Skip to main content

ဘေးတီးမှုများ နားမယောင်ဘဲ ပြုပြင်သင့်သည်များကို ရဲရဲဝံ့ဝံ့အကြံပြုရန် စင်ကာပူရောက်မြန်မာများအား ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ


စင်ကာပူနိုင်ငံရှိ အမျိုးသားသစ်ခွဥယျာဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် ဂုဏ်ပြုအမည်မှည့်ခေါ်ဆိုထားသော သစ်ခွမျိုးစိတ်သစ်ကို ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − စီအင်န်အေ)


ဘေးတီးမှုများ နား မယောင်ရန်နှင့် ပြုပြင်သင့်သည် များကို အစိုးရအားရဲရဲဝံ့ဝံ့အကြံ ပြုကြရန် စင်ကာပူရောက်မြန်မာ များကို ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁ ရက်တွင် တွေ့ဆုံပွဲ တွင် မေတ္တာရပ်ခံခဲ့သည်။

စင်ကာပူသို့ သုံးရက်ကြာ ရောက်ရှိနေသော ဒေါ်အောင် ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာ ၇,၀၀၀ ခန့်တို့၏ တစ်နာရီ ကြာတွေ့ဆုံပွဲကို Big Box ခန်းမ တွင် ဒီဇင်ဘာ ၁ ရက်က ပြုလုပ် ခဲ့ရာ မြန်မာတစ်ဦးက အစိုးရသစ် ရင်ဆိုင်နေရသည့် အခက်အခဲ များကို ထောက်ပြပြီးဘေးဆိုင်း တီး ဒုက္ခပေးသူများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင် နှင့် ထိုလူများ အောင်မြင်နိုင်သ လား၊ ပြည်သူများက ဘာတွေပြင် ဆင်ထားရန်လိုသလဲ စသည်တို့ ကို မေးမြန်းခဲ့သည်။
‘‘ပထမဦးဆုံးအနေနဲ့ ဘေး ဆိုင်းတွေတီးတယ်ဆိုတာကို သိ တာကိုက ဒါ အကူအညီတစ်ခုပဲ။ နောက်ပြီးတော့ ဘေးဆိုင်းတွေ တီးနေလို့ရှိရင် ကိုယ့်ဆိုင်းလေး လည်း ကိုယ်ပြန်တီးလိုက်ပေါ့။ မှန်ကန်တဲ့။ နောက်ဆုံးကျတော့ နားမယောင်ဖို့ပါပဲ။ ဘယ်သူက ဘာဆိုင်းပဲ တီးတီး ကျွန်မတို့ ပြည် သူ၊ ပြည်သားတွေ နားမယောင် လို့ဆိုလို့ရှိရင် ကျွန်မတို့နားငြီးတာ သာ ရှိလိမ့်မယ်။ တခြား ပြဿနာ တော့ မရှိပါဘူးလို့ ပြောပါရစေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။
တစ်ဆက်တည်းတွင် ၎င်း က ‘‘တစ်ခုတော့ရှိတယ်ပေါ့နော်။ ဘယ်အစိုးရမှ၊ ဘယ်သူမှ အမှား မရှိဘူးဆိုတာ မရှိပါဘူး။ အဲဒီ တော့ အမေတို့ အစိုးရအနေနဲ့ ပြု ပြင်သင့်တာတွေ ရှိလို့ရှိရင်လည်း ရဲရဲဝံ့ဝံ့နဲ့ စေတနာအပြည့်အ၀နဲ့ အကြံပြုကြပါလို့လည်း မေတ္တာ ရပ်ခံချင်ပါတယ်’’ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် စင်ကာပူရောက်မြန်မာများ တာ ၀န်သိသိဖြင့် တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့သည့်အပေါ် ကျေးဇူး တင်ကြောင်း ၎င်းက ပြောကြား သည်။ ယခုအချိန်သည် ညီညွတ်ရန် ပိုမိုလိုသည့်အချိန်ဖြစ်ပြီး မဲ ထည့်ရကျိုးနပ်အောင် ထပ်လုပ်ဖို့ လိုသည့်အချိန်ဖြစ်ကြောင်း၊ နိုင်ငံ သားများ၏ ပူးပေါင်းမှု အရေးကြီး ကြောင်း ပြောကြားခဲ့သည်။
