Skip to main content

စင်ကာပူက ဒေါ်အောင်ဆန်းစုကြည်အမည်ကို သစ်ခွအမည်ပေးပြီး ဂုဏ်ပြု



စင်ကာပူနိုင်ငံရှိ အမျိုးသားသစ်ခွဥယျာဉ်သို့ လှည့်လည်ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်(WONG MAYE-E/AP)
 စင်ကာပူအစိုးရက မြန်မာနိုင်ငံနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် စပ်မျိုးသစ်ခွကို ပါပီလီယိုနန်ဒမ်ဒေါ်အောင်ဆန်းစုကြည်ဟု အမည်ပေးခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည် အမည်ပေးထားသော သစ်ခွသည် Papilionanda မျိုးစပ်သစ်ခွနှင့် Vanda မျိုးစပ်သစ်ခွနှစ်ခုကိုစပ်၍ ပေးထားခြင်းဖြစ်ပြီး ရှားပါးမျိုး စိတ်များဖြစ်ကာ မြန်မာနိုင်ငံ၌ လည်း ပေါက်ရောက်လေ့ရှိသည်။

 အဆိုပါ စပ်မျိုးသစ်ခွသည် ပန်းခရမ်းရောင်ရှိပြီး တစ်ခိုင်လျှင် ၁၀ ပွင့်  ပွင့်ကာ  သစ်ပင်တွင် ကပ် ပေါက်သည့်  သစ်ကပ်သစ်ခွမျိုး ဖြစ်ပြီး ပန်းပွင့်တစ်ပွင့်၏ အရွယ်အစားသည် ၉ စင်တီမီတာရှိ သည်။

‘‘စင်ကာပူက သူတို့ဥယျာဉ် မှာ အမည်ပေးထားတဲ့သစ်ခွတွေ ကို ရောင်းလေ့မရှိပါဘူး။ အဲဒီလို အမည်ပေးထားတဲ့ သစ်ခွတွေဆို ရင် အပြင်လူက စင်ကာပူဒေါ် လာ ငါးဒေါ်လာပေးပြီးမှ ဝင် ကြည့်ရတာ’’ဟု သစ်ခွပညာရှင် ဒေါက်တာစောလွင်က ပြော ကြားသည်။
   ဒေါ်အောင်ဆန်းစုကြည် အမည်ပေးခဲ့သော  သစ်ခွကို စင် ကာပူ ရုက္ခဗေဒဥယျာဉ်၏ အထူး ဧည့်သည်တော်များ  သွားရောက် ရာ သစ်ခွပြကွက်တွင်  ထားရှိပြီး အဆိုပါသစ်ခွ၏အမည်မှာ  ပါပီ လီယိုနန်ဒမ် ဒေါ်အောင်ဆန်းစု ကြည်ဖြစ်ပြီး စင်ကာပူနိုင်ငံအတွက် မြန်မာအမည်ပေးထားသည့် လေးခုမြောက်သစ်ခွဖြစ်သည်။
မြန်မာအမည်ပေးထားသည့် အခြားသစ်ခွများမှာ ဗိုလ်ချုပ်ကြီး (ဟောင်း)ဦးနေဝင်း၏ဇနီး ဒေါ်ခင် မေသန်း၊ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် သမ္မတဟောင်း ဦးသိန်းစိန်တို့ဖြစ် သည်။
စင်ကာပူနိုင်ငံသို့ နိုင်ငံတော် အဆင့် လာရောက်လည်ပတ်သူ ဥယျာဉ်သို့ရောက်ရှိချိန်တွင် ပွင့် သောပန်းကို အမည်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်းသည် ၁၉၅၆ခုနှစ် မှစတင်ကာ စင်ကာပူအစိုးရ၏ သံတမန်ရေးရာ စီမံဆောင်ရွက် မှုဖြစ်ပြီး မျိုးစပ်သစ်ခွများ အမည် ပေးခြင်းကို  ပန်းပွင့်ချိန်နှင့် ကြုံ ကြိုက်သူများအား   ပေးခြင်းဖြစ် သည်။
စင်ကာပူအစိုးရက အမည် ပေးခဲ့သည့် စပ်မျိုးသစ်ခွသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုအမည်ပေးခဲ့သည့် ဒုတိယ မြောက် သစ်ခွဖြစ်သည်။
  ပထမ စပ်မျိုးသစ်ခွကို သြစတြေးလျနိုင်ငံဖွားတစ်ဦးက ဒေါ် အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ်အတွင်း အမည်ပေးခဲ့ပြီး ယင်းသစ်ခွကို လန်ဒန်အခြေစိုက် ကျု့အမျိုးသား ဥယျာဉ်တွင် ထိန်းသိမ်းထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် မှတ်ပုံတင်ထားသည့် သစ်ခွ သည် Phalaenopsis Nasewis နှင့် Doritaenopsis Gerd Rolke မျိုးစိတ်နှစ်ခုကို မျိုးစပ်ထားသည့် သစ်ခွဖြစ်သည်။
Doritaenopsis အောင်ဆန်းစုကြည်အမည်ဖြင့် မှတ်ပုံတင် ထားသည့် မျိုးစပ်သစ်ခွသည် မြန် မာနိုင်ငံတွင် မရှိသော မျိုးစိတ် ဖြစ်သည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video