Skip to main content

ဒေါ်လာဈေးမြင့်တက်ရသည့် အကြောင်းရင်းများတွင်

 ဒေါ်လာဈေးမြင့်တက်ရသည့် အကြောင်းရင်းများတွင်Re-export ရငွေများ ပြည်တွင်းသို့ ပြန်မ၀င်ခြင်း၊ ပို့ကုန်ရငွေအချို့ကို ပြည်ပတွင်ထားရှိခြင်း၊ နိုင်ငံခြားငွေများကို စာရင်းပြောင်းနည်းဖြင့် ရောင်းခြင်း၊ ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ငွေပေးချေမှုများခြင်း သုံးသပ်

No automatic alt text available.

လက်ရှိကာလတွင် နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်လျက်ရှိပြီး ဒေါ်လာဈေးမြင့်တက်ရသည့် အကြောင်းရင်းများတွင် Re-export ရငွေများ ပြည်တွင်းသို့ပြန်မ၀င်ခြင်း၊ ပို့ကုန်ရငွေအချို့ကို ပြည်ပတွင်ထားရှိခြင်း၊ နိုင်ငံခြားငွေများကို စာရင်းပြောင်းနည်းဖြင့် ရောင်းခြင်း၊ ပို့ကုန်သွင်းကုန်ပမာဏ အလျှော့အတင်းပြုလုပ်ခြင်း၊ ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ငွေပေးချေမှုများခြင်း စသည်တို့ပါဝင်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်၊ ငွေရေးကြေးရေး ကြပ်မတ်ကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြသော ၎င်း၏ဆောင်းပါးတွင် ထည့်သွင်းသုံးသပ်ခဲ့သည်။

ယခုအချိန်တွင် အခြားငွေကြေးများနည်းတူ မြန်မာကျပ်ငွေသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကျဆင်းလျက်ရှိပြီး ကုန်သွယ်မှုကဏ္ဍတွင် သွင်းကုန်ပမာဏက ပို့ကုန်ပမာဏထက် ပိုမိုများပြားပြီး ကုန်သွယ်ရေးလိုငွေပြမှု ကာလကြာရှည်စွာ ဖြစ်ပေါ်နေမှုကြောင့် ဒေါ်လာဝယ်လိုအား မြင့်တက်စေပြီး နိုင်ငံ့ငွေတန်ဖိုးကို ကျဆင်းစေကြောင်းသိရသည်။
လက်ရှိအခြေအနေအရ နိုင်ငံခြားငွေ စီးဝင်မှုများအေးနေချိန်၌ သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် ပိုမိုများပြားနေသည့်အပြင် သွင်းကုန်ပစ္စည်းများအနက် စက်သုံးဆီ၊ သကြား စသည်တို့ကို Re-export အဖြစ် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။ ယင်းကုန်ပစ္စည်းများ တင်သွင်းသည့်အတွက် နိုင်ငံခြားငွေများ ပြည်ပသို့စီးထွက်သွားသော်လည်း Re-export ပြုလုပ်ရာတွင် တရားဝင်လမ်းကြောင်းက အမေရိကန်ဒေါ်လာ ပြန်လည်ဝင်ရောက်ခြင်းမရှိဘဲ တရုတ်ယွမ်နှင့် ကျပ်ငွေတို့သာ ပြန်လည်ရရှိသောကြောင့် အဆိုပါအချက်သည် ပြည်တွင်း၌ ဒေါ်လာအပေါ် ၀ယ်လိုအားမြင့်တက်စေခြင်း တစ်ရပ်ဖြစ်ကြောင်း ၎င်းကထောက်ပြသည်။
ထို့ပြင် မြန်မာဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများသည် ၎င်းတို့၏ဘဏ်စာရင်းမှ နိုင်ငံခြားငွေများကို ဘဏ်သို့ပြန်လည်မရောင်းချဘဲ နိုင်ငံခြားငွေလိုအပ်သူများကို စာရင်းပြောင်းနည်းဖြင့် ရောင်းခွင့်ရှိနေခြင်းကလည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေခြင်း၏ အကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။ ဘဏ်များအနေဖြင့်လည်း ရောင်းဈေး၊ ၀ယ်ဈေးကွာဟမှုကို ပိုမိုကွာဟထားသည့်အတွက် ဘဏ်များသို့နိုင်ငံခြားငွေ ပြန်လည်ရောင်းချရန် စိတ်ဝင်စားမှုနည်းကြောင်း ဦးဝင်းသော်က သုံးသပ်သည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ပြည်ပဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားရှိကာ ပို့ကုန်သွင်းကုန်ပမာဏများကို အလျှော့အတင်းပြုလုပ်၍ ကုန်အမှာစာများ အတိုးအလျှော့ပြုလုပ်ခြင်း၊ ဟွန်ဒီအရောင်းအ၀ယ်ပြုလုပ်၍ ဒေါ်လာဈေးကစားခြင်းပြုလုပ်သည်ကို တွေ့ရှိရသည်ဟု သိရသည်။
မြန်မာနိုင်ငံ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရပြည်ပတွင် ဘဏ်စာရင်းဖွင့်လှစ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့အတွက် ဗဟိုဘဏ်ထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး ၎င်းတို့၏ နိုင်ငံခြားဘဏ်စာရင်း အသုံးပြုမှုအခြေအနေကိုလည်း ဗဟိုဘဏ်သို့လစဉ် တင်ပြရမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဗဟိုဘဏ်သို့ တင်ပြသတင်းပို့စေခြင်း၊ ပြည်ပရှိနိုင်ငံခြားဘဏ်များတွင် စာရင်းဖွင့်လှစ်ခြင်းအစား ပြည်တွင်းရှိနိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများတွင် စာရင်းဖွင့်လှစ်ရန် တွန်းအားပေးဆောင်ရွက်သင့်သည်ဟု ဖော်ပြထားသည်။ ထိုသို့ ပြည်ပနိုင်ငံခြား ဘဏ်စာရင်းမှ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြင့် နိုင်ငံခြားငွေအပေါ် ရောင်းလိုအားများပြားပြီး ကျပ်ငွေတန်ဖိုးပြန်လည် မြင့်တက်စေနိုင်ကြောင်း သိရသည်။
ထို့အတူ ကျပ်ငွေတန်ဖိုးကျဆင်းစေခြင်း အကြောင်းတစ်ခုမှာ ဒေါ်လာဝယ်လိုအားကို မြင့်တက်စေနိုင်သည့် ပြည်တွင်းပေးချေမှုများတွင် နိုင်ငံခြားငွေဖြင့် လက်ခံမှုပြုနေခြင်းဖြစ်သည်ဟို ဆိုသည်။ ဟိုတယ်၊ စားသောက်ဆိုင်၊ လေယာဉ်လက်မှတ်အေဂျင်စီ၊ နိုင်ငံတကာ စာသင်ကျောင်း စသည်တို့တွင် မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်၍ ပေးချေမှုများ ပြုလုပ်ရမည်ဖြစ်သော်လည်း ဒေါ်လာဖြင့်ပေးချေမှုများ ပြုလုပ်ရသည့်အတွက် ဒေါ်လာအပေါ် ၀ယ်လိုအားမြင့်တက်မှုမှ တစ်ဆင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုများဖြစ် ပေါ်စေခြင်းကြောင့် ကျပ်ငွေဖြင့်ငွေပေးချေသည့်စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းထားသည်။
Writer:
စည်သူအောင်
============
Eleven Media Group
LikeShow more reactions
Comment

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...