‘‘မြန်မာနိုင်ငံမှာ ဘယ်လိုအ ခြေအနေရောက်နေလဲလို့ ပြောရ ရင် ရုန်းကန်နေရဆဲပါပဲ။ ဆယ်စု နှစ်ပေါင်းများစွာ အခြေခိုင်နေတဲ့ စနစ်တစ်ခုကို ပြောင်းဖို့ မလွယ်ပါ ဘူး’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
အစိုးရအဖွဲ့အုပ်ချုပ်ရေး ယန္တရား အားနည်းနေသည်နှင့် ပတ်သက်၍ ၀န်ထမ်းအကြီးအကဲ များ၏ မပြောင်းလဲသေးသော လာဘ်ပေးလာဘ်ယူခြင်း၊ တာ ၀န်မယူခြင်း၊ တာဝန်မခံခြင်းတို့ကို အရေးယူရန် ပြည်သူများက မျှော် လင့်နေကြောင်း၊ အထူးသဖြင့် အ ငြိမ်းစားပေး၊ အပြစ်ပေး အနား ပေးအစီအစဉ်ကို မည်သည့်နေ့ တွင် ဆောင်ရွက်မည်ကို သိလို ကြောင်း မြန်မာတစ်ဦးက မေး မြန်းခဲ့သည်။
‘‘ကျွန်မကလေ ဖြုတ်ထုတ် သတ်တော့ သိပ်ပြီး ၀ါသနာမပါ ဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့် ကိုယ်ကိုယ် ပြုပြင်နိုင်ဖို့ အခွင့်အ ရေးတော့ရရမယ်။ နှစ်ပေါင်းများ စွာ အကြောင်းကြောင်းကြောင့် ပျက်စီးခဲ့ရတဲ့ အကျင့်စာရိတ္တတွေ ကို နေ့ချင်းညချင်း မပြုပြင်နိုင် ကောင်းလားဆိုပြီးတော့ အပြစ် ပေးတာတော့လည်း သိပ်ပြီးတော့ နားလည်မှုခေါင်းပါးတယ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အခွင့်အ ရေး ကျွန်မတို့ပေးမယ်၊ ပြုပြင်ပိုင် ခွင့် ကျွန်မတို့ ပေးရမယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
လူမှန်နေရာမှန် ရာထူးမှန် တာဝန်ပေးနိုင်ရန် အစိုးရအဖွဲ့အ နေဖြင့် ကြိုးစားနေကြောင်း၊ နံပါတ်(၁)မှာ အဂတိလိုက်စားမှု ကင်းခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။ ဗဟိုနှင့် အထက်ကသာ ဆုံးဖြတ်ရသည်ဆိုသော သတ် မှတ်ချက်များကို ဖြေလျှော့သွား ရန် ဆောင်ရွက်နေပြီဟုလည်း ဆို သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဒီဇင်ဘာ ၁ ရက်နံနက် အစောပိုင်းက စင်ကာပူအကျင့်ပျက် ခြစားမှု စုံစမ်းစစ်ဆေးရေးဗျူရိုသို့သွားရောက်လေ့လာခဲ့သည်။
အစိုးရသစ်သက်တမ်းအ တွင်း အဓိကကိစ္စကြီးနှစ်ရပ်အ ဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုတိုးတက်ရေးကို အလေး ထားပြီး တစ်ပြိုင်နက်တည်း လုပ် ဆောင်နေကြောင်း ရှင်းပြခဲ့သည်။ အ တိုင်းအတာတစ်ခုထိ ကျေနပ် သော်လည်း အပြည့်အ၀ ကျေနပ်မှုမရှိသေးဟု ဆိုသည်။ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိများအတိုင်း ဆက်လက်ကြိုးစားမည်ဟုလည်း အာမခံခဲ့သည်။ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့် အစိုးရဖြစ်ရေး မူအပေါ် သွားနေကြောင်း၊ တိုက်ခိုက်နေသည့် လက်နက်ကိုင်အင်အားစုများအကြားမှာသာမက ပြည်သူ အချင်းချင်းကြားတွင်လည်း ရင် ကြားစေ့မှုရှိရန် လိုကြောင်း ၎င်းက ဆိုသည်။
