း စစ်ဆင်ရေးများအဖြစ် အတွင်းပိုင်းမြို့ကြီးများနှင့် လေယာဉ်ဆင်းကွင်း ချကွင်းများတွင် ချောင်းမြောင်း ပစ်ခတ်ရန် တရုတ်ကျွမ်ကျင်ကြေးစားများစေလွှတ်ထားပါကြောင်း၊တပ်မတော်မှ သတင်းကြိုတင်ရရှိလို့ ကြံခင်းကြီးကို မီးရှို့လိုက်သဖြင့် လောက်ကိုင်မြို့ကို ဖောက်ခွဲရန်အစီအစဉ် ပျက်စီးသွားသည့်အပေါ် ဖုံတာရွှင်က ဒေါသထွက်ပြီး ဟော်တယ်များကို လက်နက်ကြီးဖြင့် ချေမှုန်းပစ်ခတ်စေခဲ့ကြောင်း၊ သူက တင်ပြထားရာမှာ ဖုံကြားရှင်အဖွဲ့တွင် MNDAA အပြင် KIA ,TNLA တို့ပူးပေါင်းထားပြီး ၀ တပ်မတော်မှ လက်နက်ကြီး တာဝန်ခံများ ပါဝင်နေပါကြောင်း၊ ၄င်းတို့ ယခုရရှိသွားတဲ့ငွေတွေဟာ စစ်တိုက်ရန် ရန်ပုံငွေရှာတာဖြစ်လို့ အကြမ်းဖက်သမားဆန်ဆန်၊ ကာစီနိုမှ ၀န်ထမ်းများကို ပစ်သတ်သွားသည့် မျက်မြင်သက်သေများရှိပြီးဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကြီးအကဲများက လိုအပ်သလို အရေးယူဆောက်ရွက်သွားနိုင်စေဖို့ တင်ပြထားတာ တွေ့ရပါတယ်။”
၁၂။ ဖေ့ဘုတ်ရှင် သူရစစ်သွေးရဲ့  ဖော်ပြချက်အများစုဟာ စစ်ရေးအမြင်နဲ့ ထဲထဲဝင်ဝင် သိထားသူဖြစ်ဟန်တူပြီး အခြားအခြေအမြစ်သတင်းတခုဖြစ်တဲ့ စစ်သင်တန်း MNDAA က ပေးထားရာ တရုတ်ကြေးစားစစ်သား ၈ ဦးခန့် လစာမရလို့ လက်နက်များယူဆောင်ပြီး မြန်မာပြည်ကို ကန့်လန့်ဖြတ် ဖြတ်ကာ တမူးနယ်စပ်အထိ ကားနဲ့ထွက်ပြေးသွားရာမှ ဖမ်းမိလိုက်တဲ့ ဖြစ်စဉ်ဟာ ယခင်အစိုးရတုံးက ဖြစ်ပွါးခဲ့တာမို့ အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်နိုင်သလို ယခင်အစိုးရပြန်ကြားရေးဝန်ကြီဟောင်း၊ သတင်းစုံတွေ သိထားနိင်တဲ့ ဦးရဲထွဋ်ရဲ့ BBC အင်တာဗျူး ပြောဆိုချက်များအရနှိုင်းယှဉ်ကြည့်ပြီး အချို့အပိုင်းတွေကို ယုံကြည်လောက်တဲ့အနေအထားရှိလို့ လက်ခံဖေါ်ပြပေးလိုက်တာ ဖြစ်ပါတယ်။
၁၃။ BBC ရဲ့ ဆွေးနွေးခန်းတခုမှာ ၀န်ကြီးဟောင်းဦးရဲထွဋ်ရဲ့ ဆွေးနွေးချက်ကို ကောက်နှုတ်တင်ပြရရင်
“မြောက်ပိုင်း ၃ ဖွဲ့ (MNDAA,TNLA,AA) ကို လက်နက်စွန့်ဖို့ထက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး
ဆွေးနွေးဖို့ ပြောတာဖြစ်ကြောင်း၊ မြောက်ပိုင်းအဖွဲ့တွေက လောက်ကိုင်ဝင်တိုက်တာဟာ အစိုးရသစ်အပေါ်
နိုင်ငံရေးအရ၊ သံတမန်ရေးအရ ဖြစ်စဉ်ကြီးကို နှောင့်နေးအောင် အကြပ်ကိုင်ပေးတာဖြစ်ကြောင်း၊ တိုက်ဎွဲတွေမှာ တပ်မတော်က ရန်သူ့စခန်းတွေကိုသာတိုက်ပြီး သူတို့တွေကတော့ အရပ်သားလူထု မြို့ပြပစ်မှတ်တွေကို ရည်ရွယ်ရှိရှိတိုက်ခိုက်တာဖြစ်လို့ ဂျီနီဗာကွန်ဗန်းရှင်း အပိုဒ် ၁၃ ကို ဖောက်ဖျက်နေရာ သူတို့ကို ၂၁ပင်လုံညီလာခံမှာ တပ်မတော်က လက်ခံလိုက်လျောပေးဖို့ ခက်ခဲသွားပြီထင်ကြောင်း၊ ဒီအဖွဲ့တွေက လက်နက်ခဲယမ်းရိက္ခာတွေကို ဘယ်ကရလာတယ်၊ သူတို့ရဲ့ဒဏ်ရာရလူနာတွေကို ဘယ်သူတွေက ဆေးကုပေးတယ်ဆိုတာ ပြည်သူတွေက သိချင်နေကြပြီး နောက်ကွယ်မှာ ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်ရှိနေတယ် ဆိုတာ ပြောသွားပါတယ်။
၁၄။ မွန်အမျိုးသားပါတီ ဒုဥက္ကဌ နိုင်ငွေသိန်းကတော့ – “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း လုပ်ဆောင်ဖို့ ဟိုဘက်ဒီဘက်ကနေ အပစ်အခတ် ရပ်စဲလိုက်ရင် ကောင်းမှာပေါ့၊ မရပ်ဘူးဆိုလို့ ရှိရင်တော့ မကောင်းဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းပဲ လွန်သလား၊ တပ်ကပဲ လွန်သလားဆိုတာ ပြည်သူက သိနေပါတယ်။ တပ်အနေနဲ့ကတော့ နည်းနည်းတော့ သည်းခံဖို့ စိတ်ရှည်ဖို့၊ ပြည်သူအတွက် စဉ်းစားဖို့ လိုတယ်လို့ ထင်တယ်” ဟု ပြောကြားသွားပါတယ်။
၁၅။ တပ်မတော်ကလည်း အောက်ပါအတိုင်း ကြေညာချက် ထုတ်လာပါတယ်။
၁၆။ ဒီနေရာမှာ သူရစစ်သွေးရဲ့ဖေ့ဘုတ်တင်ပြချက်ဖြစ်တဲ့ “မြောက်ပိုင်းအဖွဲ့တွေဟာ ဒုတိယအကြိမ် လောက်ကိုင်ကို တိုက်လိုတဲ့ရည်ရွယ်ချက် အကြံအစည်ရှိလို့ ပွိုင့်၂၁၄၅ ကို စစ်စခန်းဆောက်ကာ တပ်မတော်မှ တပ်တွေကို မြူဆွယ်ဆွဲထုတ်တာဖြစ်တယ်” ရည်ရွယ်ချက်နဲ့ တပ်မတော်ရဲ့ထုတ်ပြန်ချက်အရ “လောက်ကိုင်ကိုတိုက်တာဟာ ပွိုင့် ၂၁၄၅ တောင်ကုန်းစခန်းကို တိုက်နေတဲ့ တပ်မတော်စစ်ကြောင်းများအား အာရုံလွှဲစေဖို့ လောက်ကိုင်ကိုတိုက်တယ်လို့” ဆိုထားရာ နည်းဗျူဟာကွဲလွဲနေမှုအပေါ် စာရေးသူမိတ်ဆွေ ဗိုလ်မှူးကြီး(ငြိမ်း) နဲ့ ဆွေးနွေးကြည့်ရာ အောက်ပါအတိုင်း တင်ပြပါတယ်။
“ဟာ့ သူငယ်ချင်းရ … ။ ဒို့တပ်မတော်က လောက်ကိုင်တိုက်ခံရတာ တကယ်တော့ သိက္ခာကျတယ်လေ၊ ပထမ လောက်ကိုင် ချခံရတယ်၊ နောက် ဒုတိယမုန်းကိုးနဲ့ မူဆယ်ပြည်ထောင်စုလမ်းမကြီး တွယ်ခံရ၊ တတိယ ယခု လောက်ကိုင်ကို ၂ ကြိမ်မြောက် ချခံရပြန်ပြီ။ ဘယ်မှာလဲ ရန်သူ့သတင်း၊ အငိုက်မိတာ များတယ်။ နယ်ခြားစောင်တပ်ဖွဲ့နဲ့ ပယ်ဆောက်ချိန်တို့က တော်တော်ညံ့တယ်။ သတင်းမရဖူး။ ဒီကွဲလွဲမှုက လောက်ကိုင်ကို (နောက်ပိုင်း) ဝင်ဆော်တာကို တပ်က သိက္ခာကျမှာစိုးလို့ ပြောင်းပြန်လှည့်ပြီး တပ်မတော်က ရန်သူ့ခံစစ်ကုန်းကို ဖိအားပေးတာမခံနိုင်လို့ လောက်ကိုင်ကိုဘဲ ရန်သူက စစ်ကစားတာ လုပ်တယ်လို့ အကြောင်းပြတာပေါ့ကွာ။ ရန်သူပြောသလို ဖြစ်သွားတာပေါ့။ တကယ်တော့ သူရစစ်သွေးရေးတာ အမှန်ဘဲ။ သဘာဝကျတယ်။ KIA နောက်က ကစားတာလဲ ပါတယ်၊”
စာရေးသူက ပြန်လည်ဆွေးနွေးရာမှာ …
“သူတို့ကလည်း တောထဲမှာ သူတို့စခန်းတွေ တိုက်ခံရလို့ ပြန်တိုက်ရပါတယ် ဆိုတော့ တပ်ကလူကြီးတွေလည်း အပြစ်လွတ်အောင် ချောလဲရောထိုင် တာပေါ့ကွာ။ မြို့လုံခြုံရေးစီမံချက်တွေ ရေးထားတာ ဘာလုပ်ခဲ့လဲ၊ လှည်ကင်း၊ ကင်းပုန်းတွေ ထိုးရင် ဒီလောက်ထိ ဆုံးရှုံးမှု မများဖူးပေါ့ကွာ။ လူကြီးတွေကိုယ်တိုင်က မဟာဗျူဟာအရ စဉ်းစားတွေးခေါ် တွက်ချက်ပုံတွေ အားနည်းသေးတယ်။ လောက်ကိုင် ပထမတိုက်တယ်။ နောက် မူဆယ် မုန်းကိုး တိုက်တယ်။ ရန်သူရဲ့ ဘူမိနက်သန်က ဘာလဲ၊ ဘာကို တိုက်ရင် အကျိုးအမြတ်ပိုရတယ် ဆိုတာ မတွက်တော့ဖူးလား။ လောက်ကိုင်ကို တိုက်ပြီးပြီကွာ၊ မဖြစ်နိုင်ဖူးဆိုပြီး လူပြိန်းအတွေး တွေးနေတယ်။ ရန်သူက သတင်းလွှင့်ထားတဲ့ ချင်းရွေဟော်၊ ကွတ်ခိုင်ကိုဘဲ မဲနေတယ်။ ပြည်သူလူထုဟာ လုံခြုံမှုမရှိဖူး ဆိုပြီး ခံစားနေရလို့ ဝေဖန်ရတာပါ။”
ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ – ၂
(မိုးမခ) မတ် ၂၂၊ ၂၀၁၇
၁၇။ လောက်ကိုင်မြို့ကို MNDAA တိုက်ခိုက်တဲ့နေ့ မတ်လ ၆ ရက်နေ့မှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထူးဆန်းတဲ့ ကြေညာချက် အောက်ပါအတိုင်း ထွက်ပေါ်လာပါတယ်။
“ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တပ်ဖွဲ့တွေဘက်က လက်နက်ကိုင်လမ်းစဉ်စွန့်ကြောင်း ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးဖို့မလိုဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုက်ရိုက်ဆွေးနွေးခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း” သတင်းထုတ်ပြန်ပါတယ်။
စစ်ရုံးနဲ့နီးစပ်သူများကတော့ တပ်ချုပ် ဗီယက်နမ်ခရီးစဉ်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုချက်အရ တပ်က လိုက်လျောပေးလိုက်ဟန်တူတယ်လို့ဆိုပါတယ်။ တပ်အသိုင်းအ၀ိုင်းကတော့ ဒေါ်စုလိုလားချက်အတိုင်းကြေညာချက် ထုတ်ပြန်ပေးလိုက်ရသလို၊ အတည်ပြုဆဲသတင်းအရ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကိုတွေ့ဆုံဖို့ကြိုစားပေမယ့် သူတို့တွေက အတွေ့မခံဘဲ ရှောင်နေတယ်လို့သိရပါတယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံရေးစာပွဲဝိုင်းကို စစ်ရေးဖိအာပေး အပေါ်စီးနဲ့သွားနေတာ သိသာလာပါတယ်။
၁၈။ တကယ်တန်း သူတို့ကတစုံတရာတုံပြန်မှု မလုပ်လာလို့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား မူဝါဒ ၆ ရပ်အတိုင်း လက်ကိုင်ထားပြီး တပ်မတော်က လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း၊ မတ်လ ၉ ရက်နေ့က အောက်ပါအတိုင်း ထုတ်ပြန်လာပါတယ်။ ဆိုလိုတာကပြတ်သားစွာ ကိုင်တွယ်တော့မည်ဟု ယူဆရပါတယ်။
“ကိုးကန့် (MNDAA) အဖွဲ့ က လောက်ကိုင်ဒေသကို မတ်လ ၆ ရက်တွင် ၀င်ရောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းထုတ်ပြန်ချက်တွင် MNDAA – TNLA နှင့် AA အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်သည့် ကြေညာချက်ထုတ်ပြန်ပါက NCA တွင် လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ပြုမည်ဟု ကမ်းလှမ်းစည်းရုံးဆောင် ရွက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ယခုဖြစ်စဉ်ဖြစ်ရပ်များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အဆိုပါ MNDAA၊ TNLA နှင့် AA အကြမ်းဖက်သောင်းကျန်းသူများအား လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်သည့်ကြေညာချက် ထုတ်ပြန်ပါက NCA တွင် လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ပြုမည်ဖြစ်ကြောင်း ကမ်းလှမ်းစည်းရုံး ဆောင်ရွက်သော်လည်း အဆိုပါအဖွဲ့များမှ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအာဏာ ပျက်ပြားစေရေးနှင့် ပြည်သူများ အထိတ်တလန့်နှင့် တည်ငြိမ်မှုပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိနေကြောင်း ပေါ်လွင်လျက်ရှိနေသဖြင့် ထာဝရငြိမ်းချမ်းရေးမှတစ်ဆင့် တည်ငြိမ်အေးချမ်းရေးသည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း တွေ့ရှိရတယ်” လို့ ရေးသားထားပါတယ်။
သို့ရာတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စိတ်ရှည်သည်းခံလျက် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်အတိုင်း လက်ကိုင်ထား၍ Nationwide Ceasefire Agreement –NCA မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ NCA တွင် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများအား လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။”
၁၉။ ကနဦး တပ်မတော်ကထုတ်ပြန်ကြေညာချက်ကို သုံးသပ်ရရင် လက်မှတ်ထိုးပြီးသားအဖွဲ့တွေအတွက် မျက်နှာပူစရာ ဖြစ်နေရာ အတိုင်းအတာတခုအထိ ထပ်ပြီး အလျှော့ပေးသလိုဖြစ်သွားတယ်လို့ ထင်မြင်ရပါတယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရဲ့ထောက်နေတဲ့အချက်တွေအနက် NCAဟာ ချည်နှောင်မှုလို့ ခံစားနေရတဲ့အချက်နဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရမည် ဆိုတာဟာ ခွဲခြားဆက်ဆံခံရလို့ ငြင်းပယ်နေတဲ့အချက်တွေပါနေရာ တပ်မတော်ကNCA ထိုးစရာ မလိုဘဲ မြောက်ပိုင်း-ကျန်၃ဖွဲ့က လက်နက်ကိုင်လမ်းစဉ်စွန့်လွတ်တယ်ဆိုတဲ့ ကြေညာချက်ထုတ်ပေးယုံနဲ့ ၂၁ပင်လုံညီလာခံတက်ခွင့်ရမယ်ဆိုတဲ့ တပ်မတော်က အလျော့ပေးလာမှုကို ထို၃ဖွဲ့ လိုက်မလာသေးတဲ့အပေါ် ပြည်သူလူထု စိတ်ပျက်ဖွယ်ဖြစ်နေရပါတယ်။ ဒီအဖွဲ့တွေဟာ နောက်ခံသမိုင်းကြောင်း သန့်ရှင်းမှုရှိ မရှိ၊ ဒေသလူမျိုးနဲ့ သယံဇာတထွက်ရှိနေရာနဲ့ ကင်းကွာနေမှု၊ မိမိလူမျိုးအရေးကို ယခင်အချိန်ကာလတုံးကမလုပ်ဘဲ ဖက်ဒရယ်ဆိုလို့အကျိုးစီးပွါးမျှော်ကိုးပြီး ထလုပ်တာကို အခြားအဖွဲ့များနဲ့ တန်းတူပေးရစတမ်းဆိုရင် သေနတ်ဝယ်ပြီး လူတွေကိုင်ကုန်ကြမှာမို့ လက်ခံနိုင်ဖွယ်မရှိတာ သတိပြုသင့်ပါတယ်။ တိုင်းရင်းသားဆိုပြီး တန်းတူရည်တူထားရမယ် ဆိုတိုင်း ဒီမိုကရေစီခေတ်မှာ သေနတ်ကိုင်ပြီး ဇွတ်တန်းညှိတောင်းဆိုနေလို့ မရဖူးဆိုတာ သတိပေးလိုပါတယ်။
ဇာတ်ညွှန်းဒါရိုက်တာ KIA နဲ့ ဗီလိန်မင်းသားတွေTNLA, AA
၂၀။ TNLA က တပ်မတော်စခန်းသိမ်းတိုက်နိုင်လို့ ၊ KIA, MNDAA, AA ကတော့ တပ်မတော်စခန်းတခုကိုမှ ယခုထိ မတိုက်နိုင်သေးတာနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးရမှာ ဖြစ်ကာ လူထုပစ်မှတ်အစား တပ်မတော်ကိုနိုင်အောင် စခန်းသိမ်းတိုက်နိုင်ဖို့သာကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။
မိုင်းတက်ကျေးရွာအုပ်စုမှ ရွာသား ၉၀ ကျော်ဖမ်းဆီးသွားတဲ့ ကိစ္စ ဖြစ်ပွားလာပါတယ်။ တအာင်းတပ်မတော်အနေနဲ့ကတော့ ဒေသတည်ငြိမ်ရေးနဲ့ လွပ်လပ်စွာသွားလာရောင်းဝယ်နိုင်ရေး၊ ဒေသလုံခြုံရေး အတွက် တအာင်းတပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့ကိစ္စတွေကို အဓိက ထားပြီး ဆွေးနွေးဖို့ခေါ်ဆောင်တာဖြစ်ပြီး ဒီကနေ့မှာ နေရပ်ကိုပြန်လည်ပို့ဆောင်ခဲ့ပြီးလို့ TNLAဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ TNLA က အပြောမှာတော့ ပျားသကာလို ချိုမြကာ တယောထိုးနေချိန်မှာပဲ မူးယစ်ဆေးဝါးကိစ္စနဲ စည်းရုံးရေးလုပ်သလိုလိုနဲ့လက်တွေ့နယ်ပယ်မှာတော့ ဗီလိမ်မင်းသားပီပီ မေးခွန်းထုတ်စရာလုပ်ရပ်တွေ တွေ့ရှိရပါတယ်။
