Skip to main content

Rohingya Muslim Group

ထို့ပြင် ယင်း Viber Group တွင် ပါဝင်သူများသည် ယုံကြည်ချက် အစွန်းရောက်သူများဖြစ်ကြပြီး အဆိုပါ Viber Group တွင် အစိုးရကို တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်နှင့် ၎င်းဒေသရှိ တရားမ၀င် ၀င်ရောက်နေထိုင်သူ မူဆလင်များ နိုင်ငံသားဖြစ်ရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
အဆိုပါ Rohingya Muslim Group သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်ဖွဲ့စည်းထားသော ရိုဟင်ဂျာအာ ရေဗွီးရှင်းသတင်းဌာနနှင့်
ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ထားပြီး နိုင်ငံတကာရှိ အစ္စလာမ် အစွန်းရောက်များထံမှ လိုအပ်သော အကူအညီများရရှိရေးအတွက် အဆက်အသွယ် ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လမှ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားသည်အထိ ပြည်ပမှငွေကြေး အကူအညီများ လွှဲပြောင်းပေးအပ်မှုများအား Viber group မှတစ်ဆင့် အကြောင်းကြား အသိပေးလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့သည်

Comments