နယ်စပ်လုံခြုံရေးနှင့် ပတ် သက်၍ ရုပ်ပိုင်းဆိုင်ရာအရ အ ချို့နယ်စပ်များတွင် ခတ်ထား သော ခြံစည်းရိုးမှာ မြင့်သင့်သ လောက် မမြင့်သည်များရှိကြောင်း၊ နိုင်ငံနှင့် ပြည်သူလုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များ လုပ် နိုင်ရန် ဘဏ္ဍာရေးဘက်၌ရော အ ရည်အချင်းအရပါ တတ်နိုင်သမျှ ဦးစားပေးလုပ်မည်ဟုဆိုသည်။ တစ်ဆက်တည်းမှာပင် တရား ဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ အား အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်လျက်ရှိကြောင်း ရှင်းပြခဲ့သည်။ သက်ငယ်မုဒိမ်းမှု များ ပြားစွာဖြစ်ပွားနေခြင်းနှင့်ပတ် သက်၍ ပြစ်မှုကျူးလွန်သူကို ပြစ် ဒဏ်ကြီးမားစွာ ချမှတ်ရုံ၊ ဥပဒေ ထုတ်ရုံဖြင့် မလုံလောက်ဘဲ လူမှု အသိုင်းအ၀ိုင်း၏ အားနည်းချက် များကိုပါ အဘက်ဘက်က သုံး သပ်၍ အမြစ်လှန်ဖြေရှင်းရမည် ဟု ဆိုသည်။
နိုင်ငံကူးလက်မှတ်ပုံစံ ကိုး မျိုးဖြင့် သတ်မှတ်ခြင်းနှင့်ပတ်သက် ၍ သက်တမ်းမကုန်သေးသော နိုင်ငံကူးလက်မှတ်များ အနေဖြင့် လက်ရှိအမျိုးအစားအတိုင်း ဆက် လက်အသုံးပြုနိုင်ကြောင်း၊ လေ ဆိပ်တွင် လာဘ်ပေးလာဘ်ယူ ခြစားမှုမရှိစေရန် လာဘ်စားချင် သူများအား အသိပေးလိုက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စင်ကာပူရောက် မြန်မာများ က မေးမြန်းသော မေးခွန်းခြောက် ခုကို ဖြေကြားပြီးနောက် ဒေါ် အောင်ဆန်းစုကြည်က လိုက်လံ နှုတ်ဆက်ထွက်ခွာစဉ် လေးဖြူ၏ ‘ယုံကြည်ရာ’၊ ခင်မောင်တိုး၏‘ခွန် အားဖြည့်မိငယ်’ သီချင်းများ ဖွင့် ထားခဲ့သည်။ စင်ကာပူရောက် မြန်မာများကလည်း ခန်းမအ တွင်းမှ စည်းကမ်းရှိစွာ ထွက်ခွာခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ၀ါရင့်ဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်နှင့် တွေ့ဆုံခဲ့သ လို ရုက္ခဗေဒဥယျာဉ်၌ စင်ကာပူ နိုင်ငံမှ သစ်ခွပန်းတစ်မျိုးကို ဒေါ် အောင်ဆန်းစုကြည်အမည်ဖြင့် ဂုဏ်ပြုမှည့်ခေါ်ပွဲသို့လည်း တက် ရောက်ခဲ့သည်။ ထို့အပြင် မြန်မာ နိုင်ငံမှ ရှေးဟောင်း အဖိုးတန်မြို့ များနှင့် ဘုရင်များခေါင်းစဉ်ဖြင့် အာရှပြတိုက်၌ သုံးလကြာပြသ မည့် မြန်မာ့ယဉ်ကျေးမှုသမိုင်းပြပွဲ ဖွင့် အခမ်းအနားသို့ တက်ရောက် ခဲ့သည်။

 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video