TNLA က ရွာသားများကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး မိုင်းတတ်ကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖတဦးကလည်း သူတို့ဆီက ရွာသားပေါင်း ၃၇ ဦး လွတ်လာပြီဖြစ်ပြီး ၂ ယောက်ကိုတော့ အာရ်စီအက်စ်အက်စ်လူလို့ စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ မိုင်းမော်ရွာသားတချို့လည်း ပြန်လွတ်လာတယ်လို့ သိရပေမယ့် ၊ ဘယ်နှစ်ဦးလွတ်လာတယ်ဆိုတာ မသိရကြောင်း၊ အဲဒီထဲက လုံးမောက်ဆိုင်ဆိုတဲ့ အဖိုးကြီးကတော့ ဘာပြောမှားဆိုမှားရှိလဲမသိရ ဂုံနီအိတ်နဲ့ ခေါင်းကိုစွပ်ပြီး သေလုမျောပါး အရိုက်ခံရတယ်လို့ ပြန်လွတ်လာသူ တွေကပြောတယ်လို့ ဆိုပါတယ်။ လားရှိုး – မူဆယ်သွား လမ်းမကြီးပေါ်မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက TNLA လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ပြီး ကားဘီးတွေလည်း သေနတ်နဲ့ပစ်ဖောက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် တာဝန်ရှိသူတွေက ဗီလိန်မင်းသားပီပီ မဟုတ်ပါဖူး ဗျောင်ငြင်းတာ အံ့သြဖွယ်ရာဖြစ်ပြီး ယခင်ကလည်း အဲဒီလိုမျိုးတွေ လုပ်ခဲ့လို့ သူပုန်အဆင့်ထက်လျှော့ကျကာ ဓမြဆန်ဆန် ပြုမူဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေဟာ သူတို့ရဲ့ပုံရိပ် ကျဆင်းသွားစေပါတယ်။
၂၁။ AA ကလည်း ရခိုင်နယ်မြေမှာ ဘင်္ဂလီများအရေး လုံခြုံရေးကောင်စီအထိတက်နေရာ အကျပ်အတည်းဖြစ်နေရာ ကြေညာချက်ထုတ်ပေးဖို့တောင် ခွန်အားပေးဖို့ပျက်ကွက်ခဲ့ပြီး၊ လှုပ်ရှားနေတာက ခိုလုံခွင့်ပေးထားတဲ့ KIA နဲ့လက်နက်ခဲယမ်းမှီခိုနေရတဲ့ UWSA ခေါင်းဆောင်တွေကို ဓါတ်ပုံတွေ၊ အခမ်းအနားတွေမှာ ဗီလိန်မင်းသားပီပီ သူတို့ဘက်ချည်းသာလိုက်နေတဲ့ ဇာတ်လမ်းခင်းနေတာ တွေ့ရပါတယ်။
အခုတလော ဇာတ်စင်မှာ အသုံးတော်ခံ ကပြနေတဲ့ လူကြမ်းမင်းသား MNDAA ဗီလိန်မင်းသားTNLA တွေဟာ မီဒီယာတွေမှာ သိမြင်ကြားသိရပေမဲ့ ဒီလိုလှုပ်ရှားလို့ရအောင် ဘယ်သူက စီမံခဲ့လဲ၊ မူလကဇာတ်စင်ရှေ့ထွက်လို့ ပုံရိပ်တွေကျဆင်းခဲ့တာမို့ လိမ္မာပါးနပ်စွာနဲ့ ဒီတခါ ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်တာကတော့ KIA ဘဲဖြစ်ပါတယ်။ စခန်းတွေ လက်လွှတ်ဆုံးရှူံးခဲ့ရလို့ အင်အားချိနဲ့နေတဲ့ KIA ဟာ ယခင်ကတည်းကUWSA ကို ပါစေချင်နေတာမို့တိုက်တွန်းစည်းရုံးနေတဲ့အသံများ မူလကတည်းက ကြားနေရပါတယ်။ ဒါပေမဲ့ အဖွဲ့ဖွဲ့ပြီဆိုရင် ကုန်ကျစရိတ် အများဆုံးကိုUWSA က ထုတ်ရလို့ ဥက္ကဌလုပ်ချင်တဲ့အတွက် KIA က ယခင်တုံးကမပေးချင်ဖူး ဖြစ်နေတယ်လို့နယ်စပ်သတင်းက ဆိုပါတယ်။
၂၂။ NCA စာချုပ်ကို ချည်နှောင်မှုလို့ခံစားနေရတဲ့ KIA ဟာ တောင်းဆိုချက် ၉ချက်နဲ့ထောက်ထားလိုက်ပြီး အစိုးရ ဦးဏှောက်စားအောင် အလုပ်ပေးထားလိုက်ပါတယ်။ တဖက်ကလည်း UWSA ဟာ ၂၁ ပင်လုံ ညီလာခံမှာ မိုင်းလားဖေါက်တာသိလိုက်ရလို့ မျက်စိကျယ်လာကာ ယခင်လို ထီးထီးကြီးနေလို့ မရတော့ဘဲ ပန်ဆန်းညီလာခံမတိုင်ခင် ၂၀၁၆ ခုနှစ်သြဂုတ်ကတည်းက ရေးဆွဲထားပြီး ပင်လုံညီလာခံမှာတောင် တင်ခဲ့တဲ့စာတမ်းကို အခြေခံတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ KIA ဟာ ချီတုံချတုံဖြစ်နေပြီး ၂၁ ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည်က UNFC ထိပ်သီးတွေနဲ့ တွေ့ချင်ပေမဲ့ မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြကာ DPN အဖွဲ့တွေနဲ့သာ တွေ့ဆုံခိုင်းပါတယ်။ KIA ဟာ ဖုတ်ပူမီးတိုက် UWSA အား ပန်ဆန်းအစည်းအဝေးကို ခေါ်ခိုင်းလိုက်ရာ KNPP, NMSP တို့တောင် အချိန်မမှီလိုက်ကာ ဖရိုဖရဲနိုင်တာတွေ့လိုက်ရပါတယ်။ ဒေါ်စုက မမျှော်လင့်ဘဲ မူ အားဖြင့် သဘောတူလိုက်တာမို့ ပိုမို အကြပ်ရိုက်ကာ အစိုးရကို ဖိအားပေးလိုတာမို့ စစ်ရေးတိုက်ကွက် ဖေါ်လိုက်တာ ဖြစ်ဟန်တူပါတယ်။ ဒီထက်ပိုဆိုးတာက UNFC ရဲ့ အခြေအနေဟာ အစိုးရရဲ့ ၂၁ပင်လုံညီလာခံကို တက်မလား၊ ၀ ဦးစီးတဲ့ အဖွဲ့နောက် လိုက်မလားဆိုပြီး အကျပ်အတည်းနဲ့ တွေ့နေဟန်တူပါတယ်။ ဒေါ်စုနဲ့ တွေ့လိုက်တဲ့အခါ လိုက်လျောမှုတွေရလိုက်လို့ UNFCမှ KNPP၊ NMSP တို့က လက်မှတ်ထိုးမည့် အရိပ်အယောင်ထွက်လာပြီး SSA က ၀ နဲ့ မျက်နှာပူနေပြီး ချိန်ဆနေဟန် တူပါတယ်။ဒါကြောင့် UWSA လုပ်ဆောင်မှူတွေဟာ မူလဓါတ်ခံအရ မဟုတ်နိုင်ဘဲ မြောက်ပိုင်းအဖွဲ့တွေရဲ့ အထူးသဖြင့် KIAရဲ့ပရောဂကြောင့် ပါလာနိုင်တယ်လို့ သံသယဖြစ်မိပါတယ်။
၂၃။ မူလက မတ်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
UNFC ရဲ့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာက သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။
“အမှန်ကတော့ ဒီညီလာခံကို သတ်မှတ်ရက် ၂၃ ရက်နေ့မှာ စတင်ကျင်းပနိုင်ဖို့အတွက်ကို ကျနော်တို့က အစီရင်ခံစာကို ကျနော်တို့က ညှိလိုက်တယ် အတည်ပြုလိုက်တယ်၊ ဗဟိုအလုပ်အမှုဆောင် အဆင့်ပေါ့နော်။ နောက်ဖွဲ့စည်းပုံကိုလည်း ကျနော်တို့ ပြန်သုံးသပ်ပြီးတော့မှ တချို့ကို ပြင်ဆင်ဖြည့်စွက် တယ် အတည်ပြုတယ်၊ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ စစ်ရေး နိုင်ငံရေး အခြေအနေကြောင့်ပေါ့ဗျာ ညီလာခံကို ဒီသတ်မှတ်ရက်အတွင်းမှာ မလုပ်ဆောင်သင့်သေးဘူး နိုင်ငံရေး ပြဿနာက တော်တော်လေးကို အခက်အခဲရှိနေတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ကတော့ ဒီအခက်အခဲကို အေးအေးဆေးဆေး နဲ့ ဖြတ်ကျော်နိုင်ဖို့အတွက်ပေါ့လေ နည်းလမ်းရှာတဲ့အနေနဲ့ ညီလာခံကို ရွှေ့လိုက်တာဖြစ်တယ်။
အခက်အခဲဆိုတာကတော့ ပန်ဆန်းမှာဟိုမှာကတော့ သူတို့ကတော့ NCA လိုင်းကို မသွားတော့ဘူး ဒီဘက်ကလည်း ကျနော်တို့ NCA လိုင်းကို ညှိနေတာလည်း တော်တော်လေးကို နည်းနည်းတိုးတက်လာ ပြီပေါ့နော်၊ အဲ့လိုအမြင်မတူတဲ့ အနေအထားနှစ်ခုကြားမှာ ကျနော်တို့ကတော့ မကိုင်တွယ်တတ် ရင်ပေါ့နော် ကျနော်တို့ထဲမှာလည်း အမြင်တွေ ကွဲနိုင်တယ် နောက်အခြေအနေကလည်း စစ်ရေး ကလည်း တိုးလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ မြင်တယ် ဒါကြောင့် ကျနော်တို့ကတော့ အချိန်ယူလိုက်တာဖြစ်တယ်။”
သုံးရက်ကြာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒါ့အပြင် ငြိမ်းချမ်းရေးကော်မရှင်တို့နဲ့ တွေ့ ဆုံဆွေးနွေးရာမှာ UNFC ရဲ့ အဆိုပြုချက် ၉ ချက်အပေါ် ဆွေးနွေးခဲ့တဲ့ ရလဒ်အပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။
