၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အာဏာရယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အစိုးရ၊ လွှတ်တော် အသက်ဝင်လာတာ ၁ နှစ်ပြည့်လာပြီဖြစ်ပေမယ့် နိုင်ငံအတွက် အပြောင်းအလဲ ဘာမှ မလုပ်နိုင်သေးဘူးဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေမှာ တိုင်းပြည်နဲ့ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိတွေကို အန်အယ်လ်ဒီ အစိုးရ ဖြစ်လာချိန်မှာ အကောင်အထည်ဖော်နိုင်ပြီလား ဆိုတာကို သုံးသပ်တင်ပြသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဝင် ကတိကဝတ် ၃ ခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းပြည်ကို ပေးခဲ့တဲ့ ရွေးကောက်ပွဲဝင် ကတိက၀တ် ၃ ခုရှိခဲ့ပါတယ်။ အဲဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးပါပဲ။ အန်အယ်လ်ဒီ အစိုးရနဲ့ လွှတ်တော်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင် ကတိက၀တ် ၃ ခုကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပေမယ့်လည်း အရာမထင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပြည်တွင်း