၂၄။ အဲဒီအချက် ၉ ချက် ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား မူအရ လက်ခံလာပြီးဖြစ်ပေမယ့် ပိုပြီးခိုင်မာအောင် ပြန်လည်ညှိနှိုင်းဖို့ လိုနေသေးတဲ့အတွက်ကြောင့် အစိုးရနဲ့ ဆက်ဆွေးနွေး ညှိနှိုင်းပြီးမှ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နိုင်ဟံသာ က ပြောပါတယ်။UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ပန်ခမ်းဌာနချူပ်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးရဲ့ ထုတ်ပြန်ချက်အပေါ် ဆွေးနွေးတာရှိပေမယ့် တစုံတရာ သုံးသပ်ပြောဆိုဖို့ ငြင်းဆိုသွားပါတယ်။
နိုင်ဟံသာဟာ UNFC ရဲ့မတည်ငြိမ်မှုကို သိက္ခာကျမှာစိုးကာ ရှောင်လွဲပြောနေတယ်လို့ ထင်ပါတယ်။ မကြာခင်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာစေတနာရောင်ပြန်ဟပ်မှူကြောင့် အဖွဲ့ထံမှ အသံဗလံများပေါ်ထွက်လာခဲ့ပါတယ်။
၂၅။ နောက်ဆုံးရတဲ့ တရားဝင်သတင်းအရ အောက်ပါအတိုင်းဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထားသည့် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအကြား အရေးပေါ်အစည်းအဝေးကို မတ်လ ၁၂ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးမှ NCA အပေါ် သဘောထားကွဲလွဲနေမှုကို အချိန်ယူညှိနှိုင်းရန် ဆုံးဖြတ်ထားကြောင်း UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောကြားပါတယ်။
‘‘ပန်ခမ်းရဲ့ ထုတ်ပြန်ကြေညာချက်ကို သုံးသပ်တာက သူက NCA လမ်းကြောင်းအတိုင်း မသွားတော့ဘူးဆိုရင် ကျွန်တော်တို့ဒီဘက်ကသွားနေတဲ့ ကိုးချက် က NCA လမ်းကြောင်းဖြစ်တယ်။ NCA လမ်းကြောင်းသွားတာနဲ့ မသွားတာက ကွဲပြားမှုတွေရှိနေတယ်။ ဒီနှစ်ခုကို ကျွန်တော်တို့က ပြန်ပြီးတော့ ညှိရမယ့်သဘောရှိတယ်။ အဲဒီအတွက် အချိန်နည်းနည်းယူပြီးတော့လုပ်မယ်ဆိုတဲ့ သဘောထားတွေ ချထားကြပါတယ်’’ ဟု ဦးထွန်းဇော်က ပြောကြားခဲ့ရာ သူဆိုတာက KIA ကိုဆိုလိုဟန်တူပါတယ်။
UNFC ၏ ဦးဆောင်အဖွဲ့အစည်းများဖြစ်သော ကချင်လက်နက်ကိုင်အဖွဲ့(KIO,KIA)နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) တို့သည် ဖေဖော်ဝါရီက ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ခမ်းတွင် ကျင်းပသည့်အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီး NCA မရေးထိုးဘဲ UWSA ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေးရန် သဘောတူညီကြောင်း ပန်ခမ်းအစည်းအဝေးက ကြေညာခဲ့တာဖြစ်ပါတယ်။
၂၆။ UNFC အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသောအခြေအနေနှင့် ပတ်သက်ပြီး ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (PNLO) ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ‘‘နေပြည်တော်နဲ့၊ အစိုးရနဲ့၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒါတွေကလည်း ဒီဘက်မှာကြိုးစားနေတယ်။ မြောက်ပိုင်းက ‘၀’ ဦးဆောင်မှုနဲ့ လွန်ဆွဲနေတာရှိတာပေါ့။ ဒါမျိုးတွေကို ရှင်းရှင်းပြတ်ပြတ်ရပ်တည်ဖို့ကတော့ ခေါင်းဆောင်တွေ ဆုံးဖြတ်ရမှာပေါ့။ အဲဒါကို မဆုံးဖြတ်ဘဲ ဒီလိုပဲမှေးပြီးတော့ သွားနေရင် ကြာလေပိုရှုပ်လေ ဖြစ်မယ်။ အဲဒါကို ထပ်ထပ်ပြီးရွှေ့ရင် ဘယ်ဟာမှ အဖြေမရဘဲ ဖြစ်မှာကို ကျွန်တော်က စိုးရိမ်တာပေါ့’’ဟု ပြောသွားပါတယ်။
၂၇။ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) အနေဖြင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ကေအိုင်အိုအနေဖြင့် ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးကြောင်း ပြောလာပါတယ်။
နိုင်ငံတော်အကြီးအကဲတစ်ယောက်နေနဲ့ဖိတ်တာကိုတောင် ကိုယ်စားလှယ်လွှတ်ဖို့ ပျက်ကွက်တာကို ထည့်မပြောဘဲ သဘောတူတဲ့မူကိုဘဲ မယုံသင်္ကာအချိုးနဲ့ပြောနေတာကြတော့ KIA အနေနဲ့ အတော့်ကို လွန်သွားပြီဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောလာပါတယ်။
“မူအားဖြင့် သဘောတူတာကတော့ လက်တွေ့မှာတော့ တော်တော်ပဲ အခက်အခဲတော့ ရှိမယ်လို့ ကျနော်ထင်ပါတယ်။ လက်တွေ့မှာကတော့ သူတို့ရဲ့မူအားဖြင့်သဘောတူညီတယ်ဆိုတဲ့ သူတို့ရဲ့ စာကြောင်းလေးတွေကို ကျနော်တို့ကြည့်ရင်တော့ ကျနော်တို့က မူလပေါ့ မူလတင်ပြထားတဲ့စာတမ်းနှင့် တော်တော်ကွာတာကိုတော့ ကျနော်တို့တွေ့ပါတယ်။ ဒါကြောင့် မူအားဖြင့်ဆိုတဲ့ အကြောင်းကတော့ နည်းနည်းစောင့်ကြည့်ရမယ်လို့ ကျနော်ယူဆပါတယ်။”
၂၈။ နိုင်ငံတော်အစိုးရက UNFC အဆိုပြုခဲ့တဲ့မူ ၉ ချက်ကို အရေးတယူပြုမှု မရှိခဲ့တာဟာ NCA ကိုကျော်ခိုင်းဖို့ ဖြစ်လာစေတယ်လို့ ဗိုလ်ချုပ်ဂွန်မော်က (မတ် ၁၄) မနေ့တုန်းကပြုလုပ်တဲ့ KIO ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်အကြံပေးအဖွဲ့ (SMJH)ရဲ့ အစည်းအဝေးတစ်ခုမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
“နိုင်ငံတော်အတိုင်ပင်ခံက NCA ရေးထိုးကြဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမယ့် UNFC က တင်ပြတောင်းဆိုတဲ့ မူ ၉ချက်ကို ဆွေးနွေးညှိနှိုင်းဖို့ အင်မတန်နောက်ကျခဲ့တာတွေ့ရတယ်။ တကယ်လို့ ပန်ခမ်းအစည်းအဝေးက Statement မထွက်လာခင်သာ ဒီမူ ၉ ချက်ကို ဆွေးနွေးဖြစ်ခဲ့မယ်ဆိုရင် UNFC ဟာ NCA လက်မှတ်ရေးထိုးဖြစ်ခဲ့မှာ ဖြစ်တယ်။ ပန်ခမ်းအစည်းအဝေးပြီးမှ UNFC တောင်းဆိုတဲ့ မူ ၉ ချက်ကို မူအားဖြင့်သဘောတူတယ်ဆိုတဲ့ လေသံတွေထွက်လာတာဟာ သိပ်နှမျောစရာကောင်းလှပါတယ်။ UNFC က ဒီမူ ၉ ချက် စတင်အဆိုပြုတာဟာ အတော်ကြာနေပြီဖြစ်တယ်။ အချိန်မလင့်ခင် လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်သင့်ပါလျက် UNFC ရဲ့ တောင်းဆိုမှုကို ဆွေးနွေးဖို့လေးတောင် အတိုင်ပင်ခံကြီးက မျက်ကွယ်ပြုခဲ့တော့ လည်လွန်းဘီး ချီးတက်မိတယ်လို့ပဲ ပြောရမလိုပါပဲ။”
ဗိုလ်ချုပ်ဂွန်မော်ရဲ့ပြောကြားချက်အရတော့ NCA ဆိုတာပြီးဆုံးသွားပါပြီ။ NCA ကို မိမိတို့တော်လှန်ရေးအဖွဲ့တွေက စတင်တောင်းဆိုပြီး ရေးဆွဲခဲ့ပေမယ့် ဆက်လက်ညှိနှိုင်းဖို့ လိုအပ်တယ်လို့ ရှုမြင်တဲ့ UNFC နဲ့ ဆက်လက်ဆွေးနွေးဖို့ ကြန့်ကြာနေတာဟာ NCA ပျက်စီးခြင်းရဲ့ အဓိကအကြောင်းဖြစ်တယ်လို့ ဆိုလိုနေပါတယ်။
“အခုကတော့ တရုတ်ရဲ့ One Belt One Road ကိုအကောင်အထည်ဖော်ဖို့ဖြစ်လာပါပြီ။ အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံရေးချဉ်းကပ်မှုကို အထင်အမြင် သေးလွန်းနေသလိုပါပဲ။ သနားလို့/ မတိုက်ချင်လို့ဆိုတဲ့ အချိုးကို မြင်နေရပါတယ်။ ယခုအတိုင်းပဲဆက်သွားနေရင် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေဟာ ဒုတိယခရိုင်းမီးယားဖြစ်သွားလိမ့်မယ်လို့ ကျနော်ခန့်မှန်းပါတယ်။”
၂၉။ ဒီစကားတွေဟာ အန္တရာယ်ရှိတဲ့စကားတွေမို့ တကယ်ပြောတာ ဦးဂွမ်မော် ဟုတ်မဟုတ် တာဝန်ယူရပါလိမ့်မယ်။ အရင်က KIAခေါင်းဆောင်တွေထဲမှာ အစိုးရနဲ့တပ်မတော်တို့အပေါ် ထိတွေ့ဆက်ဆံမှူအကြိမ်အများဆုံးမို့ လစ်ဘရယ်သမားဖြစ်သူအနေနဲ့ လေးစားခဲ့ပေမဲ့ ဒီစကားပြောတာမှန်ခဲ့ရင် “ ဦး” သာ တပ်ခေါ်လိုက်ပါတော့မယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ခေါ်တဲ့ အစည်းအဝေးထက် UWSA ခေါ်တာ နဲနဲစောပေမယ့်
ကျင်းပမည့်ရက် ကြေညာတာကတော့ နောက်ကျနေတာဟာ သွေးရိုးသားရိုး မဟုတ်တာ ပေါ်လွင်နေပါတယ်။
အစည်းအဝေးဖိတ်ထားခြင်းအတူတူ ၀ က အစိုးရမို့လို့ သွားတာလား၊ မိမိကိုယ်ကို ယုံကြည်မှူ ဓါတ်ခံနည်းနေလို့ ဦးခူးရယ်တို့နဲ့ လိုက်မလာရဲတာလား မေးလိုပါတယ်။ ခရိုင်းမီးယားဆိုတဲ့ အသံဟာ KIAခေါင်းဆောင်တချို့ရဲ့ မူလကတည်းက ဝမ်ပေါင်အိပ်မက် မက်နေတာမို့ ဒီလမ်းအောင်ရအောင် ထွင်နေတယ်ဆိုတာ သိသာထင်ရှားသွားပါပြီင်္။ ကချင်လူထုကို ဒုက္ခသည်စခန်းမှာ ပစ်ထားကာ ငြိမ်းချမ်းရေးမရလေ ကောင်းလေမို့ မိမိနေရာ အာဏာ လောဘ ချဲ့ထွင်ရရှိရေးအတွက် အဲဒီလို ဆက်လက်ပြုမူမယ်ဆိုရင် သမိုင်းတရားခံဖြစ်သွားပါလိမ့်မယ်။ KIA က အလည်လွန် POWER GAME က ဒေါ်အောင်ဆန်းစုကြည်ရဲ့မေတ္တာစေတနာကို စော်ကားတာကြောင့် မေတ္တာစူးရှ ရောင်ပြန်ဟပ်ကာ မိမိလှည့်လိုက်တဲ့ ဘီးဟာ တပတ်ပြန်လည်ကာ ကိုယ်အတတ်ပြန်စူးပါလိမ့်မယ်။ ဒါ ကြောင့် UNFC က ညီညွှတ်မှုမရှိတော့ဘဲ အခြားအဖွဲ့တွေက ဘယ်လမ်းကို လိုက်ရမလဲဆိုတာ တွေဝေတုန့်ဆိုင်း စိတ်ပျက်ကုန်တယ်လို့ ချင်းမိုင်နယ်စပ်အသိုင်းအဝိုင်းဆီက ကြားသိရပါတယ်။
၃၀။ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang ဆွန်ကောရှန်းနဲ့ မြောက်ပိုင်း
မဟာမိတ်အဖွဲ့ UWSA တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ World Trade Center မှာ မတ်လ ၁၄ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တရုတ် – မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ချနိုင်ဖို့နဲ့ မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးလိုတယ်ဆိုရင် တရုတ်နိုင်ငံက ကြားဝင်ဆက်သွယ်ပေးမှာဖြစ်ကြောင်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ – ၃
(မိုးမခ) မတ် ၂၃၊ ၂၀၁၇
ဘီလူးဆိုင်းတီးသူ ရွာစားကြီး စိန်လဝ UWSA
၃၁။ UWSA က NCA ကို ပြင်းပြင်းထန်ထန်ဝေဖန်သလို ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားများနဲ့ လှည့်တိုက်ပေးတဲ့စာ ထွက်လာရာ ကောက်နှူတ်ဖေါ်ပြပေးလိုက်ပါတယ်-
“ဦးသိန်းစိန်အစိုးရမှ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအထိ တစိုက်မတ်မတ် ဖော်ဆောင်နေ သော NCA ပုဒ်မ များမှာ လွန်စွာတရားမျှတမှုမရှိ” ဟု ထင်မြင်ကြောင်းလည်း UWSA စာတွင်ပါရှိပါတယ်။‘ပြည်ထောင်စုအတွင်း ပြည်တွင်းစစ် တစ်နေ့ထက်တစ်နေ့ ပြန့်ကျဲလာခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၏ စစ်ပွဲပြင်းထန်မှုသည် မြန်မာ့သမိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများထက် ကျော်လွန်လာခဲ့သော ယခုအချိန်၌ အသိဉာဏ် အမြော်အမြင်ရှိကြသော ပုဂ္ဂိုလ်များအနေဖြင့် လက်ရှိ NCA စာချုပ်သည် သေဆုံးခဲ့ပြီဖြစ်၍ ဆက်လက်လျှောက်လှမ်းရန် မဖြစ်နိုင်တော့ဟု မြင်လာကြပါသည်’ ဟု ရေးသားထားပါတယ်။
‘ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စ မည်သို့ဖြေရှင်းရမည်ဆိုသည့် ဦးတည်ချက်နှင့် နည်းလမ်းသစ်ကိုရှာဖွေ၍ လိပ်ခဲတည်းလည်းဖြစ်နေသော အခြေအနေကို ထိုးဖောက်ရန် လိုအပ်လာပါသည်’ ဟုလည်း ဆိုသည်။ UWSA အနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ထံသို့ NCA ၏ အားနည်းချက်များကို ဆန်းစစ်ကာ နိုင်ငံရေးဖြေရှင်းသော နည်းလမ်းသစ်များ တင်ပြခဲ့သော်လည်း NCA ကိုသာ ဆက်လက်ဖော် ဆောင်နေသောကြောင့် ၎င်းအား ထောက်ခံမှုကျဆင်းလာကြောင်းလည်း ပါရှိသည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပန်ခမ်းအစည်း အဝေး၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပြီး အစည်းအဝေးမှ ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီနှင့် လက်တွဲကာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစ်ဖန်ပြန်လည်ဖော်ဆောင် မည်ဆိုပါက ထောက်ခံမှု ပြန်လည်ခံယူရရှိနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ‘၀’ အဖွဲ့စာတွင် ပါရှိပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက် အထိ ကျင်းပသည့် ပန်ခမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးခေါင်းဆောင်အစည်းအဝေး ထုတ်ပြန်ကြေညာချက်သည် ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေးအရ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှု အခက်အခဲများကို ဖြေရှင်းရန်ဖြစ်သည်ဟု UWSA က ဆိုသည်။ အဆိုပါ အစည်အဝေးသတင်းထုတ်ပြန်ကြေညာချက်ကို မီဒီယာများ၊ အစိုးရနှင့် တပ်မတော်တို့ဘက်က ပြင်းထန်သည့် တုံ့ပြန်ချက်များပေါ်ပေါက်ခဲ့သည် ဟုလည်း ရေးသားထားပါတယ်။ ပန်ခမ်း ထိပ်သီးအစည်းအဝေးတွင် အရေးကြီးသည် သဘောတူညီချက် ကိုးချက်ရရှိပြီး ယင်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသောဗျူဟာသစ်အဖြစ် ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့သို့ ဆက်လက်ဖော်ဆောင်ရန် ဖြစ်သည်ဟု ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်ရေးမဟာမိတ်ဖွဲ့ ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်ထောင်စုအစိုးရနှင့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်တော်လှန်မည် စသည့် ပြောကြားမှုများနှင့် သတင်းတင်ဆက်မှုများသည် ပန်ခမ်းထိပ်သီးအစည်းအဝေး၏ နိုင်ငံရေးရပ်တည်ချက်များကို ကိုယ်စားမပြုနိုင်ဘဲ အစည်းအဝေး အပေါ် အထင်အမြင်လွဲမှားမှုသာ ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။
ပန်ခမ်းအစည်းအဝေး သတင်းထုတ်ပြန်ချက်သည် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို ငြင်းပယ်ခြင်း မဟုတ်၍ တပ်မတော်နှင့်အစိုးရ တို့က အစည်းအဝေးကြေညာ ချက်ကို မည်သို့ပင်သဘောမကျ သည်ဖြစ်စေ အပြုသဘောဆောင် သော နိုင်ငံရေးသဘောထားဖြင့် နိုင်ငံတော်၏ ယဉ်ကျေးမှုသိက္ခာ ကို ဖော်ပြသင့်ကြောင်း ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) က သတင်းထုတ်ပြန်ပါတယ်။
၃၂။ ၀ ကနိုင်ငံတော်၏ယဉ်ကျေးမှုသိက္ခာကို ဖော်ပြသင့်တယ်လို့ ဆိုရင်- ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်သားတွေက ထောက်ခံမှူကျဆင်းတယ်လို့ စွပ်စွဲထားရာ ဒါဆိုရင် ဘယ်ပေတံနဲ့တိုင်းပါသလဲ?၊ အခြားတိုင်းရင်းသားပါတီကြီးက ခေါင်းဆောင်တစ်ဦးရဲ့စကားကို ယူသုံးတာလား၊ သံသယဖြစ်မိပါတယ်။ ဒေါ်စုကို ထောက်ခံမှုကျဆင်းနေတာဟာ ၀ နယ်က ဆိုရင် မှန်ကောင်း မှန်နိုင်ပေမဲ့ ဒါတောင် ယခင်ရွေးကောက်ပွဲတွေကို ၀ နယ်မှာ ဘာလို့လွတ်လပ်စွာပေး မလုပ်ရဲရတာလဲ ဆိုတာမေးလိုပါတယ်။ ဒီမိုကရေစီဆိုတာနဲ့ လက်နက်ကိုင် အာဏာရှင်ဆိုတာ ပြဒါးတလမ်းသံတလမ်းဆိုတာ သဘောပေါက်ပုံမပေါ်သေးရင် ဒီမိုကရေစီအနှစ်သာရကို လေ့လာဖို့ လိုအပ်ပါသေးတယ်။။ ၂၁ ပင်လုံ ညီလာခံမှာ နေရာချထားရေး အဆင်မပြေတာလေးကိုဘဲ ကောက်ခါငင်ခါ ထွက်သွားတာကိုလည်း နိုင်ငံရေးယဉ်ကျေးမှုတခုတီထွင်ပြီး လုပ်ပြနေတာလား မသိပါ။
၃၃။ ထိပ်သီးတွေတက်ရမည့် ၂၁ပင်လုံညီလာခံကို မိုင်းလားက တက်ပြီး ဝ က မြို့နယ်အဆင့်ရှိသူကိုသာ တမင်ရွေး ပြီးတက်ခိုင်းတာက နှိမ်တဲ့ချိုးတဲ့လုပ်ရပ်က ဝ ရဲ့ ယဉ်ကျေးမှုအသစ်လို့ ခေါ်ရမလား။ ဦးသိန်းစိန်လက်ထက်က နေမကောင်းချင်ယောင်ဆောင်နေရာ ရဟတ်ယာဉ်နဲ့ ညီလာခံကိုတက်လို့ရအောင် တကူးတက လုပ်ပေးမယ်ဆိုခဲ့တာတောင် ငြင်းဆန်ခဲ့ပေမဲ့ မိုင်းလားနယ်ကို ၀ ခေါင်းဆောင် သန်သန်မာမာကြီး သွားရောက် ညှိနှိုင်းမှုတွေ လုပ်နေတာမျိုးတွေ၊ လက်ရှိအစိုးရက ဆွေးနွေးဖို့ ဖိတ်ကြားနေတာတောင် နှာစေးသလိုနေတာ စတဲ့ပြုမူဆောင်ရွက်ချက်တွေဟာ တန်းတူရည်တူလိုတယ်လို့ အပြောတမျိုး၊ အလုပ်တမျိုး မညီတဲ့ ဝ ခေါင်းဆောင်တွေရဲ့ မောက်မာတဲ့အသွင်စရိုက်လက္ခဏာလို့ဘဲ သတ်မှတ်ရမလို ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံလူထုအများစု (တိုင်းရင်သားများကပါ) က ဝ ဟာ ဝ ပီပီ လူပါးကို ဝ တယ်လို့ ပြောနေကြတာမျိုး မကြားလိုလို့ ပြောရတာဖြစ်ပါတယ်။
၃၄။ တခြားတိုင်းရင်းသားတွေထက် အခွင့်အရေး ပိုရတဲ့ဝတွေဟာ ဦးခင့်ညွန့်အားကိုးနဲ့ မြန်မာနိုင်ငံရဲ့သယံဇာတ၊ ဖုန်း၊ ကားပါမစ်ကအစ စီးပွားရေးအခွင့်အလမ်းသိမ်းကျုံးယူကာ သူတို့ကျတော့ မြိုတော်တွေ ချောင်းပေါက်မတတ် သွားးပြီး သူတို့နယ်မြေထဲ အစိုးရ၀န်ထမ်းတွေလာမယ်လုပ်တော့ ကန့်သတ်ချက်တွေနဲ့ ချုပ်ချယ်ထားတာတွေ ရှိတာမို့ တန်းတူရည်တူဆိုတာ အဲဒါကို ပြောတာလားလို့ ၀ ခေါင်းဆောင်တွေကို မေးလိုပါတယ်။ လိုရင်းပြောရရင် ၀ တွေဟာ နိုင်ငံရေးပါး မ၀သေးဖူးလို့ ပြောရပါမယ်။ ယခုတလောကြေညာချက်တွေဟာ နိုင်ငံရေးသုတေသီတစ်ဦးကိုအကြံပေးအဖြစ် အငှားစကားလုံးတွေလား ဒါမှမဟုတ် နောက်ကွယ်မှ နိုင်ငံရေးယဉ်ကျေးမှုရင့်ကျက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ အာဘော်တွေပါနေဟန်တူပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတဟောင်းဦးသိန်းစိန်က NCA လက်မှတ်ထိုးခိုင်းတော့ သူတို့က အနောက်နိုင်ငံတွေပါလို့ ယူနန်ပြည်နယ်က မထိုးခိုင်းဖူးဆိုပြီး ပေါ်တင်ကြီးထုတ်ပြန်ခဲ့ဖူးရာ နိုင်ငံရေးအသုံးအနူံးမကျွမ်းကျင်မှန်း သိသာလှပါတယ်။ နောက်တခုက ယခုပန်ဆန်းကြေညာချက်ထဲမှာ တရုတ်အကျိုးစီးပွါးပါဝင်နေရာ (တရုတ်ပြည်၏ ပိုးလမ်းမစီမံကိန်းတွေအကြောင်း) တရုတ်ကွန်မြူနစ်ပါတီက လွမ်းမိုးနေပြီလားလို့ မေးစရာဖြစ်ပါတယ်။
၃၅။ ၀ တွေကို သတိပေးချင်တာက ဗကပ ကို နာကျည်းလို့ ပုန်ကန်ခဲ့ပြီးပြီ၊ ကိုယ့်ကျိုးစီးပွားနဲ့ပတ်သက်
လာရင် တပည့်ဗကပကို ရက်ရက်စက်စက် ပစ်ခွာခဲ့တဲ့ တရုတ်တို့ရဲ့ သမိုင်းစာမျက်နာ မှင်မချောက်သေးဖူးဆိုတာ သတိရစေလိုပါတယ်။ NCA စာချုပ်ကို မကောင်းဖူးလို့ လက်ညှိးထိုးနေရင် ဝ ဆွဲတဲ့ စာချုပ်က ဘယ်မှာလဲ၊ တရုတ်က ရေးဆွဲနေမှာလား၊ ဘုံပျောက်တော့မည့် မြောက်ပိုင်းအဖွဲ့တွေက ကန့်လန့်ကာနောက်ကွယ်က ရေးပေးတာကို ဖတ်ပြမှာလား။ KIA ဒါရိုက်တာကြီးရဲ့အစီအမံလား မေးချင်ပါတယ်၊ NCA စတင်ကတည်းက တက်ရောက်လေ့လာသင့်ပြီး သဘောမတွေ့ပါက ကန့်ကွက်ဆွေးနွေးလို့ရလျှက်သားနဲ့ အခုညီလာခံက အရှိန်ရပြီးလုပ်နေတာကို မျက်ကွယ်ပြုပြီး သေသွားပြီ … ဒီစာချုပ်အချက်တွေက လွန်စွာ တရားမျှတမှုမရှိဖူးလို့ မျက်စိပိတ်အော်နေတာကျတော့ ဆွေးနွေးပွဲစကားဝိုင်းမလိုလားသလို နိုင်ငံရေးရင့်ကျက်မှု မရှိတာပေါ်လွင်နေပါတယ်။
၃၆။ ယနေ့ မီဒီယာအချို့မှာ ပန်ဆန်း (ပန်ခမ်း) စာချုပ်ကို ကြိုဆိုဖို့ လော်ဘီလုပ်နေတဲ့ စာရေးဆရာများဟာ မိမိလိုင်းတင်မည့် ဝနဲ့ အပေါင်းအပါ ခေါင်းဆောင်တွေရဲ့သမိုင်းကြောင်းလှ၊ မလှဆန်းစစ်ပြီးမှ ထောက်ခံချက်ရေးသင့်ပါတယ်။ မူးယစ်ဆေးဝါးရာဇာကြီးလား၊ အာဏာရှင်ကြီးလား၊ တရုတ်သြဇာခံလား၊ ယခင်စစ်အာဏာရှင်နဲ့ ပေါင်းစားခဲ့တဲ့သူတွေလား၊ သူတို့တိုင်းရင်းသား လူထုအတွက် ဘယ်လောက်ကောင်းအောင် အနစ်နာခံလုပ်ခဲ့ပြီးလဲ။ နှစ်နိုင်ငံမှတ်ပုံတင် ကိုင်သူတွေလား ၊ သူတို့သားသမီးတွေ နိုင်ငံခြားမှာ ကျောင်းတက်ကာ ချမ်းသာသူတွေလား၊ လေ့လာဖို့လိုသလို ပြည်ထောင်စုပြိုကွဲတာကို အားပေးချင်လို့၊ ဒို့တာဝန်အရေး ၃ ပါးနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရောကြိတ်ရုံတင် အားမရဘဲ မဆီမဆိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံတကာကပါ ရေးဆွဲအသိအမှတ်ပြုထားတဲ့ NCA ကိုပါ ထွက်ပေါက် ပိတ်တယ်ဆိုပြီး အဖျားခတ် မရေးသားဖို့ တိုက်တွန်းလိုပါတယ်။
၃၇။ UWSA ကို သတိပေးချင်တာက မိမိအင်အားတောင့်တယ်ဆိုတိုင်း မာန်မာနနဲ့ ကန့်လန့်တိုက်မယ် ဆိုရင် မှားပါလိမ့်မယ်။ လူအင်အားအဓိကမကျဘဲ နည်းပညာနဲ့ လက်နက်ဆန်းတွေနဲ့ ပြည်သူလူထု ထောက်ခံမှုက စစ်ပွဲအဆုံးအဖြတ်ပေးပါတယ်။ တပ်မတော်ကသုံးနေတဲ့ လက်နက်တွေဟာ တိုင်းရင်းသားတွေ၊ အချင်းချင်းမို့ သက်ညှာနေတာ သဘောပေါက်စေလိုတယ်။ တရုတ်လက်နက်တွေထုတ် သုံးလာရင် အင်အားပြင်းတဲ့ လက်နက်သုံးဖို့ အဆင့်သင့်ဘဲဆိုတာ သတင်းရထားပါတယ်။ ၀ ကစပြီး မတိုက်တာသိပေမဲ့ ဖုန်ကြားရှင်လို လူမျိုးကို ဖမ်းဆီးဖို့ တားဆီးလာရင် ဝေရှောက်ခန်းတို့ကံကြမ္မာကို တာဝန်ယူတော့မှာ မဟုတ်ဖူးဆိုတာ သိစေလိုပါတယ်။
၃၈။ ယနေ့ဒေါ်အောင်ဆန်းစုကြည်ကို ၀ က ဘယ်လိုဘဲ ထောက်ခံမှူ ကျဆင်းတယ် ပြောပေမဲ့ တိုင်းရင်းသား ရိုးသားကြောက်ရွံမှူကို အသုံးချကာ သူပုန်ခေါင်းဆောင်များက သွေးထိုးလှုံဆော်မှုစနက် အနည်းနဲ့အများရှိပါတယ်။ သူတို့ကို မီးမောင်းထိုးပြလိုတာက ပြည်တွင်းတိုင်းရင်းသားပါတီကြီးခေါင်းဆောင်တွေက ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လာရင် သူတို့ မဲတွေ ပါကုန်မယ်၊ မလာပါနဲ့လို့ စိုးရိမ်တဲ့အသံကို ကြားမိဟန် မတူကြပါ။ သတ္တိရှိရင် ဝ တပ်နဲ့ခေါင်းဆောင်တွေ ချင်းတောင်တန်းပေါ် ခဏသွားနေကာ ဝ နယ်ရွေးကောက်ပွဲမှာ ဘယ်သူ နိုင်၊ မနိုင် စိန်ခေါ်ကြည့်လိုက်ရအောင်ပါ။ သူတို့ခေါင်းဆောင်ပိုင်း လက်တဆုပ်စာလောက်က သေချာစွာ မဆွေးနွေးသေးဘဲနဲ့ လိုချင်တာမရနိုင်တော့ဖူးအထင်နဲ့ ထင်ရာ မြင်ရာတွေ စွပ်စွဲနေတာ မရင့်ကျက်ဖူးဆိုရပါမယ်။ တရုတ်နောက်မှာ ရှိတယ်ဆိုပြီး ကန့်လန့်တိုက်နေလို့ တရုတ်က တသက်လုံး ရပ်တည်ပေးလိမ့်မယ် ဆိုတဲ့ တွက်ကိန်းမှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီတကြိမ်ခွင့်ပြုတာဟာ နောက်ဆုံးလို့ကြားနေရပြီး တကယ်လို့ အစိုးရက တရုတ်ကို အကျိုးစီးပွါးမက်လုံးနဲ့ စည်းရုံးလိုက်ပါက ဗကပ လမ်းအတိုင်း ဝ လိုက်သွားရကာ တခါတည်း ဇာတ်သိမ်းသွားပါမယ်။
ကန့်လန့်ကာနောက်ကွယ်မှ ရုပ်သေးရုပ်ကြိုးဆွဲသူ တရုတ်
၃၉။ တရုတ်ဟာ မြန်မာ – တရုတ် နယ်စပ်မြောက်ပိုင်းဒေသအခြေအနေကို မျက်ခြည်မပြတ် ဂရုစိုက်နေကြောင်း မြန်မာ့အချင်းပွားဘက်များအနေနှင့် တတ်နိုင်သမျှ သည်းခံစိတ်ထားပြီး တိုက်ပွဲများ အပစ်အခတ်ချက်ချင်းရပ်စဲကာ အချင်းပွားမှုဆက် မပြင်းထန်စေရန် ပန်ကြားကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကိန်ရွှမ်က မတ်လ ၉ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
MNDAA ၁၀၀ ခန့် မော်တော်ယာဉ် ၁၀ စီးဖြင့် အရပ်ဝတ်များဝတ်ဆင်ကာ တရုတ်နိုင်ငံ နမ်စန်မြို့မှ ထွက်ခွာလာကြပြီး BP 137 နေရာမှတဆင့် မိမိနယ်မြေအတွင်း စိမ့်ဝင်နေကြောင်း … နံမည်ကြီး ရဲကျော်သူရ ဖေ့ဘုတ်မှာ သက်ဦးကရေးထားတဲ့ ဖြစ်စဉ်မျိုး အများကြီးရှိနိုင်ပါတယ်။ ဒါဆိုရင် တရုတ်က ကြိုတင်သိနေလို့ ဝင်ထွက်ရမည့် ဂိတ်ကို သတ်မှတ်ပေးနေတာလား၊ မလုပ်ဖို့ တားဆီးရမည့်ဝတ္တရား တရုတ်အစိုးရမှာ မရှိတော့ဖူးလား၊ ယူဆစရာဖြစ်လာလို့ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးတယ်လို့ စွပ်စွဲရတာ ဖြစ်ပါတယ်။
၄၀။ နယ်စပ်မျဉ်းကို ကျောပေးထိုင်ထားတဲ့ ရန်သူစခန်းတွေကို တပ်မတော်က တိုက်ရင် ဂဏန်းလက်မပုံသာဝိုင်းလို့ တိုက်ခိုက်ရတာမို့ စခန်းများမှာ ထိုင်ထားတဲ့ ရန်သူရဲ့ပွိုင့်ဖိုတ်ကျည်၊စက်လတ်ကျည်၊ မော်တာ၊RPG ကျည်များဟာ နှစ်ပတ်ကျော်တဲ့အထိ ကုန်ခမ်းသွားတာမရှိဘဲ (တန်ချိန် ၁၂တန် ကုန်ပြီး) ဆက်လက်ပစ်ခတ်နိုင်တာဟာ တရုတ်နယ်စပ်မှ ဖြည့်ပေးလို့ဖြစ်ပါတယ်။ ဒီလိုဖြည့်ပေးနိုင်တာဟာ ဖုန်တာရွှင်တာဝန်ပေးချက်အရ ယူနန်ဒေသ အုပ်ချုပ်ရေးတာဝန်ခံတွေနဲ့ အပေးအယူ ရှိတဲ့ ရမ်ကွမ်း (တပ်မဟာ၂၁၁ တပ်မဟာမှူး၊BP127စခန်းကွပ်ကဲနေ) တရုတ်ရဲနဲ့ ပေါင်းပြီး အုပ်ချုပ်ထောက်ပံ့မှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
၄၁။ တရုတ်က မီးစတဖက် ရေမှုတ်တဖက် ကိုင်နေတယ်လို့ ဆောင်းပါးရှင် ဘားတစ်လစ်တနာက ဆိုထားပါတယ်။ ခရိုင်းမီးယားထက်ပိုဆိုးတဲ့ တရုတ်က ဗီယက်နမ်ကို ဝင်တိုက်တဲ့ ဖြစ်စဉ်လိုမျိုးအထိ တပ်မတော်က အဆိုးဆုံး အခြေအနေကို တွက်ထားလောက်ပါတယ်။ မကြားသေးခင် ဗီယက်နမ်နိုင်ငံကို တပ်ချုပ်သွားရောက်လည်ပတ်ခဲ့စဉ်က နိုင်ငံငယ်တွေ ခြိမ်းချောက်ခံနေရသေးတယ်ဆိုတာ ပြောခဲ့တာမို့ တရုတ်ကိုရည်ရွယ်တာလား ဆိုတာ ခန့်မှန်းမိပါတယ်။ အမေရိကန်နဲ့ တရုတ်စစ်တပ်ကို အနိုင်တိုက်နိုင်ခဲ့တဲ့ ဗီယက်နမ်စစ်တပ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း(၁)က ရပ်တည် နေရာယူဆဲဖြစ်ပြီး တရုတ်နဲ့ ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံ ဖလှယ်နိုင်ပါတယ်။ အဲဒီတုံးက ဗီယက်နမ်ဟာ အမေရိကန် sanction ရှိနေလို့ ရုရှားဆီက အကူအညိယူခဲ့ရပြီး တဦးတည်း ခံချခဲ့သူဖြစ်ပါတယ်။
ယခု မြန်မာနိုင်ငံကတော့ အနောက်နိုင်ငံတွေဟာ တပ်မတော်ကို sanction လုပ်ထားခြင်း ဖြစ်စဉ်တူလာနေပေမဲ့ ဥရောပ အီးယူနဲ့ အစ္စရေး၊ ရုရှားတို့ထံမှ အချိန်မရွေး အကူအညီတောင်းခံနိုင်သလို မျိုးချစ်စိတ်ဓါတ်ကြောင့် အရေးကြုံလာရင် ဒေါ်အောင်ဆန်းစုကြည်က အချိန်မရွေး sanction ရုပ်ဖို့ တောင်းဆိုပေးနိုင်ပါတယ်။ လက်ရှိအစိုးရဟာ ဦးသိန်းစိန်အစိုးရမဟုတ်ဘဲ လူထုထောက်ခံတဲ့အစိုးရဆိုတာ တရုတ်သတိပြုရပါမယ်။ တရုတ်ဟာ လက်နက်အင်အား လူအင်အား တောင့်တင်းခိုင်မာတာမှန်ပေမဲ့ မြန်မာလူမျိုးရဲ့ မျိုးချစ်စိတ်ဓါတ်ကို ကျော်လွန်နိုင်မယ် မထင်ပါ။
သမိုင်းကြောင်းအရ သမိန်ဗရမ်း၊ ဆင်ဖြူရှင်လက်ထက်မှသည် တရုတ်စစ်သားများ ပါဝင်ခဲ့တဲ့ ကွမ်းလုံရက်၄၀၊ စီစီဝမ် တာဖန်တိုက်ပွဲကြီးတွေအထိ တရုတ်က တခါမှ တပ်မတော်ကို အနိုင်ရတဲ့ ဖြစ်စဉ် လောက်လောက်လားလား မရှိခဲ့ပါ။ ဗီယက်နမ်နိုင်ငံမှာ တရုတ်အကျိုးစီးးပွါးကို လက်မခံတော့ဘဲ တရုတ်လူမျိုးများကို မောင်းထုတ်ကြရမှာ လေယာဉ်နဲ့ပြန်ပို့ခံရတုံးက ဒဏ်ရာတွေနဲ့ဆင်းလာတဲ့ ဖြစ်စဉ်ကို သင်ခန်းစာယူသင့်ပြီး မြန်မာနိုင်ငံအတွင်း တရုတ်အကျိုးစီးပွါး သုညအထိ မရောက်သွားအောင် မြန်မာစကားပုံ အရ ဘယ်သူ့မပြု ၊ မိမိ(တရုတ်) မှု အတိုင်း သတိထားဆင်ခြင်သင့်ပါတယ်။
၄၂။ နိုင်ငံတကာဖြစ်စဉ်တခုမှာ တရုတ်က ပြိုင်ဖက် ဂျပန်ကို မီးစတဖက်၊ ရေမှုတ်တဖက် ကစားချင်တာနဲ့
မြောက်ကိုးရီးယားကို ဒုံးတွေစမ်းသပ်နေတာကို မသိချင်ယောင်ဆောင်ပေးနေရာမှ အမေရိကန်က တရုတ်တွေ ကြောက်နေတဲ့ ပက်ထရစ်ရော့ ဒုံးခွင်းဒုံးကွန်ယက် လက်တွေ့ချလာမယ် လုပ်တော့မှ တရုတ်က မြောက်ကိုရီးယားကို ဒုံးအပစ်ရပ်ပါလို့ လေသံပြောင်းလာပါတော့တယ်။
ယခုလည်း UWSA က တိုက်ပွဲတွေမှာ ပါလာရင် တော့ အမေရိကန် စစ်သင်္ဘောတွေကို ရန်ကုန်ကို အလည်အပတ် ခေါ်ရမလိုဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရ တက်ခါစက တရုတ်နိုင်ငံခြားရေးဝန်ကြီးက လာဖိအားပေးတာကို ရုရှားဖျက်သင်္ဘောကြီးတွေ ချက်ခြင်းရောက်လာတဲ့ ဖြစ်စဉ်အား အမှတ်တရ ဖြစ်စေလိုပါတယ်။ ဆောင်းပါးအချောသတ်နေစဉ်မှာပင် အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေး စစ်သင်္ဘောကြီး USNS Fall River ဟာ(မတ်လ ၂၁ ရက်) မှာ ရန်ကုန်ဆိပ်ကမ်းသို့ တရားဝင်ချစ်ကြည် ရေးခရီးစဉ် ဆိုက်ကပ်ရောက်ရှိ လာခဲ့ပါတယ်။
အရှည်ပေပေါင်း ၃၃၇ ကျော်ရှိတဲ့ ဖောလ်ရေးဗား (တီ-အီး ပီအက်ဖ်-၄) စစ်သင်္ဘောကြီးဟာ အမေရိကန်ရေတပ် သင်္ဘောတစ်စီးအနေနဲ့ မြန်မာဆိပ်ကမ်း သို့ ပထမဆုံးအကြိမ် ၅ ရက်ကြာ လာရောက်လည်ပတ်သော တရားဝင်ခရီး စဉ်ဖြစ်ပြီး ပစိဖိတ် မိတ်ဖက်မှုကို ‘လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီနှင့် ဘေးအန္တာရာယ် ကယ်ဆယ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်မှုမစ်ရှင်’ တစ်ခုအဖြစ် သတ်မှတ်ထားပေမဲ့ တရုတ်ကို တန်ပြန်သော အမေရိကန်၏ ‘ဝေဟင်-ရေပြင် တိုက်ပွဲ’ စီမံကိန်းများ၏ အခရာ ဖြစ်တဲ့ အမေရိကန်အမှတ် (၇) ရေတပ်သင်္ဘောမှာ ပစိဖိတ်မိတ်ဖက်မှုအစီအစဉ်မှာ ပါဝင်ပါတယ်။ ဒီစစ်သင်္ဘောကြီးဟာ ပို့ဆောင်ရေးသင်္ဘောဖြစ်တာနဲ့အညီ အမြန် Speedနဲ့ သွားလို့ရတာကြောင့် မြန်မာက အရေးပေါ်လိုအပ်ခဲ့ရင် လက်နက်ခဲယမ်းရိက္ခာပို့နိုင်ဖို့ ရေလမ်းကြောင်းတပါတည်း ကြည့်ရှူသွားနိုင်ပါတယ်။
၄၃။ တိုက်တိုက်ဆိုင်ဆိုင်လား၊ Power Game ကစားတာလား ၊တခုခုတော့ထူးခြားပါတယ်၊အဲ့ဒီ စစ်သင်္ဘောရောက်တဲ့ မတ်လ ၂၁ ရက်နေ့ တနေ့တည်းမှာပင် တပ်ချုပ်ဟာ တရုတ်သံအမတ်ကြီးကို ခေါ်တွေ့ခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းတို့ (မြောက်ပိုင်းအဖွဲ့ကိုဆိုလို) စစ်ရေးအရ အခြေအနေ ဖန်တီးနိုင်ခွင့် မရှိစေရန် ပူးပေါင်းဆောင်ရွက်ရေးတို့အား တပ်ချုပ်က ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာ-တရုတ်နယ်စပ်ကိစ္စရပ်များကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြား၍ လက်ရှိလောက်ကိုင် ဒေသဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေမှုအခြေအနေများ၊ နှစ်ဦးနှစ်ဖက်လုပ်ဆောင်နေမှုအခြေအနေများ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
မျိုးချစ်တပ်မတော်အရာရှိတစ်ဦးက အမေရိကန်စစ်သင်္ဘောရောက်ချိန်နဲ့ကိုက်ကာ power ပြထားပြီး မြောက်ပိုင်းအဖွဲ့ဟာ တရုတ်နယ်စပ်ကို အမှီပြုကာ စစ်ရေးအရတိုက်ကွက်ဖေါ်တာ ခွင့်မပြုဖို့ ပူးပေါင်းဆောင်ရွက်ရန်နဲ့ ယူနန်ပြည်နယ်က ပံ့ပိုးပေးနေမှူများကို ဗဟိုအစိုးရသိအောင် ပြောနေဟန်တူပြီး မှန်ကန်ပါက ဒီလိုပြတ်သားစွာ ပြောဆိုမှူကိုတော့ ကြိုဆိုရမှာ ဖြစ်တယ်လို့ စာရေးသူအား သဘောထားပေးသွားပါတယ်။ တရုတ်ဟာ အာရှမှာ ဗိုလ်ကျတတ်တယ် ဆိုတဲ့ အမေရိကန်သမ္မတဟောင်းအိုဘာမားလက်ထက်က စွပ်စွဲနေသလို မှန်နေသလားမသိတော့ပါ။ တရုတ်ရင်ထဲမှာ ဒီမိုကရေစီအစိုးရကို မလိုလားသူမှန်း ပြည်သူနဲ့တပ်မတော်က သိနှင့်ပြီးဖြစ်ပါတယ်။
၄၄။ ဒါကြောင့်လည်း တရုတ်စီမံကိန်းတွေကို လူထုက စိတ်ကုန်နေကို အစိုးရအဆက်ဆက်က အိမ်နီးချင်း မိတ် မပျက်လိုတဲ့အတွက် ပြည်သူလူထုကို ဖျောင်းဖျနေရတဲ့ အစိုးရရဲ့ စိတ်ဒုက္ခကို နားလည်ပေးသင့်နေပါပြီ၊ တရုတ်အစိုးရဘက်က ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေး ဘယ်လိုပဲ အသံကောင်းဟစ်နေပါစေ၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူ့တပ်မတော်၊ ယူနန်ပြည်နယ်အစိုးရတို့က UWSA နဲ့ MNDAA ၊ KIAတို့ကို တဖက်လှည့်နဲ့ အားပေးနေတာ မြန်မာပြည်သူလူထုက ရိပ်မိနေပြီး မျိုးချစ်စိတ်ဓါတ် ထကြွလာရင် ပြည်တွင်းတရုတ်အကျိုးစီးပွါး ထိခိုက်လာနိုင်ပါတယ်။
“၄။ စာရေးသူက ဒီနေရာမှာ UWSA ဟာ ယခင်ရှေ့တန်းအတွေ့အကြုံများအရ တပ်မတော်ကို ကူညီပေးလို့ သစ္စာရှိသူ၊ ကျေးဇူးသိတတ်သူ၊ ဒီထက်ချဲ့လိုက်ရင် ပြည်ထောင်စုမှ ခွဲမထွက်နိုင်ဖူးလို့ ယူဆချက် ရှိပါတယ်။ ဒါကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ မိတ်ဆွေတစ်ဦးက လက်မခံပါဘူး။ သူ့ဘက်ကမြင်တာ ခရိုင်းမီးယားလို ဦးတည်နေတယ်ဆိုတာ မှန်သွားပြီလို့ ဆိုချင်ပါတယ်။ ကရိုင်းမီးယားလို ဆိုတာက ပြည်ထောင်စုကနေ ပြည်နယ်တွေ အစိတ်စိတ်ကွဲကုန်တာကို ပြောချင်တာပါ။၈။ ဒါကို တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းသတင်းစာကတော့ ခရိုင်းမီးယားလို ရုရှားလို လုပ်မှာမဟုတ်ဖူးလို့ ဆင်ခြေပေးလာပါတယ်။ ဒီဆင်ခြေဟာ မြန်မာစကားပုံအတိုင်း ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတာလား မေးလိုပါတယ်။ ၀နဲ့ အပေါင်းအပါတွေရဲ့ ပန်ဆန်းကြေညာချက်က တိုက်ပွဲကို စတင် ခေါ်နေတာလားဆိုတဲ့ စာရေးသူဆောင်းပါးမှ သတိပေးလို့မှ မကြာသေးခင်ပင် ပြည်သူတွေကို မသနားကြတော့ဘဲ လောက်ကိုင်ကို တိုက်ကွက်ဖေါ်လာပါတော့တယ်။
အခုတော့ ဖေဖော်ဝါရီ ၂၃ ၀ပြည်နယ်က တိုင်းရင်းသားထိပ်သီးညီလာခံကနေ တရုတ်အကျိုးစီးပွားကို ဦးစားပေးဖို့နဲ့ အကျိုးစီးပွားချင်းတူတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အတူတကွ ဘုံသဘောထား ရှိဖို့ ကြေငြာလိုက်ဟာ သက်သေပြချက် ဖြစ်ပါတယ်။
တကယ်တော့ UWSA ဟာ သစ္စာရှိဟန်၊ မင်းသားခေါင်းစွပ်ဘီးလူးဆိုတာ ယခုသူတို့ ထုတ်ပြန်ချက်က သက်သေပြလိုက်ပါတယ်။ UWSAဟာ လူမျိုးကြီးတစ်ရပ်အနေနဲ့ မဖြစ်နိုင်တဲ့ ပြည်နယ်အဆင့်တောင်းဆိုမှု မရနိုင်တော့မှန်း သိလာလို့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းအပေါ် ဆွဲတင်လိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးရေး စတင်ကတည်းက ဖိတ်ကြားလျက်သားနဲ့ လစ်လျုရှုခဲ့သလို လက်မှတ်ထိုးဖို့ တောက်လျောက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့မျှော်နေတဲ့ တရုတ်ကော ဘာလုပ်မှာလဲ၊ တားမှာလား၊ ဒါမှမဟုတ် သိလျက်နဲ့ Power Game ကစားတာလား မေးရပါမယ်။ စေတနာမှန်ရင်တော့ တရုတ်က UWSA ကို တားသင့်ပါတယ်။
UNFC ဘက်ကကော အားလုံးပေါင်းသွားတာ သေချာလား (KNPP ဦးခူးရယ်က ၂၄ရက်နေ့ ထိ ၂၁ပင်လုံလမ်း အတိုင်းသွားမယ်လို့ပြောနေတုံး)
တပ်မတော်ကကော ဘာဆက်လုပ်မှာလဲ။ ငြိမ်းချမ်းရေး မလိုလားတဲ့သဘောထားထုတ်ပြန်လိုက်တဲ့ ၀ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ သူတို့လုပ်ရပ်တွေက တိုက်ပွဲကို စတင် ခေါ်နေတာကို ဘယ်လုံတုန့်ပြန်မှာလဲ၊ ပြည်သူတွေကို မသနားကြတော့ဖူးလား။”